Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့ အလုံးစုံမကျရန် စစ်ကောင်စီက တပ်ဖြန့်ပြီး စစ်ကူများပို့၍ လေကြောင်းဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်

တွန်းဇံမြို့ အလုံးစုံမကျရန် စစ်ကောင်စီက တပ်ဖြန့်ပြီး စစ်ကူများပို့၍ လေကြောင်းဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်

0
By Editor on May 23, 2024 Headline

(006SV)

ချင်းပြည်နယ်၊ တွန်းဇံမြို့ အလုံးစုံမကျစေရန် စစ်ကောင်စီသည် တပ်ဖြန့်ထားပြီး လေကြောင်းမှ စစ်ကူများပို့နေသည့်အပြင် လေကြောင်းဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

တွန်းဇံမြို့ကို အပြီးသတ်သိမ်းနိုင်ရေး ၅ ရက်ကြာ တိုက်ခိုက်ပြီးနောက် မြို့ပေါ်စစ်စခန်းများမှ ထွက်ပြေး၍ တပ်ဖြန့်ကာနေရာယူ ထားသည့် စစ်ကောင်စီတပ်များကို ချင်းတော်လှန်ရေးအင်အားစုများက ယနေ့ မေလ ၂၃ ရက်အထိ ဝိုင်းဝန်ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။

“တိုက်ပွဲက အခုလောလောဆယ်က ဘယ်နေရာဆိုပြီး တိတိကျကျ ပြောလို့ မရဘူး။ စစ်သားတွေက ဖြန့်ကြဲနေတာ၊ သူတို့က ထွက်ပြေးတာရော၊ ဗျူဟာအရ သွားတာလားမသိဘူး။ အဲဒါကို ပြည်သူ့စစ်သားတွေက အကုန်လုံး ပြန်ဝိုင်းနေတာ အဲလိုရှိတယ်။ တော်တော်နဲ့ ပြီးမယ့်အခြေအနေကတော့ မတွေ့ရသေးဘူး” ဟု တွန်းဇံမြို့ ပြည်သူ့အုပ်ချုပ်ရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သည် တွန်းဇံမြို့ပေါ်ရှိ နေအိမ်များတွင်လည်း နေရာယူထားဆဲဖြစ်ပြီး ချင်းပူးပေါင်းတပ်က ရှင်းလင်း နေ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

တွန်းဇံမြို့ သိမ်းပိုက်ရေး စစ်ဆင်ရေးသည် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖော်ဆောင်သည့် ပထမဆုံး စစ်ဆင် ရေးဖြစ်ပြီး မေလ ၁၅ ရက်က စစ်ကောင်စီ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ကျီခါးမြို့ကိုသိမ်းပိုက် ခဲ့ပြီးနောက် မေလ ၂၁ ရက်မှာ တွန်းဇံမြို့စစ်စခန်းအားလုံးကို သိမ်းနိုင်ခဲ့သည်။

ယမန်နေ့ မေလ ၂၂ ရက်က စစ်ကောင်စီသည် လေကြောင်းမှ စစ်ကူ ၄ ကြိမ် ချခဲ့ရာ အင်အား ၁၀၀ ကျော်ခန့် ရှိနိုင်ကြောင်း၊ မနေ့က တစ်ရက်ထဲမှာပင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ခန့်ရှိပြီး ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံရေး ၁၀၀ ခန့် ကြဲချခဲ့ကြောင်းသိရသည်။

“မနေ့က လေယာဉ် ၄ စီးနဲ့ အင်အား လာဖြည့်လို့ တိုက်ပွဲ ဆက်ဖြစ်နေတုန်းပဲ” ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယနေ့တွင်လည်း လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး လေကြောင်းဖြင့် ချင်းပူးပေါင်းတပ်ဖွဲ့များ ရှိနိုင်သည့် ထင်မြင်သော နေရာတိုင်းကို ဗုံးကြဲခြင်း၊ စစ်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မရှိသော်လည်း အစိုးရရုံး အဆောက်အဦးများ၊ ပြည်သူများနေ အိမ်များ အမြားအပြားပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၂၂ ရက် ည ၁၀ နာရီ ၄၀ မိနစ်ခန့်က တွန်းဇံမြို့ပေါ်တွင် သေနတ်သံများကြားရပြီး၊ ရပ်ကွက် (၂) ခုတွင် နေအိမ်တချို့ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ခေါလိုင်ဂိုးဇန်ရပ်ကွက်တွင် နေအိမ် (၂) လုံး ပြာကျသွားကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးဘုတ်အဖွဲ့ထံမှ သိရသည်။

ယမန်နေ့က စစ်ကောင်စီ၏ လေကြောင်းမှ ချပေးသော စစ်ကူစစ်ကြောင်းသည် ပြည်သူတချို့ကို လမ်းပြရန် ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ပြီး ယနေ့ မေလ ၂၃ ရက်တွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့ပေါ်နှင့် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်သည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး တောတောင်ထဲတွင် တချို့ပြည်သူများမှာ ကျန်းမာရေးထိခိုက်လာကြကြောင်း သိရသည်။

အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် စစ်ဘေးရှောင်နေစဉ် အအေးဒဏ်မခံနိုင်၍ ဆေးဝါးကုမှု အချိန်မှီ မရဘဲ မေလ ၂၂ ရက်က သေဆုံးသွားကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများသည် အမိုးအကာများ၊ စားနပ်ရက္ခာများ၊ ဆေးဝါးများနှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

တွန်းဇံမြို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ်မြို့နယ်တို့နှင့် ထိစပ်နေပြီး၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်နှင့်လည်း ထိစပ်နေသောမြို့ဖြစ်သည်။

တွန်းဇံမြို့နယ်သည် တောင်ကုန်းတောင်တန်းပေါ်များပြီး မြို့ပေါ်တွင် ပြည်သူ ၇၃၀၀ ကျော်နှင့် ကျေးလက်တွင် ၂၈၆၀၀ ကျော်နေထိုင်ကြောင်း ၂၀၁၉ ခုနှစ် တွန်းဇံမြို့နယ်ထွေအုပ်ရုံး၏ အချက်အလက်များအရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.