Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့ပြည်သူများ စိုးရိမ်ခြင်းမရှိရန်နှင့် မြို့ကိုစွန့်ခွာခြင်းမပြုရန် CDF-Tonzang အသိပေး

တွန်းဇံမြို့ပြည်သူများ စိုးရိမ်ခြင်းမရှိရန်နှင့် မြို့ကိုစွန့်ခွာခြင်းမပြုရန် CDF-Tonzang အသိပေး

0
By Editor on November 5, 2024 Headline

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း တွန်ဇံမြို့ပေါ်တွင် နေထိုင်သော ‌ဒေသခံပြည်သူများအနေဖြင့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA က တွန်းဇံမြို့ကို သိမ်းမည်ဟု သတင်းထုတ်လွှင့်သည့်အပေါ် မစိုးရိမ်ကြရန်နှင့် မြို့ကို စွန့်ခွာခြင်းမပြုကြရန် CDF-Tonzang က ယနေ့တွင် အသိပေးချက် ထုတ်ပြန်သည်။

“ ZRA က တွန်ဇံမြို့ပေါ်မှာ မြို့သိမ်းတော့မယ်ဆိုပြီး သတင်းတွေလွှင့်တယ်၊ အဲဒီသတင်းကြောင့် ပြည်သူတွေ စစ်ဘေးရှောင် ဖို့ ထွက်ပြေးနေကြတယ်။ ပြည်သူတွေကို ခြောက်လှန့်နေတယ်” ဟု CDF-Tonzang က ချင်းလိုထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။

CDF-Tonzang တပ်ဖွဲ့နှင့် CNA တပ်ဖွဲ့များသည် တွန်ဇံမြို့နယ်၏ လုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်နေပြီး ZRA တပ်ဖွဲ့မှ လာရောက်တိုက်ခိုက်ပါကလည်း ပြန်လည်တိုက်ထုတ်မည်ဖြစ်ကြောင်း CDF-Tonzang က ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန်နှင့် စစ်ဘေးတိမ်းရှောင်သူရှိပါက ZRA နှင့် ပူးပေါင်း သည်ဟု မှတ်ယူကာ လိုအပ်ပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု CDF-Tonzang က ထုတ်ပြန်ထားသည်။

CDF-Tonzang တပ်ဖွဲ့အပါအဝင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့သည် တွန်းဇံမြို့ နယ်တစ်ခုလုံးကို ယခုနှစ် မေလ ၂၃ ရက်နေ့က သိမ်းပိုက်ခဲ့ကြသည်။

ထိုသို့သိမ်းပိုက်ပြီးနောက် တွန်းဇံမြို့ပေါ်နဲ့အနီးတဝိုက်တွင်သာ အခြေချတပ်စွဲကြပြီး ကျီခါးမြို့တွင်တပ်စွဲနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့သည် ကျီခါးမြို့ပေါ်သို့ ပြန်လည်အခြေချတပ်စွဲလာပြီး တွန်းဇံမြို့ကိုသိမ်းပိုက်မည် ဟု သတင်းလွှင့်လေ့ရှိသည်ဟု သိရသည်။ ထိုမှတဆင့် တွန်းဇံမြို့နှင့် ၁၅ မိုင်ခန့်သာကွာဝေးသော မွလ်ကွေးကျေးရွာသို့ နယ် မြေချဲ့လာကြပြီးနောက် တွန်းဇံမြို့သို့ သိမ်းရန်စစ်ရေးပြင်ဆင်လာကြသောကြောင့် CDF-Tonzang နှင့် CNA တပ်ဖွဲ့များက သွားရောက်တိုက်ခဲ့ရာတွင် ZRA တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြသည်ဟု CDF-Tonzang ကထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲသည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ ရက်ကျော်ကျော်ကဖြစ်ပွားသည့်တိုက်ပွဲဖြစ်ပြီး ZRA ဘက်က ၁၀ ယောက်ခန့်သေဆုံးကြောင်း၊ CDF-Tonzang ဘက်ကတစ်ယောက် ကျဆုံးခဲ့သည်ဟု သိရသည်။

ZRA တပ်ဖွဲ့များသည် ချင်းလူမျိုးများဖြစ်ကြသော်လည်း အကြမ်းဖက်စစ်ကောင်စီနှင့်လက်တွဲကာ ချင်းလဲန်းကောင်စီနှင့် တွန်းဇံမြို့နယ်ကောင်စီ၏ အုပ်ချုပ်ရေးနယ်မြေများကို ထိပါးနှောက်ယှက်လာသောကြောင့် မလွှဲမရှောင်သာ၍ တိုက် ထုတ်ရခြင်းဖြစ်ပြီး ZRA တပ်ဖွဲ့များအား တွန်းဇံမြို့နယ်မှ အပြီးတိုင် ချေမုန်းသွားမည်ဟု CDF-Tonzang က ထုတ်ပြန် ထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ZRA-EC ဘက်ကို ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.