Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့နယ်တွင် မူလတန်းပြဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တွန်းဇံမြို့နယ်တွင် မူလတန်းပြဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
By Editor on November 19, 2019 Headline

By လားနွန် – ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာအုပ်စု Tuivial zang ကျေးရွာတွင် တာဝန်ကျသည့် မူလတန်း ကျောင်းဆရာမတစ်ဦးကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ ကသည်းလူမျိုးတစ်ဦးက ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇) ရက်ညက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။

အခင်းဖြစ်စဉ်မှာ Tuivialzang ကျေးရွာတွင် တာဝန်ကျသော မူလတန်းပြဆရာ အသက် (၂၇) နှစ်အရွယ် မ Dim Lun Mang သည် နိုဝင်ဘာလ ၁၇ ရက်ည ၉ နာရီခွဲခန့်တွင် ၎င်းကျေးရွာတွင် အိမ်ထောင်ကျပြီးနေထိုင်သည့် ကသည်းလူမျိုး Vinok (ခေါ်) Binok က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ဟိုင်ကျင်းကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးကမ်ဇအင်ကပြောသည်။

“ည(၉) ခွဲလောက်မှာအခင်းဖြစ်တယ် အဲဒီကျေးရွာမှာ ဆရာမကနေတာတော့ တော်တော်ကြာပြီ လူမှုရေးကိစ္စနဲ့ စကားများတာဖြစ်တယ် လူမှုရေးကိစ္စနဲ့စကားများဖူးတယ်လို့လည်းပြောကြတယ် ဒါပေမဲ့
အကြောင်းအရင်းတော့ ကျနော်လည်းမသိရသေးဘူး အဲဒါပဲကျနော်တို့ကြားထားတယ်” ဟု
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကမ်ဇအင်ကပြောသည်။

အခင်းဖြစ်ပွားသည့် အချိန်တွင် ကျောင်းသူနစ်ယောက်လည်း ဆရာမနှင့်အတူရှိနေပြီး ဆရာမကို ပစ်သတ်ပြီးနောက် Vinok သည် အိန္ဒိယဘက်သို့ထွတ်ပြေးသွားသည်ဟုသိရသည်။

ဦးကမ်ဇအင်က “ပစ်တဲ့သူက ဘယ်သူမှမဖမ်းလိုက်နိုင်ဘူး ဖမ်းမယ့်သူလည်းမရှိဘူး တကယ်ပြောရမယ်ဆိုရင်လုံ ခြုံရေးလည်းမရှိဘူး သေနတ်သမားဆိုပါတော့ ကျေးရွာအချင်းချင်းလည်း မလုပ်ရဲတဲ့သဘောဖြစ်မလားတော့မသိဘူး သူတို့က သူတို့ရွာမှာမရှိတော့ဘူးတဲ့ ထွက်သွားပြီတဲ့ သူတို့ကနယ်စပ်ဆိုတော့လေ တစ်ဖာလုံလမ်းလျှောက်လိုက်ရင် ကုလားပြည်ရောက်သွားတာဆိုတော့
တဖက်နိုင်ငံကိုထွက်သွားပြီလို့သူတို့ပြောကြတယ်” ဟု ပြောသည်။

ဟိုင်ကျင်းကျေးရွာမှ (၉) မိုင်ခန့်ဝေးသော Tuivialzang ကျေးရွာသည် အိမ်ခြေ (၁၄) အိမ်ခန့်ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ်တွေတည်ရှိသည့်ကျေးရွာတစ်ရွာဖြစ်သည်။ ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာအုပ်စုသည် အိန္ဒိယနိုင်ငံမှ ကသည်းသူပုန်များ ခြေကုပ်ယူထားသည့် ဒေသဖြစ်ပြီး ကသည်းလူမျိုးအတော်များများ ချင်းအမျိုးသမီးများလည်း အိမ်ထောင်ပြုနေထိုင်ကြသည်ဟု သိရသည်။

ဆရာမ Dim Lun Mang သည် ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ဇာတိဖြစ်ပြီး အလောင်းကို တွန်းဇံမြို့နယ်မှ ခိုင်ကမ်းမြို့သို့သယ်ဆောင်လာကြပြီဟုသိရသည်။

(Photo – Tedim Times)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.