Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့တွင် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါးထပ်မံလောင်ကျွမ်းပြာကျ

ထန်တလန်မြို့တွင် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါးထပ်မံလောင်ကျွမ်းပြာကျ

0
By Editor on November 29, 2021 Headline

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့(နိုဝင်ဘာလ ၂၇)ညက လောင်ကျွမ်းခဲ့သည့် မီးကြောင့် ဘုရားကျောင်း တစ်ကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ထပ်မံပြာကျခဲ့ရသည်ဟု သိရသည်။

ထန်တလန်မြို့ပေါ်ရှိ ဇုန်မုန်၊ စိုက်ပျိူးရေးနှင့် လုံတီာလ် စသည့်ရပ်ကွက် ၃ ခုတွင် စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ညနေပိုင်းကစ၍ မီးစတင်လောင်ကျွမ်းကာ တညလုံးလောင်ကျွမ်းပြီးနောက် စိန့်နိကောလပ်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၉၆ အိမ်ခြေ လောင်ကျွမ်းပြာကျခဲ့သည်ဟု Thantlang Placement Affairs Committee ၏ ထုတ်ပြန်ချက်အရသိရသည်။

ယမန်နေ့ညက လောင်ကျွမ်းသည့် ထန်တလန်မီးသည် နောက်တစ်နေ့မနက်ပိုင်းတွင် မီးငြိမ်းသွားခဲ့သော်လည်း ယနေ့မွန်းလွဲပိုင်း ၂ နာရီကျော်ကျော်ခန့်တွင် မီးပြန်လောင်ပြီး ယခုသတင်းရေးချိန်ထိဆက်လက်လောင်ကျွမ်းနေဆဲဟု သိရသည်။

အိမ်ခြေ နှစ်ထောင်ကျော်ခန့်ရှိသော ထန်တလန်မြို့တွင် ပြီးခဲ့သည့်စက်တင်ဘာလမှစ၍ ယနေ့ထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ရှိှု့မီးကြောင့် လူနေအိမ်မီးလောင်ကျွမ်းမှု ၉ ကြိမ်မြောက်ရှိသွားပြီဖြစ်ကာ ဘုရားကျောင်း ၄ ကျောင်းအပါအဝင် အိမ်ခြေ ၃၅၀ ကျော်လောင်ကျွမ်းပြာကျခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.