Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇန်မြို့ကို ZRA က အင်အားအလုံးအရင်းဖြင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

တွန်းဇန်မြို့ကို ZRA က အင်အားအလုံးအရင်းဖြင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

0
By Editor on April 21, 2025 Headline

ZRA မှ ရဲဘော် ၄ ဦး ကျဆုံး၊ ၆ ဦး ဒဏ်ရာရဟုဆို

(006SV)

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် တွန်းဇန်မြို့ကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA) က အင်အား ၃၀၀ ကျော်ဖြင့် ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ZRA မှ ရဲဘော် ၄ ဦးကျဆုံးကာ ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ဧပြီလ ၂၀ ရက်က တွန်းဇန်မြို့ကို ZRA တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာရာ ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြန်လညဆုတ်ခွာသွားသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“တွန်းဇန်မြို့ပေါ်နဲ့ တွန်းဇံနယ်ထဲမှာ အခု တိုက်ပွဲက တကြောပြန် တိုက်ပွဲလို့ ပြောလို့ရပါတယ်။ မနေ့က ၂၀ ရက်နေ့မှာ ZRA က အင်အားအလုံးအရင်နဲ့ တွန်းဇန်မြို့ထဲကို တက်လာတာ ရှိပါတယ်။ အဲဒါကို ကျနော်တို့က ကျနော်တို့ နေတဲ့ နေရာတွေကို သူတို့က ပစ်ခတ်မှု လာလုပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့က တုန်ပြန်တယ်။ မနေ့ကတည်းက သူတို့ အားလုံးက တွန်းဇန်မြို့ထဲကနေ ပြန်ဆုတ်ပါတယ်။ သူတို့ဘက်က ၄ ယောက် ကျသလို၊ ၆ ယောက်လောက် ဒဏ်ရာရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ZRA တပ်ဖွဲ့များသည် ကျီးခါးမြို့ဘက်ခြမ်းကို ပြန်လည်ဆုတ်ခွားသွားကြခြင်းဖြစ်ပြီး အပြီးတိုင် ဆုတ်ခွာသွားခြင်း မဟုတ်သောကြောင့် တိုက်ပွဲများ အချိန်မရွေး ရှိလာနိုင်သည့် အနေအထားဖြစ်၍ စစ်ရေးကို အသင့်ပြင်ဆင်ထားရကြောင်း သိရသည်။

ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA) သည် စစ်ကောင်စီထံမှ ဒရုန်းအပါအဝင် လက်နက်ခဲယမ်းများ အထောက်အပံ့ရရှိထားသည်ဟု ဆလိုင်းထက်နီက ပြောသည်။

ZRA တပ်ဖွဲ့သည် တွန်းဇန်ကို ထိုးစစ်ဆင်ရန် အိန္ဒိယနိုင်ငံ၊ မဏိပူရဘက်ခြမ်းမှ အင်အားအများအပြား ဝင်ရောက်လာသည်ဟု ဆလိုင်းထက်နီက ပြောသည်။

“သူတို့က အစက တက်လာတုန်းက ကျနော်တို့ သိရတာက အင်အား ၃၀၀ နဲ့ ၃၅၀ ကြား၊ တွန်းဇံကနေ ပြန်ဆုတ်သွားတဲ့ဟာဆိုရင် ကား ၆ စီးနဲ့ ပြန်ဆုတ်သွားတာရှိသလို၊ ခြေလျင်နဲ့ ဆုတ်သွားတာလည်းရှိတော့ ကနဦး သတင်းအရ ၃၀၀ နဲ့ ၃၅၀ ခန့်ဆိုတော့ကာ အင်အား အဲလောက်ရှိတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့အနေအထားကို ကြည့်လိုက်ရင် မဏိပူရ်ကနေ တက်လာတာတွေရှိသလို အဲဒီဒေသဘက် နဂိုရှိပြီးသာတွေလည်း ရှိမှာပေါ့နော်” ဟု ဆလိုင်းထက်နီက‌ ပြာသည်။

ဧပြီလ ၃ ရက်ကလည်း ZRA တပ်ဖွဲ့သည် တွန်းဇန်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားရာ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ဆုတ်ခွာချိန်တွင် Nakzang ကျေးရွာ နှင့် Buangmual ကျေးရွာတို့ကို မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။

၂၀၂၄ ခုနှစ် မေလက တွန်းဇန်မြို့ကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF – Tonzang က အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်လျက်ရှိသည်။

တွန်းဇန်မြို့ကို ချင်းပူးပေါင်းတပ်ဖွဲ့က အပြီးသတ်မသိမ်းခင်က စစ်ကောင်စီတပ်နှင့်အတူ ZRA – EC တပ်တို့သည် တွန်းဇံမြို့တွင် အခြေစိုက်တပ်စွဲထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.