Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

0
By Editor on May 24, 2022 Khonumthung

ချင်းပြည်နယ် ထန်တလန်မြ်ို့တွင် ယမန်နေ့ မေလ ၂၃ ရက်က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Thantlang တပ်ဖွဲ့အကြား မြို့တွင်းတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး ၈ ယောက်ကျော်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် နံနက်ပိုင်း ၆ နာရီခန့်ကစ၍ ထန်တလန်မြို့အမှတ် ၁ ရပ်ကွက်သို့ ထိုးစစ်ဆင်လာပြီး CDF-Thantlang တပ်ဖွဲ့နှင့် မွန်းလွဲပိုင်း ၂ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု CDF-Thantlang က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၈ ယောက်ကျော်ဒဏ်ရာရရှိခဲ့ပြီး CDF-Thantlang တပ်ဖွဲ့မှ ရဲဘော် ၄ ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြသည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ထိုးစစ်ဆင်လာသည့် ထန်တလန်မြို့အမှတ် ၁ ရက်ကွက်သည် လူနေအိမ်များမီးလောင်မှုမရှိသေး သည့်နေရာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က အိမ်တိုင်းကို မီးရှိုခဲ့ကြသည့်အတွက် နေအိမ်အတော်တော်များများမီးလောင်ပြာကျ သွားခဲ့ရသည်ဟု သိရသည်။ မီးလောင်ပြာကျသွားသည့် အိမ်ခြေအရေအတွက်ကိုမူ မသိရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့ကို လွန်ခဲ့သော ၂၀၂၁ ခုနှစ်စက်တင်ဘာလမှစ၍ ယမန်နေ့ မေလ ၂၃ ရက်နေ့အထိ အနည်းဆုံး ၂၈ ကြိမ်ခန့် မီးရှို့ခဲ့ပြီး ထန်တလန်မြို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ တစ်ထောင် ကျော် မီးလောင်ပြာကျခဲ့ရပြီးဖြစ်သည်။

အိမ်ခြေ နှစ်ထောင်ကျော်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်ခန့်နေထိုင်သည့် ထန်တလန်မြို့သည် စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ မီးရှို့မှုကြောင့် ဒေသခံပြည်သူအားလုံးသည်လည်း နယ်စပ်ဘက်နှင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.