Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တွန်းဇံမြို့နယ်တွင် အသက် ၆ နှစ်ရွယ် က​လေးငယ်တစ်ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိ

တွန်းဇံမြို့နယ်တွင် အသက် ၆ နှစ်ရွယ် က​လေးငယ်တစ်ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိ

0
By Editor on July 14, 2020 Khonumthung

#Unicode

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် အိန္ဒိယနို်င်ငံမှ နေရပ်ပြန်လာသူ အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ယနေ့နံနက်ပိုင်း ၈ နာရီက ထုတ်ပြန်ကြေညာခဲ့သည်။

တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာဇာတိဖြစ်သည့် အဆိုပါလူနာအမှတ် (၃၁၈) သည် မိခင်နှင့်တူတဖက်အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် Churachandpur (Lamka)မြို့မှ ဇွန်လ ၂၉ ရက်နေ့က နေရပ်ပြန်လာပြီး ဟိုင်ကျင်းကျေးရွာတွင် Facility Quarantine ဝင်ထားသူဖြစ်သည်ဟုသိရသည်။

ဟိုင်ကျင်းသည် ချင်းပြည်နယ်နှင့် မဏိပူရ်ပြည်နယ် နယ်စပ်တွင်တည်ရှိသည့်ကျေးရွာဖြစ်ပြီး တွန်းဇံမြို့မှ (၈၅) မိုင်ခန့်ကွာ ဝေးသည်။ ယခုလက်ရှိ ဟိုင်ကျင်းကျေးရွာတွင် တဖက်အိန္ဒိယနိုင်ငံမှ ပြန်လာပြီး Facility Quarantine ဝင်ထားသူ (၂၂) ဦးရှိသည်ဟု တွန်းဇံမြို့မှ CHRO-တွဲလက် တာဝန်ခံ မ Ruthte ကပြောသည်။

အဆိုပါကိုဗစ်-၁၉ ပိုးတွေ့လူနာကို ယနေ့တွင် တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန်အတွက် တွန်းဇံမြို့မှ ကားဖြင့်သွားကြိုနေကြပြီ ဟုသိရသည်။

ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ယခင်က (၁၀) အထိရှိခဲ့ပြီး ၎င်းတို့အားလုံးသည် ဓာတ်ခွဲစစ်ဆေးမှုအဖြေ နှစ်ကြိမ်စီ Negative ပြသည့်အတွက် ဆေးရုံမှဆင်းသွားကြပြီဖြစ်သည်။

ထို့ကြောင့် ဇူလိုင်လ ၆ ရက်နေ့ကစ၍ ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာကင်းစင်ပြီဖြစ်သော်လည်း ယနေ့တွင် လူနာသစ်တစ်ဦးထပ်မှန်တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

#Zawgyi

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ယနေ့နံနက်ပိုင်း ၈ နာရီက ထုတ်ပြန်ကြေညာခဲ့သည်။






Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.