Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့နယ်တွင် ပိုးမွေးမြူရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန် ကူညီဆောင်ရွက်မည်

တွန်းဇံမြို့နယ်တွင် ပိုးမွေးမြူရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန် ကူညီဆောင်ရွက်မည်

0
By Editor on September 12, 2019 Headline

By လားနွန် – ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပိုးမွေးမြူးရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန် ပိုးစာပင်စိုက်ခြင်း၊ ပိုးမွေးမြူရေးသင်တန်းများနှင့် ပိုးအိမ်များ ဈေးကွက်ရရှိရေးအတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ကာ ချိတ်ဆက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်ကပြောသည်။

စက်တင်ဘာလ (၁၁) ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တွန်းဇံမြို့နယ် မဲဆန္ဒနယ် ဦးခမ်ခန့်ထန်မှ တွန်းဇံမြို့တွင် ပိုးမွေးမြူရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန် လိုအပ်သည့် အရင်းနှီး၊ နည်းပညာနှင့် ဈေးကွက်များ ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်မှ ထိုသို့ဖြေကြားခြင်းဖြစ်သည်။

“ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းနှင့် ပိုးအိမ်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာငွေရရှိရေးမှုအပေါ်တွင် မူတည်ပြီးတော့ လိုအပ်တဲ့ နည်းပညာပေးပံ့ပိုးမှုလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး၊ ပိုးမွေးမြူရေးသင်တန်းများပေး၍ နည်းပညာများဖြန့်ဖြူးပေးခြင်းနှင့် ယခင်မျိုးများထက် အထွက်နှင့် ရောဂါဒဏ်ခံနိုင်တဲ့ မျိုးပိုးဥများကို ဖြန့်ဖြူးပေးမည်ဖြစ်ပြီး ဒေသလုပ်ငန်းလိုအပ်ချက်နှင့် အညီ ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို သက်ဆိုင်ရာမှ ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး ပိုးအိမ်ဈေးကွက်ရရှိရေးအတွက် ပြည်တွင်းရှိ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်ကပြောသည်။

ချင်းပြည်နယ်အနေဖြင့် ပိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် သင့်တော်သည့် ပြည်နယ်တစ်ခု ဖြစ်ပြီး တွန်းဇံမြို့နယ်အတွင်း ပိုးမွေးမြူရေးပြန်လည်တိုးတက်ရန်၊ ကာလဒေသဈေးနှုန်းနှင့် ကိုက်ညီသည့်ပိုးအိမ်ဈေးနှုန်းသတ်မှတ်ပြီး ပိုးအိမ်အဝယ်ဒိုင်ဖွင့်လှစ် နိုင်ရန်နှင့် ပိုးချည်မျှင်၏အရွယ် တစ်ညီတည်းဆွဲနိုင်သော Auto ပိုးချည်စက်တည်ဆောက် နိုင်ရန်အတွက် လိုအပ်မည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ကူညီပံ့ပိုးနိုင်မည့် ပြင်ပအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက် သွားရန်အတွက် လိုအပ်မည်ဖြစ်ကာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်တွန်းဇံမြို့နယ်တွင် ပိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ပိုးစာပင်စိုက်ပျိုးခြင်းနှင့် ပိုးမွေးမြူရေးသင်တန်းများပေးပြီး နည်းပညာများဖြန့်ဖြူးပေးလျက်ရှိသည်။

တွန်းဇံမြို့နယ်တွင် ၁၉၆၀ ပြည့်လွန်နှစ်မျာမှစတင်ကာ ဒေသခံများမှ ပိုးမွေးမြူရေးလုပ်ငန်းကို မိသားစုလုပ်ငန်းအနေဖြင့် လုပ်ကိုင်ခဲ့ကြပြီး မိသားစုစားဝတ်နေရေးလည်း ပြေပြေလည်လည်ရှိခဲ့ကြပါသည်။

သို့သော် နောက်ပိုင်းတွင် ပိုးအိမ်ဝယ်ယူ/လာကောက်သည့် စီးပွားရေးသမားများ၏ ခေါင်းပုံဖြတ်မှုကြောင့် ပိုးတောင်သူများအနေနှင့် လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရန် ခက်ခဲလာသည့်အတွက် ပိုးလုပ်ငန်းတိမ်ကောပျောက်ကွယ်ခဲ့ရပါသည်။

တွန်းဇံမြို့တွင် ပိုးမွေးမြူရေးလုပ်ငန်းကို ၁၉၆၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ လုပ်ကိုင်ခဲ့ကြပြီး လုပ်ငန်းရပ်ဆိုင်းထားခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၄၀) ကျော်ရှိပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.