Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တွန်းဇံမြို့ စစ်ကောင်စီ ကင်းစင်ပြီဟုဆို

တွန်းဇံမြို့ စစ်ကောင်စီ ကင်းစင်ပြီဟုဆို

0
By Editor on May 24, 2024 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဆုံး တွန်းဇံမြို့မှာ စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယမန်နေ့ မေလ ၂၃ ရက် ညနေ ၄ နာရီခွဲအချိန်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသောကြောင့် မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေး ၉ ရက်အကြာတွင် တွန်းဇံမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ဦးမှ မရှိတော့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“လက်ရှိကတော့ မနေ့က ၄ နာရီခွဲကနေ စစ်ကောင်စီက တွန်းဇံမြို့မှာ တစ်ဦး၊ တစ်ယောက်မှ မရှိတော့ဘူး။ စစ်ကူလာတဲ့အဖွဲ့ကတော့ တီးတိန်ဘက်ကို ဆုတ်သွားတယ်။ အခုက တွန်းဇံမြို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းစင်သွားတဲ့ အခြေအနေကို ရောက်ရှိနေပါပြီလို့ ပြောချင်တယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

တွန်းဇံမြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုန်းခိုခဲ့သည့် နေရာတဝိုက်တွင် မိုင်းများ အများအပြား ထောင်ထား သောကြောင့် နယ်မြေရှင်းလင်းရေများ ပြုလုပ်ရန် ရှိနေသေးကြောင်း သိရသည်။

တွန်းဇံမြို့ သိမ်းပိုက်ရေး စစ်ဆင်ရေးသည် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖော်ဆောင်သည့် ပထမဆုံး စစ်ဆင် ရေးဖြစ်ပြီး မေလ ၁၅ ရက်က စစ်ကောင်စီ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ကျီခါးမြို့ကိုသိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၁ ရက်မှာ တွန်းဇံမြို့စစ်စခန်းအားလုံးကို သိမ်းနိုင်ခဲ့သည်။

စစ်ကောင်စီသည် တွန်းဇံမြို့ မကျစေရန် စစ်ကူများ လေယာဉ် (၄) စီးဖြင့် ပို့သည့်အပြင် လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သော်လည်း ချင်းပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်သောကြောင့် ယမန့်နေ့က ဆုတ်ခွာသွား ကြခြင်းဖြစ်သည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ ငွေကျပ်သိန်းထောင်ချီ သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်း အများအပြား လည်း ဖမ်းဆီးရမိခဲ့ကြောင်း ၊ လက်နက်ခဲယမ်းများလည်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.