Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့နယ်တွင် အသက် ၉ နှစ်အရွယ်ကလေးငယ် အဓမ္မပြုကျင့်ခံရ

တွန်းဇံမြို့နယ်တွင် အသက် ၉ နှစ်အရွယ်ကလေးငယ် အဓမ္မပြုကျင့်ခံရ

0
By Editor on July 24, 2019 Headline

ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ် နတ်ဇံ ကျေးရွာတွင် အသက် (၉) နှစ်အရွယ် (၃) တန်းကျောင်းသူ ကလေးင ယ်တစ်ဦး ဇူလိုင်လ ၂၂ ရက်နေ့က အဓမ္မပြုကျင့်ခံရသည်ဟု သိရသည်။

အခင်းဖြစ်ပွားပုံမှာ တွန်းဇံမြို့မှ (၇)မိုင်ခန့်ဝေးသော နတ်ဇံကျေးရွာတွင်နေထိုင်သူ မ….သည် မိဘနှစ်ပါး ကလေးမြို့ ဘက်သို့ အလုပ်သွားလုပ်သည့်အတွက် အိမ်နီးချင်းထံသို့ ခဏအပ်ထားကာ အဆိုပါအိမ်သို့ တည်းခိုလာသော လမ်းလုပ်သား ဗိုလ်ဝင်းဆိုသူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု တွန်းဇံရဲစခန်းမှ တပ်ကြပ်ကြီးစန်းယု ကပြောသည်။ 

“ သူ့မိဘတွေက ကလေးမှာအလုပ်သွားလုပ်တာ အိမ်နီးနားချင်းမှာအပ်ထားတာပေါ့ အကြီးဆုံး ၁၂ နှစ် အခု ကလေးမနဲ့ နောက်ထပ်တစ်ယောက်ပေါ့နော် သုံးယောက်ကို အိမ်နီးနားချင်းမှာ ခဏအိပ်ခိုင်းထားတာပေါ့ အဲဒီအိမ်မှာ ညအိပ်တည်းခိုနေတဲ့ လမ်းလုပ်သားက အလိုမတူဘဲ မှုဒိမ်းပြုကျင့်တယ်ဆိုတဲ့ဖြစ်စဉ်တဲ့ လာရောက်တိုင်ထားတာပေါ့’’ ဟု တပ်ကြပ်ကြီးကပြောသည်။ 

လမ်းလုပ်သားဗိုလ်ဝင်းဆိုသူသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အလယ်ကန်အုပ်စု၊ သန်းတောရွာတွ င်နေထိုင်သူဖြစ်ပြီး တွန်းဇံရဲတပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ (၃၇၆) မုဒမ်းမှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ 

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.