Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်

0
By Editor on January 22, 2025 Headline

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ခမ်းပါတ်မြို့ကို ယနေ့ (ဇန်နဝါရီလ ၂၂ ရက်) မနက် ၁၀ နာရီ ၆ မိနစ်ချိန်ခန့်မှာ စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခမ်းပါတ်မြို့ အမှတ် (၄) ရပ်ကွက်ထဲသို့ Cluster Bomb သီးများဟု ယူဆရသော ဗုံးများကြဲချခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိ/မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

“လေယာဥ်လာတာ သိလိုက်တယ် မနက် ၁၀ နာရီထိုးပြီးလောက်ကလာတာ ဗုံးကကြဲတာ တစ်ခါထဲဘဲ မြေကြီးပေါ် ရောက်တော့ ၅ ခါလောက်ဆင့်ကွဲတာ ဘာဗုံးလဲတော့မသိဘူး ကျွန်တော်တို့လဲ အနားမကပ်ရဲသေးလို့ အထိအခိုက် ရှိလားမရှိလားဆိုတာ ပြောလို့ မရသေးဘူး” ဟု ခမ်းပါတ်မြို့က အမည်မဖော်လိုသူ ဒေသခံ တစ်ဦးကပြောသည်။

ယခုလက်ရှိမှာလည်း စစ်ကောင်စီ၏ တိုက်ယာဉ်သည် ခမ်းပါတ်မြို့နှင့်အနီးတဝိုက်တွင် ပျံဝဲနေပြီး ပြည်သူများ သတိရှိကြရန်လိုအပ်ကြောင်း ဒေသခံကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်ကလည်း ခမ်းပါတ်မြို့ အမှတ် ၁ ရက်ကွက်နဲ့ မြို့အနီးရှိ ကနန်ကျေးရွာကို စစ်ကောင် စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သုံးနှစ်အရွယ်ကလေးငယ်နဲ့ ပြည်သူ့လုံခြုံရေး ရဲဘော်တစ်ဦး သေဆုံးခဲ့ရပြီး ဒေသခံပြည်သူ တချို့ဒဏ်ရာရရှိခဲ့ကြသည်။

ထို့အပြင် နေအိမ် ၁၆ လုံးခန့်ပျက်စီးခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၂၀ ရက် နှင့် ၂၁ နေ့ကလည်း ခမ်းပါတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်ရှိသွားပြီဟုသိရသည်။

ခမ်းပါတ်မြို့သည် အိန္ဒိယ-မြန်မာ နယ်စပ် ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိသည့် စစ်ရေးအရအချက်အချာကျသောမြို့ဖြစ်ပြီး NUG နဲ့ တော်လှနရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းက NUG အစိုးရက စစ်ကိုင်းတိုင်းဘက်တွင် ရုံးထိုင်တော့မည်ဟု ထုတ်ပြောလာတဲ့နောက်ပိုင်းမှာ စစ်ကောင်စီက ခမ်းပါတ်မြို့ကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.