Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တွန်းဇံမြို့နယ်တွင် ဒုရဲအုပ်က တပ်သားကို သေနတ်ဖြင့်ပစ်ခတ်

တွန်းဇံမြို့နယ်တွင် ဒုရဲအုပ်က တပ်သားကို သေနတ်ဖြင့်ပစ်ခတ်

0
By Editor on December 16, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်တွင် တာဝန်ထမ်းဆောင်သည့် ဒု-ရဲအုပ်ဟန်ဝင်းအောင်က သူ့လက်အောက်ငယ်သား ရဲတပ်သားတစ်ဦိးကို သေနတ်ဖြင့်ပစ်ခတ်မှု ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အခင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က လုံခြုံရေးဆောင်ရွက်ထားရှိမှု ဇတ်သတ်လေ့ကျင့်ရေးအတွက် သွားရောက်နေစဉ် တွန်းဇံမြို့နယ်၊ ဘပီးအုပ်စု၊ ကျီခါး-ဇမ်ပီးလမ်းခွဲအရောက်တွင် ရဲတပ်သားထန်လျန်းပေါင်ကို ဒုရဲအုပ်ဟန်ဝင်းအောင်က ၎င်းကိုင်ဆောင်သော ခြောက်လုံးပြူးသေနစ်ဖြင့် (၄) ချက်ပစ်ခတ်ခဲ့ပြီး၊ ကျည်ဆံထိမှန်မှုတော့ မရှိခဲ့ကြောင်း သေနတ်ဖြင့်အပစ်ခံရသည့် ရဲတပ်သား ထန်လျန်းပေါင်က ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

“သူက ဟဲ့ကောင် မင်းဝါးတားတားမလုပ်နဲ့နော်ဆိုပြီး ကျနော်လည်း ဟုတ်ကဲ့ဗိုလ်ကြီးဆိုပြီး အဲဒါလေးခါလောက်ပြောတာ အဲဒါနဲ့ ကျနော်လည်း လေးခါငါးခါလောက်ပေါ့ ဗိုလ်ကြီး ကျနော်ဘာအမှားလုပ်လဲဆိုပြီး ကျနော်လည်း ဗမာစကားသိပ်မကျွမ်းဘူးပေါ့နော် ပြောမှားတာလည်း ရှိရင်ရှိအုံးမယ် ကျနော့်ကို နားလည်ပေးပါ ကျနော်ပြန်ပြောတာနဲ့ မင်းဘာဖြစ်လို့ပြန်ပြောတာလဲ မင်းအရာရှိလား ငါ့အရာရှိလား အဲလိုပြောပြီးတော့ သေနတ်နဲ့ပစ်တာလေ၊ ကျနော့်သူငယ်ချင်းတွေရှိလို့
ဗိုလ်ကြီးနဲ့ ၅ ပေလောက်ပဲကွာတာလေ ဘယ်သူမှမတားရင်တော့ ထိကိုထိမှာ’’ ဟု ရဲတပ်သား ထန်လျန်းပေါင်ကပြောသည်။

ဒု-ရဲအုပ်ဟန်ဝင်းအောင်၏ ပစ်ခတ်မှုကြောင့် တပ်သားထန်လျန်းပေါင်သည် ကျည်ဆံထိမှန်ခြင်းမရှိသော်လည်း ဆိုင်ကယ်ခေါင်းအား ထိမှန်ခဲ့သည်ဟုသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရဲတပ်သား ထန်လျန်းပေါင်က အများအဖွဲ့အစည်းရှေ့မှောက်တွင် တပ်ဖွဲ့ဝင်တစ်ဦး၏ ဂုဏ်သိက္ခာထိပါးစေရန်နှင့် အသက်အန္တရာယ်သေစေရန် ကြံရွယ်ချက်ဖြင့် ပစ်ခတ်သည့် ဒုရဲအုပ်ဟန်ဝင်းအောင်အား အရေးယူဆောင်ရွက်ပေးရန် တွန်းဇံမြို့ရဲစခန်းသို့ တိုင်ကြားထားသည်ဟု သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ခိုနူမ်းသုန်သတင်းဌာနမှ သက်ဆိုင်ရာ တွန်းဇံမြို့ ရဲစခန်မှူး ဒုရဲမှူးစိုးဝင်းအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ယင်းကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

(Photos – Phualva Lungtuak Media)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.