Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနက ကျောင်းသုံးပုံနှိပ်စာအုပ်များ ကိုယ်တိုင်ရိုက်နှိပ်ထုတ်ဝေ

ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနက ကျောင်းသုံးပုံနှိပ်စာအုပ်များ ကိုယ်တိုင်ရိုက်နှိပ်ထုတ်ဝေ

0
By Editor on August 29, 2022 Headline

ချင်းပြည်နယ် ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဌာနက ကြားကာလ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသင်ခန်းစာပုံနှိပ်စာအုပ်များကို ၎င်းတို့ကိုယ်တိုင် စတင်ရိုက်နှိပ်ထုတ်ဝေနေပြီဟု သြဂုတ်လ ၂၄ ရက်နေ့ ထုတ်ပြန်သည်။

ထန်တလန်မြို့နယ် ပညာရေးဌာနသည် တော်လှန်ရေးကာလအတွင်း ချင်းပြည်နယ်တွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ ပထမဦးဆုံး ကိုယ်တိုင်ရိုက်နှိပ်ထုတ်ဝေနိုင်သောဌာနဖြစ်ပြီး အခက်အခဲကြားမှ ယခုကဲ့သို့ ထုတ်ဝေနိုင်သည့်အပေါ် လေးစားချီးကျူးသည်ဟု ထန်တလန်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

“အခုလို Textbook တွေပုံနှိပ်တယ်ဆိုတာ အလွန်အလုပ်များပြီး အစိုးရပိုင်ပုံနှိပ်တိုက်တွေမှာတောင် တော်တော်အလုပ်ရှုပ်တဲ့အလုပ်ပေါ့၊ ယခုပုံနှိပ်တာကလည်း ဖြူ/မည်းနဲ့ပဲပုံနှိပ်နိုင်ပါသေးတယ်၊ ရောင်စုံပုံနှိပ်ဖို့ဆိုတာ စက်တွေစုံမှ၊ ကုန်ကြမ်းတွေ၊ ဖလင်တွေ၊ ရာရာစစပြည့်စုံမှရလာတဲ့အလုပ်ပေါ့၊ ဒါပေမဲ့ ပညာရေးဌာနက အင်မတန်အလုပ်ကြိုးစားတော့ ဒီလိုအခက်အခဲတွေကြား ပုံနှိပ်စာထုတ်ဝေဖို့ Riso စက်တွေနဲ့စတင်ခဲ့ပါပြီ။ အဖွဲ့သားတွေကို အင်မတန်လေးစားချီး ကျူးတယ်” ဟု ထန်တလန်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၅၁ ရွာတွင် ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကစ၍ ပထမအဆင့် ကြားကာလ (၆) လတာ ပညာရေးစီမံချက်ဖြင့် ဖယ်ဒရယ်ပညာရေးစနစ်နှင့်အညီ မူလတန်းနှင့် အလယ်တန်းအဆင့်ကျောင်းများကို ဖွင့်လှစ်ခဲ့ကြရာ ကျောင်းသူ/ကျောင်းသားပေါင်း ၇၀၀၀ ကျော် တက်ရောက်သင်ကြားခဲ့ကြသည်ဟု သိရသည်။

ဒုတိယအဆင့် ကြားကာလ ပညာရေးစီမံချက်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု သိရသည်။

နယ်စွန်နယ်ဖျားက စစ်ပွဲဒဏ်ပြင်းထန်စွာသင့်နေတဲ့ ထန်တလန်မြို့နယ် ပညာရေးအတွက်ဖြစ်စေ၊ ပုံနှိပ်စာထုတ် ဝေနိုင်ရေးအတွက်ဖြစ်စေ ပညာရေးလုပ်ငန်းများအား ကောင်းမွန်စာလည်ပတ်နိုင်စေရန် ပြည်သူများမှ ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနင့် ဆက်လက်ကူညီထောက်ပံ့ပေးကြရန် ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.