Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်၊ ဆေးဝါးများပါပြတ်လပ်နေ
ပုံစာ - တွန်းဇံမြို့ (ပုံဟောင်း)

တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်၊ ဆေးဝါးများပါပြတ်လပ်နေ

0
By Editor on September 24, 2024 Headline

(002MG)

ချင်းပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမြို့ဖြစ်သည့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ပြီး ဆေးဝါးများပါ ပြတ်လပ်နေသည့်အတွက် အကိုက်ခဲပျောက်ဆေးပင် ဝယ်ယူရန်အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

“စားသုံးကုန်ကရှိတော့ရှိတယ် ကုန်ဈေးနှုန်းအရမ်းတက်တယ်၊ ဆေးဝါးကျတော့ မရှိသလောက် ဖြစ်တယ်၊ ဆေးတွေက အကုန်လုံးပေါ့ ပုံမှန်သောက်နေကြ သွေးကျဆေး၊ ဓာတ်ဆားတို့ဆိုရင် ဝယ်လို့မရဘူးပြတ်တာကြာပြီ အဓိက ပြတ်တာ က ဆေးဝါး၊အကိုက်အခဲပျောက် ဆေး၊အစာကြေဆေး တွေဆိုရင် သိပ်မရှိတော့ဘူး ကျန်းမာရေးမကောင်းရင် အခက် အခဲဖြစ်တယ်၊ CNF က ဆေးခန်းဖွင့်တယ် ဒါပေမယ့် ဆရာဝန်က လူနာတွေကြည့်ပေးတာပဲရှိတယ်၊ ကိရိယာတွေ၊ ဆေးဝါးမရှိဘူး” ဟု စစ်ဘေးရှောင်ရာမှ တွန်းဇံမြို့သို့ ပြန်လည်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ကလေးမြို့အထွက် တက္ကသိုလ်မုဒ်ဦးအနီးရှိ စစ်ကောင်စီ၏ (၈) မိုင်စစ်ဆေးရေးဂိတ်မှ ချင်းပြည်နယ် မြောက်ပိုင်း ခိုင်ကမ်း-တီးတိန်-ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေသော မော်တော်ယာဉ်များအား ဆန်နှင့် ဆေးဝါးများသယ်ဆောင်ခွင့် ပိတ်ထားခြင်းကြောင့် ယခုကဲ့သို့ ဆေးဝါးပြတ်မှုနှင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှု ပိုမိုဆိုးရွားလာခြင်းဖြစ်သည်ဟု သိရသည်။

တွန်းဇံမြို့ကပြည်သူများသည် ကလေးမီးဖွားခြင်း၊ ခွဲစိတ်ကုသမှု နှင့် အရေး ပေါ်ကျန်းမာရေးအခြေအနေများရှိပါက တီးတိန်မြို့နှင့် ကလေးမြို့တို့တွင် သွားရောက်ဆေးကုသမှုခံယူကြရသည်ဟု သိရသည်။

ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ကုန်တင်ကားများ ဝင်ရောက်နိုင်သော်လည်း ဆန်များသယ်ယူခွင့် ပိတ်ထားခြင်းကြောင့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေကာ ကြက်ဥ တလုံး တစ်ထောင်ကျပ်၊ ဆပ်ပြာအမွေးခဲ တခဲ (၂၅၀၀) ကျပ်၊ ယခင်တွင် နေကြာဆီ ၁ပုံး ၁ သိန်းခွဲရှိရာ လက်ရှိတွင် (၂၁၀၀၀၀) ကျပ်၊ ဆန် ဧရာမင်းကော်ချက် တအိတ် (၂) သိန်းကျပ်အထိ ကုန်ဈေးနှုန်းမြင့်တက်နေကြောင်း တွန်းဇံမြို့ခံများထံမှ သိရသည်။

တွန်းဇံမြို့ပေါ်တွင် အိမ်ခြေ တစ်ထောင်ကျော်နှင့် ပြည်သူ ရှစ်ထောင်နီးပါးရှိပြီး လက်ရှိတွင် မြို့ခံလူဦးရေ (၃) ပုံ နှစ်ပုံခန့်တို့သည် တွန်ဇံမြို့သို့ ပြန်လည်နေထိုင်ကြပြီဟု သိရသည်။

“အခုကြတော့ ကလေးကျောင်းမတက်တဲ့သူ၊ ရုံးဝန်ထမ်းမဟုတ်တဲ့သူတွေပြန်လာကြတယ်။ လူဦးရေက ပိုပိုပြီးတော့များလာပြီ၊ ဒါပေမယ့် ဒီမှာလည်း ဝင်ငွေဘာမှမရှိဘူး၊ အလုပ်အကိုင်ကလည်း လုပ်စရာလည်းဘာမှမရှိတော့ တအားခက်တယ်၊ ကလေးမှာပြန်ဆင်းဖို့ကလည်း အိမ်ဌားခဈေးကြီးတယ်၊ ကိုယ်စားဖို့ အရွက်တွေဝယ်စားဖို့တောင် ခက်တာ၊ ကျမတို့တခုခုပြန်ဖြစ်ရင်တော့ ဘယ်လိုနေရမလဲ မသိတော့ဘူး” ဟု တွန်းဇံမြို့က အမျိုးသမီးတစ်ဦးက ပြောသည်။

တွန်းဇံမြို့နှင့် ကျီခါးမြို့က စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၁၅ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ကျီခါးမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၃ ရက်တွင် တွန်းဇံမြို့ကို အလုံးစုံ သိမ်းပိုက်ခဲ့သည်။

လက်ရှိ တွန်းဇံမြို့ပေါ်တွင် CNF/CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်တို့က ကျန်းမာရေးဆေးပေးခန်း ဖွင့်လှစ်ပေးထားသည့်အပြင် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် CNA နှင့် CDF-တွန်းဇံ တို့က တွန်းဇံမြို့တွင် အခြေချ ထိန်းချုပ်ထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.