Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့ကလွဲပြီး ချင်းပြည်နယ် ၈ မြို့နယ်တွင် ချင်းအမျိုးသားနေ့ကျင်းပရန် စစ်ကောင်စီ စီစဉ်
ပုံစာ - နှစ် (၇၀) ပြည့် ချင်းအမျိုးသားနေ့အခမ်းအနား (ပုံဟောင်း)

ထန်တလန်မြို့ကလွဲပြီး ချင်းပြည်နယ် ၈ မြို့နယ်တွင် ချင်းအမျိုးသားနေ့ကျင်းပရန် စစ်ကောင်စီ စီစဉ်

0
By Editor on February 8, 2022 Headline

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာကျရောက်မယ့် ၇၄ နှစ်မြောက် ချင်းအမျိူးသားနေ့အခမ်းအနားကို အာဏာသိမ်းစစ်ကောင်စီ က ထန်တလန်မြို့ကလွဲပြီး ချင်းပြည်နယ် ၈ မြို့နယ်စလုံးမှာ ကျင်းပပြုလုပ်ဖို့စီစဉ်နေပြီး အဲဒီအခမ်းအနားအတွက် တစ်မြို့နယ်ကို သိန်း ၂၀ ထိ ဘတ်ဂျက်ချထားပေးမယ်လို့ ချင်းပြည်နယ် စစ်ကောင်စီဝန်ကြီး ဦးကျော်ငြိမ်းက ပြောပါတယ်။

“မြို့နယ်အားလုံးတော့ လုပ်ပါလို့ ကျနော်တို့ ပြောထားတယ် တစ်မြို့နယ်ကို ခရိုင်မြို့ဆိုလို့ရှိရင် သိန်း ၂၀ ပံ့ပိုးမယ်၊ ရိုးရိုးမြို့နယ်ဆိုလို့ရှိရင် ၁၅ သိန်းပံ့ပိုးမယ် ပြောထားတယ် ထန်တလန်တော့ မရဘူးခင်ဗျား ထန်တလန်က မြို့ပျက်နေပြီလေ မြို့မှာ လူမှမရှိတော့တာ အရင်တုန်းကလိုတွေတော့ ကျင်းပနိုင်မယ့်အလားအလာမရှိဘူး ပြည်ထောင်စုအဆင့်ဝန်ကြီးတွေကိုလည်း ဖိတ်ဖို့မှန်းထားပါတယ်” လို့ စစ်ကောင်စီဝန်ကြီး ဦးကျော်ငြိမ်းက ပြောပါတယ်။

ချင်းပြည်နယ် ၈ မြို့နယ်စလုံးမှာ ချင်းအမျိုးသားနေ့အခမ်းအနားတွေကို ကျင်းပပြုလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေတဲ့ တချိန်တည်းမှာပဲ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီကဦးစီးကျင်းပမယ့် ချင်းအမျိုးသားနေ့အစီစဉ် မှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းမပါဝင်ကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းကော်မီတီ CDJC ပြောရေးဆိုခွင့်ရှိသူက “ချင်းအမျိုးသားနေ့ဆိုတဲ့ဟာက ကျနော်တို့ ချင်းလူမျိုးတွေရဲ့အထွဋ်ထိတ်ထားတဲ့နေ့ဖြစ်တယ် အခုလောလောဆယ်က တော့ ကျနော်တို့ချင်းပြည်မှာ အားလုံး စစ်တိုက်နေကြတဲ့အချိန်မှာ စစ်ကောင်စီကနေ ကျနော်တို့ တမျိုးသားလုံးရဲ့ လူအင်ဆန္ဒမပါပဲနဲ့ အဲလိုမျိုးလုပ်ခိုင်းတဲ့ ဟာတွေကတော့ ကျနော်တို့က မလုပ်ဖို့ရန်အတွက် ကျနော်တို့တားခြင်းဖြစ်တယ် ဒါပေမယ့်လည်းကျနော်တို့ CJDC ထိန်းချုပ်နယ်မြေတွေမှာတော့ ကျနော်တို့ ကျနော်တို့လုပ်ဖို့အစီစဉ်ရှိပါတယ်” လို့ ပြောပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း စစ်ကောင်စီကနေ ကျင်းပမယ့် ချင်းအမျိုးသားနေ့အခမ်းအနားမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ခြင်း လုံးဝမလုပ်ကြဖို့ ပူးပေါင်းပါဝင်သူတွေဟာ အမျိုးသားသစ္စာဖောက် တော်လှန်ရေး ရန်သူအဖြစ် သတ်မှတ်ပြီး အပြစ်ပေးခံရမယ်လို့ ဇန်နဝါရီလကုန်ပိုင်းကတည်းက ထုတ်ပြန်ထားခဲ့ပါတယ်။

