Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တော်လှန်သင်္ကြန်ပြုလုပ်စဉ် အဖမ်းခံရသူတစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီက မြေထိုးစက်နဲ့ဖြိုဖျက်

တော်လှန်သင်္ကြန်ပြုလုပ်စဉ် အဖမ်းခံရသူတစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီက မြေထိုးစက်နဲ့ဖြိုဖျက်

0
By Editor on April 21, 2023 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြီးခဲ့တဲ့သင်္ကြန်အတက်နေ့တုန်းက တော်လှန်သင်္ကြန်သပိတ်ပြုလုပ်စဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ကလေး ပင်မသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦးရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံခဲ့ရပြီးနောက် သူတို့ထဲက မကျိန်ဒွန့်ကိမ်ရဲ့ နေအိမ်ကို ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က မြေထိုးစက်နဲ့ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်လောက်မှာ ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ ၁၁ မှာရှိတဲ့ မကျိန်ဒိန့်ကိမ်ရဲ့နေအိမ်ကို အင်အား ၃၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပါဂျဲရိုးကား အနက်တစ်စီး၊ စစ်ကား အသေး ၂ စီး၊ စစ်ကား အကြီးတစ်စီး၊ JCB (မြေထိုးစက်) တို့ဖြင့် ရောက်ရှိလာပြီး နေအိမ်ကို ဖြိုချဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံမျက်မြင်တစ်ဦးက ပြောပါတယ်။

“အခု စစ်သားတွေဖျက်ဆီးလိုက်တဲ့ အိမ်က နံကပ် နှစ်ထပ်အိမ်ပေါ့နော်၊ အုတ်စီထားတဲ့အိမ်နော် ကြေမွသွားတာပဲ ယူစရာမရှိဘူး ဒါပေမဲ့ မီးဖိုချောင်ဘက်တော့ ၇ ပေ ၈ပေလောက်ရှိမလား အဲဟာတော့နဲနဲကျန်တယ် ပစ္စည်းတွေကိုလဲ ဘာမှ မသိမ်းခိုင်း မယူခိုင်းဘူး ဒီတိုင်းအိမ်ကိုဖြိုချပြီး ပြန်လှည့်သွားကြတယ်” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

ကျန် ၃ ဦးရဲ့နေအိမ်တွေကိုတော့ စစ်ကောင်စီက ဖြိုဖျက်ခြင်းရှိ/မရှိ မသိရပေ။

ကလေး ပင်မသပိတ်အင်အားစုအဖွဲ့ဝင်တွေဟာ ကလေးမြို့ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ တံတာဦးအနီးမှာ ဧပြီလ ၁၆ ရက်နေ့မွန်းလွဲပိုင်း ၂ နာရီလောက်မှာ တော်လှန်သင်္ကြန် လျှပ်တပြတ်ဆန္ဒဖော်ခဲ့စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ကားနဲ့ရောက်ရှိလာပြီး သူတို့ထဲက ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံနဲ့ ကိုမျိုးကိုဝင်းတို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဖမ်းခံခဲ့ရပြီးနောက် ညနေပိုင်း ၄ နာရီလောက်မှာ သူတို့နေအိမ်အသီးသီး လိုက်ပြခိုင်ပြီး နေအိမ်တွေကိုပါ တခါတည်း ချိပ်ပိတ်ခဲ့သလို အဖမ်းခံရသူထဲက မကျိန်ဒွန့်ကိမ်ရဲ့ မိခင်နဲ့ တူမတော်စပ်သူ မသန်စွမ်းအမျိုးသမီးတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်ခဲ့ပါတယ်။

ဧပြီလ ၁၈ ရက်နေ့မှာတော့ မကျိန်ဒွန့်ကိမ်ရဲ့ တူမတော်စပ်သူ မသန်စွမ်းအမျိုးသမီးကို ပြန်လွှတ်ပေးခဲ့ပေမယ့် မိခင်ဖြစ်သူကိုတော့ ပြန်မလွှတ်ပေးသေးဘူးလို့ သူတို့နဲ့နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးမြို့ သပိတ်အင်အားစုဟာ အဖွဲ့ဝင်တွေ ဖမ်းဆီးခံရပေမဲ့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်မှုတွေကို ဆက်လက်ပြုလုပ်ခဲ့ကြပြီး အာဏာသိမ်းပြီးကတည်းက ယနေ့ချိန်ထိ နေ့စဉ်ဆန္ဒဖော်ထုတ်ခဲ့ကြတာ ခုဆိုရင် ရက်ပေါင်း ၈၀၀ ရှိပြီဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.