Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံပြည်သူများ နေရပ်ပြန်နိုင်ပြီဟု ZRA – EC ထုတ်ပြန်

တွန်းဇံပြည်သူများ နေရပ်ပြန်နိုင်ပြီဟု ZRA – EC ထုတ်ပြန်

0
By Editor on June 1, 2026 Headline

မြို့ခံပြည်သူအများစုသည် စစ်တပ်နှင့် ZRA လက်အောက်မှ တွန်းဇံကို ပြန်ဝင်ရဲမည်မဟုတ်ဟုဆို

(006SV)

အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်က တွန်းဇံမြို့ကို ပြန်လည်ထိုးစစ်ဆင်၊ သိမ်းယူပြီး နှစ်ပတ်အကြာတွင် တွန်းဇံ မြို့ပြည်သူများအနေဖြင့် ယနေ့မှ စတင်၍ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဖြစ်ကြောင်း Zomi Political Coordination Council (ZPCC) က ကြေညာသည်။

ယနေ့ ဇွန်လ ၁ ရက်မှစတင်၍ တွန်းဇံမြို့ပြည်သူများအနေဖြင့် မိမိတို့၏ နေရပ်အိမ်များကို ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဖြစ်ကြောင်း ZPCC/ ZRA – EC က မေလ ၃၁ ရက်မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။

တွန်းဇံမြို့အခြေစိုက် ချင်းတော်လှန်ရေးအင်အားစုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ တွန်းဇံမြို့ ပြည်သူလူထု ထက်ဝက်ကျော် သည် အာဏာသိမ်းစစ်တပ်နှင့် ZRA – EC လက်အောက်မှ တွန်းဇံမြို့ကို ပြန်သွားမည် မဟုတ်ဘဲ စစ်ဘေးရှောင်နေမည်ဟု ပြောသည်။

“တွန်းဇံက ပြည်သူလူထု ထက်ဝက်ကျော်က ပြန်သွားနိုင်မှာ မဟုတ်သေးဘူး။ ပြန်မသွားဘူးလို့လည်း ကြားပါတယ်။ တွန်းဇံကို ပြန်မသွားဘူးဆိုတာက အရင်တုန်းက တွန်းဇံကို ထိန်းချုပ်တဲ့ CDF အဖွဲ့က အဲဒီလူတွေ ပြန်သွားလိုက်ရင် ZRA က ဒီ့အတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ သူတို့လည်း အခြေအနေ သိပြီးသား ဆိုတော့လေနော်။ အဲဒါကြောင့် သူတို့ ပြန်သွားရဲမှာ မဟုတ်သေးဘူး။ CDM တွေလည်း သွားရဲမှာ မဟုတ်ဘူး။ ZRA ကို အားပေးတဲ့ လူတွေ နည်းနည်းလောက်ပဲ ပြန်သွားမှာပါ။ တခြားလူတွေကြတော့ လောလောဆယ် ကြားမိသလောက်က ပြန်သွားဖို့ အစီအစဉ် မရှိသေးဘူး။ ပြီးတော့ သူတို့ ပြန်လည်သိမ်းယူတဲ့ နေရာမှာ ပြည်သူလူထုကို စည်းရုံးပြီးမှ ကျောင်းဖွင့်မယ်၊ ဆေးရုံဖွင့်မယ် အဲလိုမျိုး ပြောနေတယ်။ ဒါပေမယ့် သူတို့ ပြောတာကို ပြည်သူလူထုက အများအားဖြင့် ယုံမှာ မဟုတ်ဘူး” ဟု တွန်းဇံမြို့ခံ ချင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လတ်တလောမှာ တွန်းဇံမြို့တွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍာကို အလျင်အမြန် ပြန်ဖွင့်နိုင်ရန် စစ်တပ်နှင့် ZRA – EC တို့ ပြင်ဆင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တချို့ထံမှ သိရသည်။

