Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တွန်းဇံမြို့တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးရှိလာ၊ စစ်ဘေးရှောင်ဦးရေ တိုးလာလျက်ရှိ
ဓာတ်ပုံ - တွန်းဇံ ပအဖ

တွန်းဇံမြို့တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးရှိလာ၊ စစ်ဘေးရှောင်ဦးရေ တိုးလာလျက်ရှိ

0
By Editor on May 18, 2024 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့က CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများ တွင် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးရှိလာပြီး စစ်ဘေးရှောင်ဦးရေ တိုးလာလျက်ရှိကြောင်း တွန်းဇံ မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မှာ သတင်းထုတ်ပြန်သည်။

တွန်းဇံမြို့၊ စစ်ကောင်စီတပ် ခလရ – ၂၆၉ တပ်စခန်းနှင့် မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့များရှိရာ နေရာများကို ချင်းပြည်အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက စုပေါင်း၍ မေလ ၁၆ ရက် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တွန်းဇံမြို့နယ် တိုက်ပွဲများမှာ တစ်ရက်ပြီး တစ်ရက် ပိုမိုပြင်းထန်လာကာ မြို့နယ်တွင်း ကျေးရွာ ၁၅ ရွာနှင့် မြို့ပေါ် ရပ်ကွက် (၂) ခုမှ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ နီးပါး ရှိလာပြီးဖြစ်ကြောင်း တွန်းဇံမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ယနေ့ မေလ ၁၈ ရက်မှာ ထုတ်ပြန်သည်။

“ပြည်သူမှ ပေါက်ဖွားလာသော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များ အ‌နေဖြင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နဲ့ အများပြည်သူအတွက် ကိုယ်ချင်းစာလျက် မြို့နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်ရာတွင် ကြိုတင်ညှိုနှိုင်းမှု လုပ်ထားရန်၊ လက်နက်ကိုင်ပြီး လုပ်ချင်ရာဇွတ်မလုပ်ကြရန် တိုက်တွန်းနှိုးဆော်ပါသည်” ဟု တွန်းဇံ ပအဖက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းတိုက်ပွဲများကြောင့် ပြည်သူများသည် တွန်းဇံမြို့နယ်သို့ စစ်ဘေး ရှောင်တိမ်းလာရာ လူဦးရေ ၁၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

တွန်းဇံမြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိပြီး တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။

တွန်းဇံမြို့နှင့် ၃မိုင်ခန့်အကွာတွင် တည်ရှိသည့် နက်ဇံရွာ မဏီပူရ်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးစခန်းကို မေလ ၁၇ ရက်နေ့ ည‌ေနပိုင်းမှာ ချင်းအမျိုးသတပ်မတော် (CNA) ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထားပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.