Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်တွင် အမျိုးသားတစ်ဦးက ဇနီးနှင့်သမီးကို ပစ်သတ်ကာ မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား

ထန်တလန်တွင် အမျိုးသားတစ်ဦးက ဇနီးနှင့်သမီးကို ပစ်သတ်ကာ မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား

0
By Editor on January 23, 2026 Khonumthung

(004SS)

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အိမ်ထောင်ဦးစီးဖြစ်သူက ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူကို သေနတ်ဖြင့် ပစ်သတ် ပြီးနောက် မိမိကိုယ်ကိုယ်လည်း အဆုံးစီရင်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထန်တလန်မြို့နယ်၊ ကုချာ (Kuhchah) ကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက် ညပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် ဦး ကျဲအိုနှင်းထန် (Pu Ceu Hnin Thang) သည် ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် အိပ်ပျော်နေသည့် ဇနီးဖြစ်သူ ဒေါ်နီကျဲရ်နှမ် (Pi Ni Cer Hnem – ၃၄ နှစ်) နှင့် သမီးဖြစ်သူ ပါအီယန်း (Par Iang – ၁၂ နှစ်) တို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဟု သိရသည်။

“ သူကစိတ်ဝေဒနာ ခံစားနေရတာပါ။ သူ့မိန်းမကို သေနတ်နဲ့ ပစ်၊ သူ့သမီးကိုလဲ ပစ်ပြီးမှ သူ့ကိုသူ လဲအဆုံး စီရင် သွားတာ။ အဲဒီအိမ်က အဖို့းနဲ့ ညလာအိပ်တဲ့သူတွေက ချက်ချင်းလိုက်သွားပြီး သေနတ်ကို လုယူဖို့လုပ်ပေမဲ့ သူက သေနတ်မောင်းတံ ကို ခြေမနဲ့ နင်းပြီး သူ့ရဲ့မေးကို ပစ်ခတ်ပြီး သူ့ကိုသူ အဆုံးစီရင်သွားတယ်။ သူက သူ့ဇနီးနဲ့ သားသမီးတွေကို အရမ်းချစ်တာ။ မလေးရှားသွားဖို့ ပြောတဲ့အခါတိုင်းလည်း သူ့မိသားစုမပါရင် မသွားဘူး၊ ခွဲမနေနိုင်ဘူးလို့ အမြဲပြောလေ့ရှိတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ တစ်ယောက်ယောက်က သူ့ကို သတ်ဖို့ ကြိုးစားနေတယ်လို့ ထင်နေတာကြောင့် သေနတ်ကို အမြဲဆောင်ထား တယ်။ သေနတ်ကို သိမ်းဖို့ ကြိုးစားရင်လည်း ဓားနဲ့ ခုတ်မယ်လို့ ခြိမ်းခြောက်တတ်လို့ မသိမ်းနိုင်ခဲ့ကြတာပါ” ဟု ကျေးရွာ လူကြီး၏ ပြောပြချက်ကို Ram Uk Hnin က ၎င်း၏ လူမှု ကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူမှာ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သမီးဖြစ်သူမှာ ဒေသခံများက ဆေးရုံသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသွားသူ ဦးကျဲအိုနှင်းထန် (Pu. Ceu Hnin Thang) သည် လွန်ခဲ့သော ၂၀၂၅ ခုနှစ် ခရစ္စမတ်ကာလမှစ၍ စိတ်ဝေဒနာ (စိတ်လွတ်သွားသည့်လက္ခဏာ) ပိုမိုပြင်းထန်စွာ ခံစားနေရသူ ဟု ဆိုသည်။

၎င်း၏ အခြေအနေမှာ ဆိုးရွားလာသည့်အတွက် မိသားစုဝင်များနှင့် ရွာသားများက ညစဉ်မပြတ် အနီးကပ် စောင့်ရှောက် ပေးခဲ့ရကြောင်းလည်း သိရသည်။

ဦးကျဲအိုနှင်းထန်တို့ မိသားစု ၃ ဦး၏ ရုပ်အလောင်းများကို ယနေ့ ညနေပိုင်း ၃ နာရီတွင် မြေမြုပ်သဂြိုလ်မည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.