Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

0
By Editor on June 19, 2025 Headline

(006SV)

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ၄ နှစ်ကျော်ကာလအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၁ ဦး ကျဆုံးခဲ့ပြီး ယင်းအထဲ ၂၉ ဦးသည် မြေမြုပ်မိုင်းကြောင့် ကျဆုံးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် – ICA က ထုတ်ပြန်ကြေညာသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်အထိ ချင်းပြည်နယ်နှင့် ချင်းလူမျိုးများသည် စစ်ကောင်စီတပ်ဖွဲ့များ ကြောင့် သေဆုံးမှု ၁၀၉၉ ဦးအထိ ရှိခဲ့ပြီး ယင်းတို့အထဲ တိုက်ပွဲအတွင်း ကျဆုံးသွားသော တော်လှန်ရေး တပ်ဖွဲ့ဝင်များ အကြောင်းကို ချင်းရေးရာအဖွဲ့ချုပ်က ဇွန်လ ၁၈ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြေမြှုပ်မိုင်းကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၃၀ နီးပါး ကျဆုံးမှုသာမက အရပ်သားပြည်သူ ၅၄ ဦးလည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အရပ်သားနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃၅ ဦးထက်မနည်း ရှိခဲ့သည်ဟု သိရသည်။

“ကျနော်တို့ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူငယ်ချင်းရဲ့ အလောင်းကို ပြန်သွားယူတာ၊ စစ်တပ်က အလောင်းအောက်မှာ မိုင်းထောင် ထားခဲ့တာ၊ ကြိုနဲ့ ဆွဲပေမယ့် ကြိုးက နဲနဲတိုနေတော့ ကျနော်တို့ ၁၀ ယောက်လောက် အကုန် လွင့်စင်ကုန်တာ၊ သေတဲ့ သူလည်းရှိ တယ် ကျနော်နဲ့ သူငယ်ချင်းတယောက်ကတော့ မျက်စိထိပြီး မျက်စိပြန်မမြင်တော့ဘူး” ဟု ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦးက ၎င်း၏ ၂၀၂၁ ခုနှစ် ကိုယ်တွေ့ဖြစ်ရပ်ကို ICA ထံ ပြောပြသည်။

ချင်းတောင်တွင် တောင်ယာစိုက်ပျိုးရေးကို အဓိက ထား၍ လုပ်ကိုင်စားသောက်နေရသော ဒေသဖြစ်သောကြောင့် မိုင်းအန္တာရာယ် ပိုများကြောင်း၊ မိုင်းရှင်းလင်းရေး ပြုလုပ်ရာတွင် မိုင်းကျန်ရစ်ပါက ပြည်သူတွေ အန္တရာယ်ဖြစ်မှာ စိုးရိမ်နေကြသည်ဟု သိရသည်။

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ယူကရိန်းတို့ကို ကျော်လွန်၍ ကမ္ဘာမှာ အများဆုံးဖြစ်လာသည်ဟု International campaign to Ban Landmine (ICBL) က ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်သော အစီရင်ခံစာတွင် ဆိုထားသည်။

“မြေမြှုပ်မိုင်းတစ်ခုက ထောင်ထားပြီးရင် နှစ်ပေါင်း ၅၀လောက်ထိက လုံးဝမပျက်ဘူး၊ ခုနောက်ပိုင်း သုံးလာတဲ့ နင်းမိုင်းတွေက လူကိုတော့ မသေစေဘူး၊ ဒါပေမယ့် ခြေပြတ်လက်ပြတ်တော့ လုံးဝဖြစ်တယ်၊ စစ်ကောင်စီက အလောင်းအောက်မှာ စနစ်တံဖြုတ်ပြီး အလောင်းနှင့် ဖိထားတာတွေ ခဏခဏပြုလုပ်တယ်၊ လက်ပစ်ဗုံးနဲ့ တိုက်မိုင်းတွေက ကျတော့ ပေ ၅၀ ပတ်ဝန်းကျင်အထိကို လူကို ထိခိုက်စေနိုင်တယ်၊ ပေ ၂၀ ထိတော့ လူကို လုံးဝသေစေနိုင်တယ်” ဟု CDM စစ်သား Salai Lian No က ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့သည်လည်း လက်လုပ်မိုင်းများဖြစ်သည့် တိုက်မိုင်း/ ရှော့မိုင်း၊ မြေမြှုပ်မိုင်းများကို အသုံးပြုကြသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ဆိုသည်။

ချင်းပြည်နယ်တွင် မြို့ပေါင်း ၂၀ ရှိရာ ၁၅ မြို့ကို ဒေသခံ တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း လေကြောင်းအန္တရာယ်နှင့် မိုင်းအန္တရာယ်များကြောင့် ဒေသခံများ နေရပ် မပြန်နိုင်ဘဲ ဖြစ်နေသည်ဟု သိရသည်။

မင်းတပ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် မိုင်းရှင်းလင်းရေး ပြုလုပ်ရာ မြေမြှုပ်မိုင်း ၂၀၀၀ ကျော်ကို ရှင်းလင်းဖော်ထုတ်ထားနိုင်ကြောင်း မင်းတပ် ပအဖအဖွဲ့က ဧပြီလထဲမှာ ထုတ်ပြန်သည်။ မတူပီမြို့တွင်လည်း ဒေသအများစုတွင် မိုင်းရှင်းလင်းထားသော်လည်း စစ်ကောင်စီတပ်စခန်းနှင့် အနီးတဝိုက်တွင် မိုင်းများ ကျန်ရှိသေးသည်ဟု သိရသည်။

ချင်းပြည်သူများ၏ အလုပ်အကိုင်များအတွက် မြေမြှုပ်မိုင်းအန္တရာယ်မှ ကင်းဝေးရန် အဖွဲ့အစည်းအသီးသီးမှ မြေမြှုပ်မိုင်း ရှင်းလင်းမှု၊ မိုင်းအန္တရာယ်ပညာပေးမှု၊ တားမြစ်နယ်မြေသတ်မှတ်မှုများ ပိုမိုလုပ်ဆောင်ရန် ချင်းရေးရာအဖွဲ့ချုပ်က တိုက်တွန်းထားသည်။

တော်လှန်‌ရေး ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်နှင့် ချင်းလူမျိုးများအတွင်း သေဆုံးသူ ၁၀၉၉ ဦးရှိခဲ့ရာ ဆန္ဒပြနေစဉ် စစ်ကောင်စီမှ ပစ်ခတ်ခံရ၍ သေဆုံးသူ ၁၀ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၂၈ ဦး၊ လူသားဒိုင်း ပြုလုပ်ခံရ၍ သေဆုံးသူ ၁၁ ဦး၊ ဆေးဝါးမလုံလောက်၍ သေဆုံးသူ ၂၄ ဦး၊ စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်မှုနှင့် မုဒိန်းပြုကျင့်ခံရ၍ သေဆုံးသူ ၆၃ ဦး၊ အကြောင်းမဲ့ ပစ်သတ်ခံရသော အရပ်သားပြည်သူ ၂၀၂ ဦး၊ ဘာသာရေးခေါင်းဆောင် ၁၇ ဦး၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၃ ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၆၁ ဦးတို့ဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.