Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်ကို ပြန်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီ ပြောဆိုမှု ဝါဒဖြန့်လိမ်လည်မှုဟု CNF တုံ့ပြန်

ထန်တလန်ကို ပြန်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီ ပြောဆိုမှု ဝါဒဖြန့်လိမ်လည်မှုဟု CNF တုံ့ပြန်

0
By Editor on October 31, 2023 Headline

(006SV)

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီ၏ ထုတ်ပြန်လာမှုသည် ဝါဒဖြန့်သတင်းလိမ်လည်မှုသာဖြစ်ပြီး ထန်တလန်တွင် တိုက်ပွဲ ကြီးကြီးမားမား မဖြစ်သည်မှာ နှစ်ပတ်ကျော် ရှိနေပြီဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“စခ (စစ်ကောင်စီ) ရဲ့ ဝါဒဖြန့် သတင်းလိမ်တွေပါ။ ထန်တလန်မှာ လောလောဆယ် ဘာတိုက်ပွဲမှ မရှိသလို ယခုထိ စခ ရော ကျနော်တို့ရော တပ်စွဲထားပါတယ်။ ထန်တလန်မှာ တိုက်ပွဲ မရှိတာ ၂ပတ်၊ ၃ ပတ်လောက်တော့ ရှိပြီ။ (သူတို့) နေရာက ၃/၄ နေရာမှာ ယူထားသလို၊ ကျနော်တို့ကလည်း ၃/၄ နေရာမှာ ယူထားပါတယ်။ နဂိုအတိုင်းပါပဲ” ဟု ဆလိုင်းထက်နီက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ထန်တလန်မြို့တွင်အကြမ်းဖက်ချေမှုန်းရေး စစ်ဆေးရေး (Counter-Terrorism Operation) ကို ရက်ပေါင်း ၉၀ ကြာ ဆောင်ရွက်ခဲ့ရာတွင် ယမန်နေ့ အောက်တိုဘာ ၂၉ ရက် သတင်းကျွတ်လပြည့်နေ့တွင် အောင်မြင်စွာ ထိန်း ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီလော်ဘီချန်နယ်များမှ တစ်ဆင့် ယနေ့ အောက်တိုဘာ ၃၀ရက်က ထုတ်ပြန်လာခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဩဂုတ်လမှ စ၍ ပထမအဆင့် ဟားခါးမြို့မှ ၄ မိုင်ကွာဝေးသော သီမြစ်ချောင်းကူးတံတားထိ ကနဦး ခြေကုတ်ယူခြင်း၊ ဒုတိယအဆင့် သီမြစ်ချောင်းကူးတံတားမှ ထန်တလန်မြို့အဝင်ထိ ခြေကုတ်ယူခြင်း၊ တတိယမှာ ထန်တလန်မြို့ ပြည်သူ့ဆောက်လုပ်ရေးရုံးနှင့် CB ဘဏ် နေရာများနှင့် နောက်ဆုံးအဖြစ် ဆေးရုံးကုန်းနှင့် အခြေခံပညာအထက် တန်းကျောင်းတို့ကို စသဖြင့် သိမ်းပိုက်၍ တမြို့လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်ဟု ဓါတ်ပုံများဖြင့် တကွ ထုတ်ပြန်လာ ခြင်းဖြစ်သည်။

“စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ဘာမျှ ယုံကြည်နိုင်စရာ မရှိတဲ့ လုပ်ရပ်ဆိုတာပြည်သူတွေက သိပြီးသာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလို ယောရောင်ပြီး လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ ဆက်ပြီး အားတင်းသွားကြပါ။ တော်လှန်ရေးက အောင်မြင် သည်အထိ ဆက်လုပ်သွားဖို့ပဲ ရှိပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်၏ အကြိမ်ကြိမ် မီးရှို့မှုကြောင့် ထန်တလန်မြို့တွင် ဘုရားကျောင်းများနှင့် ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ်ပေါင်း နှစ်ထောင်နီးပါး ပြာကျပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ခြောက်သောင်းကျော်မှာ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရ သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ထားသည်။

ထန်တလန်မြို့နယ်သည် ချင်းအမျိုးသားတပ်ဦး CNF/CNA ဗဟိုဌာနချုပ် ဝိတိုရိယစခန်းအခြေစိုက်ရာ နေရာဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.