ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၃ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ချင်းပြည်အစိုးရတပ်ဖွဲ့ထံ ယနေ့ အလင်းဝင်ရောက်လာကြောင်းသိရသည်။
ထန်တလန်မြို့ပေါ် Lai Villa တည်းခိုခန်းမှာ ခြေကုပ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ ၃ ယောက်သည် ယနေ့ စက်တင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲမှ ၃ နာရီအကြားတွင် သေနတ် ၄ လက်၊ ကျည်ဆံအမြောက်အများနှင့် ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များ ထံမှ သိရသည်။
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရတပ်ဖွဲ့က Tilim Operation 4 စစ်ဆင်ရေးကို ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကစ၍ ယနေ့ချိန်ထိ ဖော်ဆောင်နေပြီး ထန်တလန်မြို့ပေါ် တိုက်တာအဆောက်အအုံဟောင်းများတွင် နေရာယူထားကြသော စစ်ကောင်စီတပ်ဖွဲ့များနှင့် နေ့စဉ်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျှက်ရှိ သည်။