Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်ရင်းဌာနချုပ်ကို စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦးကို အရှင်ဖမ်းမိ၊ ချင်းပူးပေါင်းတပ်မှ ၃ ဦးကျဆုံး
Photo crd- ပုံစာ - ဖမ်းဆီးခံရသော စစ်ကောင်စီတပ်သား ၂ ဦး

ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်ရင်းဌာနချုပ်ကို စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦးကို အရှင်ဖမ်းမိ၊ ချင်းပူးပေါင်းတပ်မှ ၃ ဦးကျဆုံး

0
By Editor on August 15, 2023 Headline

(06SV)

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က ခလရ ၂၆၉ တပ်ရင်းဌာနချုပ်စခန်းတစ်ခုကို CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၂ ဦးကို အရှင်ဖမ်းမိသည့်အပြင် သေဆုံးမှုလည်းများနိုင်ပြီး ချင်းပူးပေါင်းတပ်ဖွဲ့ဖက်မှ ၃ ဦး ကျဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ငါးနာရီခန့်တွင် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၆၉ တပ်ရင်းဌာနချုပ်ကို ချင်းအမျိုးသားတပ်ဦး CNF/ CNA ၊ CDF-Thantlang၊ CDF – Zophei ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး လုံခြုံရေးစခန်းကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“၂၆၉ တပ်ရင်းဌာနချုပ်ကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ကနေ ဝင်စီးတယ်။ အဲဒီနေရာမှာ သူတို့ရဲ့ တပ်ရင်းဌာနချုပ် လုံခြုံရေး စခန်းကုန်းတစ်ခုကို ဝင်သိမ်းတယ်။ ဝင်သိမ်းတဲ့ နေရာမှာ ကျနော်တို့ ဘက်က သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု တချို့ ရှိတယ်။ သူတို့ တပ်ရင်းဌာနချုပ်ကို ဂျက်ဖိုက်တာက လာတော့ကျနော်တို့က ယာယီပြန်ဆုတ်ထားတာပေါ့နော်” ဟု ဆလိုင်းထက်နီက ပြောသည်။

တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်က ၃ ဦးကျဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရရှိမှု တချို့ ရှိခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၂ ဦးကို အရှင်းဖမ်းဆီးရမိခဲ့ကာ နံနက်ခင်းအချိန်ဖြစ်သောကြောင့် သေဆုံးမှုကို အတည်ပြု၍ မရသေးကြောင်း သူကပြောသည်။

အထိနာသော စစ်ကောင်စီသည် ထန်တလန်မြို့နှင့် ငါးမိုင်ကွာဝေးသော တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့် ခွါဖိုကျေးရွာကို လက်နက်ကြီးနှင့် ပစ်ခတ်မှုအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်သောကြောင့် ဘုရားကျောင်းအပါအဝင် အရပ်သားနေအိမ် ၄ လုံး ပျက်စီးခဲ့သည်။ 

စစ်ကောင်စီက တိုက်ခိုက်ချိန်တွင် ခွာဖိုကျေးရွာသားများ စစ်ရှောင်နေကြသောကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။ 

ပြီးခဲ့သည့် မတ်လ ၃၀ ရက်ကလည်း ခွါဖိုကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၉ ဦး သေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.