Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်က ၁၃ ဦးကျဆုံး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ

ထန်တလန်မြို့တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်က ၁၃ ဦးကျဆုံး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ

0
By Editor on August 30, 2023 Headline

(06SV)

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီတပ်ရင်းစခန်းကို CNF/CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်က ယမန်နေ့က စီးနင်းတိုက်ခိုက်ရာ တစ်နေကုန် တိုက်ပွဲပြင်းထန်ပြီး ချင်းပူးပေါင်းတပ်က ၁၃ ဦး ကျဆုံး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဩဂုတ် ၂၈ ရက် မနက် ၅ နာရီခန့်တွင် ချင်းအမျိုးသားတပ်ဦး CNF/ CNA၊ CDF ထန်တလန် ၊ CDF ဟားခါးနှင့် CDF ဇိုဖေ ချင်းပူးပေါင်းတပ်ဖွဲ့သည် ထန်တလန်မြို့က စစ်ကောင်စီတပ်ရင်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက ၄ နေရာမှ ပြင်ဆင်ခုခံခဲ့ပြီး ဂျက်ဖိုက်တာ ပစ်ကူများအပြင် လက်နက်ကြီးနှင့် မတန်တဆပစ်ကူပေးကာ ခုခံခဲ့သည်ဟု CNF/CNA က ပြောသည်။ 

“ကျနော်တို့ဘက်က CNA ရယ်၊ ထန်တလန်၊ ဟားခါး၊ ဇိုဖေ CDF က ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထန်တလန်မြို့ စစ်ကောင်စီတပ်စခန်းကို ကျနော်တို့ တိုက်ခိုက်တယ်။ သူတို့က ၃/၄ နေရာမှာ နေရာယူထားတယ်။ အဲဒါကို ကျနော်တို့က တခါတည်း ဝင်တိုက်တယ်။ တိုက်တဲ့အချိန်မှာ သူတို့ရဲ့ ဂျက်ဖိုက်တာနဲ့ ကျနော်တို့ဘက်ကို ဗုံးကြဲခံရ တယ်။ လက်နက်ကြီးနဲ့ မတန်တဆ ပစ်ခတ်ခံရတယ်။ အဲဒါနဲ့ ကျနော်တို့ဘက်က ၁၃ ဦး ကျတယ်။ ဒဏ်ရာရရှိသူ တချို့ရှိတယ်။ သူတို့ဘက်ကလည်း အထိအခိုက်အကျအဆုံးတော့ တော်တော်များတယ်။ အတိအကျတော့ မသိဘူး” ဟု CNF/ CNA မှ ဆလိုင်းထက်နီက ပြောသည်။ 

ယမန်နေ့က တနေကုန်နီးပါး တိုက်ပွဲပြင်းထန်မှုတွင် ချင်းအမျိုးသားတပ်မတော် CNA ကရဲဘော် ၆ ဦးနှင့် CDF တပ်ဖွဲ့ကရဲဘော် ၇ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက် တပ်သား ၃၀ ခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူ များပြားနိုင်သော်လည်း အတိအကျ မပြောနိုင်သေးကြောင်း သိရသည်။

သို့သော် စစ်ကောင်စီသည် ထိခိုက်ဒဏ်ရာရှိသူများနှင့် သေဆုံးသူများကို လူနာတင်စစ်ကား ၃ စီးနှင့် အရံကားတချို့ဖြင့် ထန်တလန်မှ ဟားခါးဘက်သို့ တင်သွားသည်ကို မြင်တွေ့ရသည်ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်မှ လေးနေရာက ပြင်ဆင်ခုခံမှုအပြင် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံမှုကို ချင်းကာကွယ်ရေးပူးပေါင်းတပ် ဒရုန်းများနှင့်တွဲ၍ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လအတွင်း နှစ်ကြိမ် စီးနင်းတိုက်ခိုက်ရာ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ချင်းပူးပေါင်းတပ်က ထိခိုက်ကျဆုံးမှု များပြားခဲ့ရသည်။

“တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က အကျအဆုံးရှိသလို၊ သူတို့ဘက်ကလည်း အကျအဆုံးရှိတယ်။ ကျနော်တို့ လက်နက်တချို့ ရရှိတယ်။ အတိအကျတော့ ပြောလို့ မရသေးဘူး။ တိုက်ပွဲကတော့ ဆက်ဖြစ်မဲ့ အနေအထားမှာရှိတယ်။ သူတို့ ဘက်ကလည်း ပြင်ဆင်ထားတယ်။ ကျနော်တို့ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်” ဟု CNF/ CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

ဩဂုတ် ၁၄ ရက်က ထန်တလန်မြို့၊ စစ်ကောင်စီ၏ ဟောင်ကာဘုံး (Haukabung) စခန်းကို ချင်းအမျိုုးသားတပ်ဦး CNF/ CNA၊ CDF- ထန်တလန်၊ CDF- ဇိုဖေ နဲ့ CDF – Hualngoram ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး၊ ၂ ဦးကို အရှင်းဖမ်းမိခဲ့သည်။

ယင်းတိုက်ပွဲတွင် RPG ၂ လက်၊ သေနတ် ၃ လက်အပြင် အခြားလက်နက်ခဲယမ်းများကိုလည်း ချင်းပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီက ထိခိုက်ဒဏ်ရာ အများအပြားရရှိ၍ ဟားခါးဆေးရုံးမှာ ကုသနေရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.