Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး အရှင်ဖမ်းမိပြီး လက်နက် ၁၀၀ ကျော်သိမ်းဆည်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ ကျပ်သိန်း ၅၀၀၀ ခန့် ချင်းပူးပေါင်းတပ် သိမ်းဆည်းရမိ
Photo credit

တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး အရှင်ဖမ်းမိပြီး လက်နက် ၁၀၀ ကျော်သိမ်းဆည်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ ကျပ်သိန်း ၅၀၀၀ ခန့် ချင်းပူးပေါင်းတပ် သိမ်းဆည်းရမိ

0
By Editor on May 24, 2024 Headline

(006SV)

ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ် ၁၀၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

တွန်းဇံမြို့သိမ်းစစ်ဆင်ရေး ၉ ရက်မြောက်နေ့ မေလ ၂၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ZRA တပ်ဖွဲ့များသည် ဆုတ်ခွာသွား၍ တွန်းဇံမြို့တွင် စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကြောင်း ဆလိုင်းထက်နီက အတည်ပြုသည်။

“မနေ့က ၂၃ ရက် ညနေ ၄ ခွဲကနေ စစ်ကောင်စီက တွန်းဇံမြို့မှာ တစ်ယောက်မှ မရှိတော့ဘူး။ အခုက တွန်းဇံမြို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းစင်သွားတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

တွန်းဇံမြို့ မကျစေရန် လေယာဉ်ဖြင့် စစ်ကူချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော်သည်လည်း တီးတိန်မြို့ ဘက်ကို အားလုံးပြန်ဆုတ်သွားကြကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ဇိုမီတော်လှန်ရေးတပ် (ZRA – EC) တို့ တပ်ဖွဲ့ဝင် ၄၀ နီးပါးကို စစ်သုံးပန်းများအဖြစ် ဖမ်းဆီးရ မိခဲ့ကြောင်း၊ ယင်းတို့ထဲတွင် ZRA- EC မှ အကြီးပိုင်းအရာရှိ တစ်ဦး ပါဝင်သည်ဟူ၍ သတင်းရထားပြီး အသေးစိတ် သိရှိနိုင်ရန် အတည်ပြုနေဆဲဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ဖမ်းဆီးရမိထားသူ ၄၀ ထဲတွင် ၁၅ ဦးမှာ ဒဏ်ရာများရရှိထားကြ၍ ဆေးဝါကုသမှု ပေးနေကြောင်း သိရသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲ၏ အစောပိုင်းရက်တွက် လက်နက် ၅၀ ခန့် သိမ်းဆည်းရမိခဲ့ပြီးနောက် လက်ရှိတွင် လက်နက် အလက်ပေါင်း ၄၀ ကျော်ကို ထပ်မံ သိမ်းဆည်းရမိထားကြောင်း သိရသည်။

တွန်းဇံမြို့ သိမ်းပိုက်ရေး စစ်ဆင်ရေးသည် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖော်ဆောင်သည့် ပထမဆုံး စစ်ဆင် ရေးဖြစ်ပြီး မေလ ၁၅ ရက်က စစ်ကောင်စီ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ကျီခါးမြို့ကိုသိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၁ ရက်မှာ တွန်းဇံမြို့စစ်စခန်းအားလုံးကို သိမ်းနိုင်ခဲ့သည်။

စစ်စခန်းများကို စွန့်ခွာသွားသော စစ်ကောင်စီတပ်များသည် တွန်းဇံမြို့ပေါ်နှင့် အနီးဝန်းကျင်တွင် တပ်ဖြန့်ပြီး လေကြောင်းမှ စစ်ကူများ ပေးပို့ခြင်းအပြင် လေကြောင်းဖြင့် အပြင်းအထန်ပစ်ကူပေးကာ ခုခံတိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်သောကြောင့် ယမန်နေ့ မေလ ၂၃ ရက်က ဆုတ်ခွာသွား ကြခြင်းဖြစ်သည်။