ZPCC ၏ ထုတ်ပြန်ချက်တွင်လည်း တွန်းဇံမြို့ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်များကို ZRA – EC ၊ ZPCC ၊ Zogam Vaihawm Committee (ZVC)၊ ဇိုဂမ်အုပ်ချုပ်ရေးအဖွဲ့တို့က ဒေသခံလူထုနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ZRA ထောက်ခံသူများ၊ Non- CDM များ၊ စစ်တပ်နှင့် ပူးပေါင်းသူများအပါအဝင် တွန်းဇံမြို့ဒေသခံပြည်သူ အနည်းငယ်သာလျှင် တွန်းဇံကို ပြန်လည်ဝင်ရောက်နေသည်ဟု တွန်းဇံတော်လှန်ရေးအင်အားစုထံမှ သိရသည်။

“အခုချိန်မှာ ပြည်သူလူထုက ပြန်သွားတာထက် ပြည်သူတွေက၊ တော်လှန်ရေးမှာ ပါဝင်တဲ့ ပြည်သူလူထုက တဖြည်းဖြည်းနဲ့ ပြန်စစ်ဘေးရှောင်နေပါတယ်။ ပြန်သွားမှာ မဟုတ်ပါဘူး။ ပထမဆုံးကတော့ ZRA ထောက်ပို့တွေ၊ အားပေးသူတွေ ၊ စကစနဲ့ ပူးပေါင်းတဲ့ လူတွေ ၊ Non- CDM တွေ ၊ စကစဘက် ပြောင်းတဲ့ လူတွေ ၊ Non- CDM အသိုင်းအဝိုင်းတွေ ပြန်နိုင်မှာပါ။ တခြားလူတွေနဲ့ ကျနော်တို့ တော်လှန်ရေးက လူတွေကြတော့ ပြန်ဝင်ရဲမှာ မဟုတ်ဘူ။ ဘာပဲ ပြောပြော ခုက မဝင်တာပဲ ကောင်းပါတယ်လို့။ ပြီးတော့ ZRA နဲ့ စကစ က တွန်းဇံကို ကျနော်ထင်တယ်၊ ကြာကြာထိန်းနိုင်မှာ မဟုတ်ပါဘူး။ များမကြာမီ တွန်းဇံက ပြည်သူလူထု လက်ထဲ ပြန်ရောက်မှာပါ” ဟု တွန်းဇံမြို့ခံ ချင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ZPCC ၏ ယမန်နေ့က ကြေညာတွင် တွန်းဇံမြို့ပြည်သူများအနေဖြင့် အတိတ်က ကွဲလွဲမှုများနှင့် ပဋိပက္ခများကို ကျော်လွှား၍ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးလက်တွဲ ပူးပေါင်း ဆောင်ရွက်ရန် မေတ္တာရပ် ခံပါကြောင်း ဝါဒဖြန့် ထုတ်ပြန်ထားသည်။

တွန်းဇံမြို့အခြေစိုက် CDF – တွန်းဇံနှင့် ချင်းပူးပေါင်းတပ်တို့သည် ၂၀၂၄ ခုနှစ် မေလက တွန်းဇံမြို့ကို သိမ်းပိုက် ထိန်းချုပ်ပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားနှင့် ဝန်ဆောင်မှုများကို ၂ နှစ်နီးပါးကြာ အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ZRA – EC သည် စစ်တပ်နှင့် ပူးပေါင်း၍ တွန်းဇံကို ၂၀၂၆ မေလ ၁၉ ရက် ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် ZRA—EC ပူးပေါင်းတပ်သည် တွန်းဇံမြို့ကို တီးတိန်မြို့နှင့် ကျီခါးမြို့ဘက်သို့မှ နှစ်ဖက်ညှပ်၍ အင်အားရာချီ အသုံးပြု၍ ဒရုန်း၊ လေကြောင်းပစ်ကူများ အဆမတန် အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အိန္ဒိယနယ်စပ်ဒေသရှိ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စစ်အုပ်စု၏ ဒုဝန်ကြီးတစ်ဦးက ဦးဆောင် အကောင်အထည်ဖော်နေကြောင်း၊ ၎င်းမြို့တို့မှာ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် ပြည်သူများအတွက်လည်း APTERR အစီအစဉ်အရ တရုတ်နိုင်ငံက ဆန် ရှစ်တန် လှူဒါန်းမှုသည် မေလ ၃၁ ရက်က ကလေးမြို့ကို ရောက်ရှိကြောင်း စစ်အုပ်စု သတင်းစာတွေမှာ ဖော်ပြထားသည်။

ပုံစာ- ယခင်ပုံဟောင်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.