Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်

0
By Editor on January 22, 2025 Headline

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ခမ်းပါတ်မြို့ကို ယနေ့ (ဇန်နဝါရီလ ၂၂ ရက်) မနက် ၁၀ နာရီ ၆ မိနစ်ချိန်ခန့်မှာ စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခမ်းပါတ်မြို့ အမှတ် (၄) ရပ်ကွက်ထဲသို့ Cluster Bomb သီးများဟု ယူဆရသော ဗုံးများကြဲချခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိ/မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

“လေယာဥ်လာတာ သိလိုက်တယ် မနက် ၁၀ နာရီထိုးပြီးလောက်ကလာတာ ဗုံးကကြဲတာ တစ်ခါထဲဘဲ မြေကြီးပေါ် ရောက်တော့ ၅ ခါလောက်ဆင့်ကွဲတာ ဘာဗုံးလဲတော့မသိဘူး ကျွန်တော်တို့လဲ အနားမကပ်ရဲသေးလို့ အထိအခိုက် ရှိလားမရှိလားဆိုတာ ပြောလို့ မရသေးဘူး” ဟု ခမ်းပါတ်မြို့က အမည်မဖော်လိုသူ ဒေသခံ တစ်ဦးကပြောသည်။

ယခုလက်ရှိမှာလည်း စစ်ကောင်စီ၏ တိုက်ယာဉ်သည် ခမ်းပါတ်မြို့နှင့်အနီးတဝိုက်တွင် ပျံဝဲနေပြီး ပြည်သူများ သတိရှိကြရန်လိုအပ်ကြောင်း ဒေသခံကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်ကလည်း ခမ်းပါတ်မြို့ အမှတ် ၁ ရက်ကွက်နဲ့ မြို့အနီးရှိ ကနန်ကျေးရွာကို စစ်ကောင် စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သုံးနှစ်အရွယ်ကလေးငယ်နဲ့ ပြည်သူ့လုံခြုံရေး ရဲဘော်တစ်ဦး သေဆုံးခဲ့ရပြီး ဒေသခံပြည်သူ တချို့ဒဏ်ရာရရှိခဲ့ကြသည်။

ထို့အပြင် နေအိမ် ၁၆ လုံးခန့်ပျက်စီးခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၂၀ ရက် နှင့် ၂၁ နေ့ကလည်း ခမ်းပါတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်ရှိသွားပြီဟုသိရသည်။

ခမ်းပါတ်မြို့သည် အိန္ဒိယ-မြန်မာ နယ်စပ် ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိသည့် စစ်ရေးအရအချက်အချာကျသောမြို့ဖြစ်ပြီး NUG နဲ့ တော်လှနရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းက NUG အစိုးရက စစ်ကိုင်းတိုင်းဘက်တွင် ရုံးထိုင်တော့မည်ဟု ထုတ်ပြောလာတဲ့နောက်ပိုင်းမှာ စစ်ကောင်စီက ခမ်းပါတ်မြို့ကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.