“ခုက မြို့ထဲမှာ သူတို့ ပုန်းခိုနေတဲ့ နေရာတဝိုက်မှာ မိုင်းတွေ၊ တိုက်မိုင်းတွေ အများကြီး ထောင်ထားတာ ဆိုတော့ နယ်မြေရှင်းလင်းရေးကတော့ အများကြီး လုပ်ရဦးမယ်အနေအထားမှာရှိတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

တွန်းဇံမြို့စစ်ဆင်ရေးတွင် ချင်းလဲန်းကာကွယ်ရေးဝန်ကြီးဌာနအောက်က ချင်းကာကွယ်ရေးတပ်ဖွဲ့များအပြင် CDF- အရှိုတပ်ဖွဲ့နှင့် Y- PDF စသဖြင့် ပူးပေါင်းတပ်ဖွဲ့ ၁၄ ဖွဲ့ ပါဝင်ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း မေလ ၂၂ ရက်က စစ်ကောင်စီတပ်ဖွဲ့များထံမှ ကျပ်သိန်း ၅ ထောင်ခန့်လည်း သိမ်းဆည်းရမိခဲ့ပြီး ယင်းတို့ကို လုံခြုံသော နေရာတွင် သိမ်းဆည်းထားကြောင်း သိရသည်။

“အဲဒီ သိန်း ၃ထောင်ဆိုတာ စစ်ကောင်စီက သူတို့တပ်ကုန်းကနေ ထွက်ပြေးတော့ စခန်းချတဲ့နေရာ ဆိုင်ကလုန်း စင်တာတို့ ၊ ရိပ်သာတို့ကနေ ရရှိခဲ့တာဖြစ်တယ်။ သူတို့က တွန်းဇံမြို့ကို ဆုတ်ရမယ့် အခြေအနေမှာ ဘဏ်ကနေ ခွဲပြီးတော့ ထားကြတယ်ထင်တယ်။ ကျနော်တို့ အားလုံး မရေတွက်ရသေးဘူး။ သိန်း ၃ထောင် မကပါဘူး။ သိန်း ၄/၅ ထောင်အထိလည်း ဖြစ်သွားနိုင်တယ်။ သိန်း ၃ ထောင်အထိတေ့ာ ရေတွက်နိုင်တယ်” ဟု ချင်းပူးပေါင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ထို့အပြင် တွန်းဇံမြို့တွင် CDM ကျောင်းဆရာမ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃ ဦးကိုလည်း မေလ ၂၂ ရက်က ရဲစခန်းမှ ဆိုင်ကလုန်းစင်တာသို့ ပြောင်းရွေ့ချုပ်ထားချိန်တွင် ချင်းပူးပေါင်းတပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့ထဲတွင် ချင်းအမျိုုးသားတပ်ဦး CNF/ CNA ဝန်ထမ်းလည်း ပါဝင်ပြီး လက်ရှိတွင် လုံခြုံဘေးကင်းသော နေရာကို ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

CDM မူလတန်းပြ ဆရာမသည် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရပြီး ၎င်း၏ ဖခင်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရကြောင်း၊ ဖိုင်တူရွာသား တစ်ဦးမှာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် အစိုးရရုံးအဆောက်အဦးများ၊ အရပ်သားနေအိမ်များ အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့ပေါ်နှင့် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်သည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး တောတောင်ထဲတွင် တချို့ပြည်သူများမှာ ကျန်းမာရေးထိခိုက်လာကြကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများသည် အမိုးအကာများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

တွန်းဇံမြို့နယ်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်တို့နှင့် ထိစပ်နေပြီး၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်နှင့်လည်း ထိစပ်နေသောမြို့ဖြစ်သည်။

တောင်ကုန်းတောင်တန်းထူထပ်သော တွန်းဇံမြို့နယ်တွင် မြို့ပေါ်မှာ ပြည်သူ ၇၃၀၀ ကျော်နှင့် ကျေးလက်တွင် ၂၈၆၀၀ ကျော်နေထိုင်ကြောင်း ၂၀၁၉ ခုနှစ် တွန်းဇံမြို့နယ်ထွေအုပ်ရုံး၏ အချက်အလက်များအရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.