Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးသေဆုံး၊ ထန်တလန်မှာ မီးလောင်မှုထပ်ဖြစ် အိမ်ခြေ ၉၀ ကျော် လောင်ကျွမ်းပြာကျ

ထန်တလန်မြို့တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးသေဆုံး၊ ထန်တလန်မှာ မီးလောင်မှုထပ်ဖြစ် အိမ်ခြေ ၉၀ ကျော် လောင်ကျွမ်းပြာကျ

0
By Editor on February 2, 2022 Headline

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထန်တလန်မြ်ို့မှာ စစ်ကောင်စီတပ် နဲ့ ချင်းအမျိုးသားတပ်မတော် CNA/CDF-Thantlang ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က အနည်း ဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“၁ ရက်နေ့ ၉ နာရီလောက်မှာ စစ်ကောင်စီတွေက တပ်ကုန်းကနေလာပြီးတော့ မြို့အလယ်ထိလောက်လာတယ် လူအင်အားနည်းနည်းတော့များတယ် ရဲစခန်းအောက်ဘက်ထိလာတယ် သူတို့ကလက်နက်ကြီးတွေအကြိမ် ၅၀ လောက်ပစ်တယ် ၁၂ နာရီတော့ ကျနော်တို့က မပစ်သေးဘူး ဒီတိုင်းပဲနေနေတယ် Silence Strike ဆိုတော့လေ ညနေပိုင်းလောက်မှာ သူတို့နားတဲ့အချိ်န်မှာပေါ့ ကျနော်တို့ကအခွင့်ကောင်းယူပြီးတော့ စနိုက်ပါနဲ့အဝေးကနေပစ်တာပေါ့ ၅ ယောက်တော့ သေတယ်လို့ယူဆရတယ် ချက်ချင်းလဲကျတာကိုး တစ်ယောက်ကတော့ ခြေထောက်ကတော့ ခြေထောက် ထိတယ် ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာမရှိဘူး’’

ယခုလက်ရှိထန်တလန်မြို့မှာ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ၂၆၉၊ ၂၂၂ နဲ့ ၆၆ တပ်တွေ အခြေချတပ်စွဲထားကြပြီး အင်အား ၁၀၀ ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ မနေ့ကဖြစ်တဲ့တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က Drone နဲ့ ဗုံးကြဲတာတွေရှိခဲ့တယ်လို့လည်း CDF-Thantlang ဘက်ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တပ်တွေဟာ မီးလောင်မှုအကြိမ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၀၊ ၃၁ ရက် နဲ့ ဖေဖော် ဝါရီလ ၁ ရက်နေ့တွေမှာလည်း လူနေအိမ်တွေကို ထပ်မံမီးရခဲ့တာကြောင့် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၉၄ လုံး ထပ်မံလောင်ကျွမ်းပြာကျခဲ့ရတယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ကဖြစ်ပွားတဲ့ မီးလောင်မှုတွေကြောင့် ထန်တလန်မြို့ပေါ်က ဇုန်မှုန် နဲ့ ဘုရားကျောင်းရပ်ကွက်မှာရှိ တဲ့ အိ်မ်ခြေ ၃၈ လုံးလောင်ကျွမ်းခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ TABC ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၅၅ အိမ်လောင်ကွ ျမ်းခဲ့ရသလို ယမန်နေ့ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ကျောင်းရပ်ကွက်မှာရှိတဲ့ အိမ်တစ်အိမ်မီးလောင်ပြာကျခဲ့ရတာလို့ ထန်တလန်မြို့နယ်စစ်ဘေးရှောင်အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ Thantlang Placement Affairs Committee က ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး CDF-Thantlang ပြောရေးဆိုခွင့်ရှိသူက ခုလိုပြောဆိုပါတယ်။

“၃၀ ရက်မနက် ၁၁ နာရီလောက်မှာ ကျနော်တို့က စနိုက်ပါနဲ့တစ်ယောက်ပစ်တာပေါ့နော် တစ်ယောက်လဲကျသွားတာပေါ့ နော် ညနေပိုင်း ၁ နာရီဝန်းကျင်လောက်မှာ မီးကရတာပေါ့ သူတို့ဘက်က ၃၁ ရက်မနက်ပိုင်း ၉ နာရီလောက်မှာ ကျနော်တို့က စနိုက်ပါနဲ့ထပ်ပစ်တယ် တစ်ယောက်လဲကျသွားတယ် ညနေပိုင်း ၅ နာရီဝန်းကျင်လောက်ကနေ မီးကစလောင်တာပေါ့နော် ၁ ရက်နေ့မှာတော့အိမ်တစ်အိမ်ထပ်လောင်တယ် အဲဒါကတော့ လက်နက်ကြီးနဲ့ပစ်လို့လောင် တာပေါ့ စစ်ကောင်စီဘက်က တစ်ယောက်ကျတိုင်း သေတဲ့သူရှိတိုင်း မီးရှို့တော့တာပေါ့ ကျနော်တို့ယူဆတာပေါ့’’

အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်နေထိုင်တဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က လူနေအိမ်တွေစတင်မီးရခဲ့တာဖြစ်ပြီး စက်တင်ဘာလကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ မီးလောင်မှုအနည်းဆုံး ၂၃ ကြိမ်လောက်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီမီးလောင်မှုတွေကြောင့် ထန်တလန်မြ်ို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် အိမ်ခြေတစ်ထောင်နီးပါး လောင်ကျွမ်းပြာကျခဲ့ရပြီး ဒါဟာ ထန်တလန်မြို့တစ်မြို့လုံးရဲ့ ထက်ဝက်လောက်ပျက်စီးသွားတာလည်းဖြစ်ပါတယ်။

ထန်တလန်မြို့ကပြည်သူအားလုံးကတော့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင်ဘာလကုန်ပိုင်းကတည်းက မြို့ကို စွန့်ခွါပြီး နယ်စပ်ဘက်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.