ချင်းပြည်နယ်မှာ စစ်ဆင်ရေးတွေအကြီးအကျယ်လုပ်ဆောင်နေပြီး အပစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်ကာ လူနေအိမ်တွေကို မီးရှိုဖျက်ဆီးတာတွေလုပ်ဆောင်နေတဲ့ စစ်ကောင်စီအနေနဲ့ ချင်းအမျိုးသားနေ့ကျင်းပဖို့စီစဉ်တာဟာ အနှစ်သာရမဲ့ပြီး ရီစရာဖြစ်နေတယ်လို့ ထန်တလန်မြို့က နေအိမ်မီးရှိုခံရတဲ့ စစ်ဘေးရှောင်တစ်ဦးကခုလိုပြောဆိုပါတယ်။

“ချင်းအမျိုးသားနေ့ဆိုတာတော့ ချင်းလူမျိုးတွေက အုပ်စုတစုလူတစုကနေ အုပ်ချုပ်တာကို အဲဒါထက်စာရင်အများ သဘောတူတဲ့ဟာနဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်နဲ့အုပ်ချုပ်တာကို လိုချင်လို့ ချင်းအမျိုးသားနေ့ဆိုတာ ချင်းပြည်နယ်မှာ ပေါ်ပေါက်လာတာကိုး အခုချိန်မှာတော့မြန်မာပြည် ချင်းပြည်နယ်အပါအဝင်ပေါ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ဖို့ အတွက်ကြိုးစားရုန်းကန်နေတဲ့အချိန်မှာ အခုလက်ရှိ အာဏာသိမ်းထားတဲ့ စစ်အုပ်စုကချင်းပြည်နယ်မြို့နယ်တိုင်းမှာ ချင်းအမျိုးသားနေ့လုပ်မယ်ဆိုတာတော့ အနှစ်သာရလုံးဝ မရှိဘူး ဘယ်မှလည်းအယုံကြည်မရှိဘူး သူကအပြောနဲ့ အလုပ်လုံးဝမညီတဲ့အလိမ်ညာသမားအကြမ်းဖက်သမား လူနေအိမ်တွေ ကျနော်တို့ထန်တလန်တည်းမဟုတ်ပါဘူး နေရာ တိုင်းမှာပဲ ဖျက်ဆီးတယ် အဲဒါကို ချင်းအမျိုးသားနေ့လုပ်မယ်ဆိုရင် ရီစရာပဲ ဟာသလိုဖြစ်နေတာပေါ့” လို့ သူကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလကတည်းက စစ်အင်အားအလုံးအရင်းနဲ့ ချင်းပြည်နယ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီး အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ ထန်တလန်မြို့ဟာလည်း စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ဘုရားကျောင်း ၈ ကျောင်းအပါအဝင် အိမ်ခြေ ၉၀၀ ကျော်လောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။

ချင်းလူမျိူးတွေရဲ့ နေထူးနေ့မြတ်ဖြစ်တဲ့ ချင်းအမျိုးသားနေ့ဟာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်ကနေ ၂၂ ရက်နေ အထိ ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ်ချင်းအမျိုးသားညီလာခံမှာ တိုက်သူကြီးအုပ်ချုပ်တဲ့ ပဒေသရာဇ်စနစ်အစား ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ကို ရွေးချယ်ခဲ့ကြတဲ့နေ့ရက်ကို အစွဲပြုပြီး ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

၁၉၅၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာကျင်းပတဲ့ ချင်းရေးရာဝန်ကြီးအစည်းအဝေးမှာ ပထမဆုံးအကြိမ်ချင်း အမျိုးသားညီလာခံ ကျင်းပတဲ့နေ့ရက်ကို အစွဲပြုပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိရာကနေ ဒီနှစ်ဆိုရင် ၇၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.