Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တွန်းဇံမြို့ပေါ်တိုက်ပွဲ အရပ်သားတစ်ဦး သေဆုံး၊ အမျိုးသမီးနှင့် ကလေး ၂ ဦး ဒဏ်ရာရရှိ
ပုံစာ - တွန်းဇံမြို့

တွန်းဇံမြို့ပေါ်တိုက်ပွဲ အရပ်သားတစ်ဦး သေဆုံး၊ အမျိုးသမီးနှင့် ကလေး ၂ ဦး ဒဏ်ရာရရှိ

0
By Editor on August 3, 2023 Khonumthung

(04SS)

ချင်းပြည်နယ် တွန်ဇံမြို့ ပေါ်တွင် ယမန်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အရပ်သားတစ်ဦးသေဆုံးကာ အမျိုးသမီးနှင့် ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ မနက်အစောပိုင်း ၄ နာရီခန့်မှစတင်ကာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် တွန်ဇံမြို့ ပေါ်က စစ်ကောင်စီတပ်ဖွဲ့တို့အကြား နှစ်ဘက် တိုက်ပွဲဖြစ်ပွါးခဲ့ကြခြင်းဖြစ်သည်။ 

ထိုသို့ နှစ်ဘက် တိုက်ပွဲအပြီးတွင် ရဲစခန်းအနီး နေထိုင်သူ လင်မယားနှစ်ဦး ဆိုင်ကယ်ဖြင့် ထွက်ပြေးရာမှ ရဲစခန်းဘက်မှ ပစ်ခတ်ခံရသောကြောင့် မွောလ်ပီဇာတိ ဦးမန်ရှန်းကျိန် အသက် ၂၇ နှစ်အား သေနတ်ထိမှန်ကာ အသက်သေဆုံးခဲ့ရပြီး ၎င်း၏ အမျိုးသမီးအား ဝမ်းဗိုက်တွင် ဒါဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“ပစ်ခတ်တာ ရပ်သွားပြီလို့ ထင်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးကြတာ ရဲစခန်းဘက်ကနေ ပစ်ခတ်လို့ ယောကျာ်း ဖြစ်သူက ဆုံးသွားတယ်။ ပြီးတော့ သူ့အမျိုးသမီးက ဝမ်းဗိုက်မှာ ဒါဏ်ရာရလို့ ဆေးရုံပို့တာ ဒါဏ်ရာတော်တော် ပြင်းထန်တယ်လို့ကြားတယ်” ဟု ဒေသခံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်း လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ်နှင့် ၁၂ နှစ်အရွယ်ရှိ ကလေးငယ် ၂ ဦးလည်း လက်နက်ကြီး‌ကျည်စထိမှန်ကာ ဒါဏ်ရာရရှိကြောင်း သိရသည်။ 

ယမန်နေ့မနက်က ဖြစ်ပွားသော တွန်းဇံမြို့တိုက်ပွဲတွင် CDF-Hualngoram မှ အသက် ၃၀ အရွယ်ရှိ ရဲဘော် Lalramchuana ကျဆုံးပြီး ၃ ဦး ဒါဏ်ရာရရှိကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဘက် သေဆုံးမှုရှိသော်လည်း အတိအကျ မသိရသေးကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.