(04SS)
ချင်းပြည်နယ် တွန်းဇံမြို့ပေါ်ရှိ အထက်တန်းကျောင်းတွင် ကင်းစောင့်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား နာရီဝတ်ကျော်ကြာ ပစ်ခတ်မှုဖြစ်ပွါးပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်း ၁၀ နာရီ ခွဲ ဝန်းကျင်တွင် တွန်ဇံမြို့ပေါ် အထကကျောင်း၌ ကင်းစောင့်နေသည့် အင်အား ၁၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားနဲ့ ရဲများအား CDF-Tonzang မှ သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ကျောင်း လုံခြုံရေးအဖွဲ့တွေကို CDF-Tonzang က သွားပစ်တာတဲ့၊ အဲမှာ အပြင်မှာ စစ်သားနဲ့ ရဲ ၅ ယောက် ၇ ယောက်လောက်ရှိတယ်လို့ပြောတယ်။ အဲ့မှာ တိုက်ပွဲဖြစ်တော့ စစ်သား ၁ ယောက်သေတယ် လို့ပြောတယ်။ ပြီးတော့ ဘယ်သူမှအပြင်မထွက်ရဲကြဘူး“ ဟု ၎င်းကပြောသည်။
ထိုသို့ နာရီဝတ်ကျော် ပစ်ခတ်မှုအပြီးတွင် တွန်ဇံမြို့ပေါ်၌ အသွားအလာမရှိ တိတ်ဆိတ်နေကြပြီး ကျောင်းတက်နေသည့် ကျောင်းသူ/ကျောင်းသားများအား ၁၂ ကျော်မှသာ ကျောင်းမှ ပြန်လွှတ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။