Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး ၅၀ ကျော်ဒဏ်ရာရ

ထန်တလန်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး ၅၀ ကျော်ဒဏ်ရာရ

0
By Editor on September 2, 2023 Khonumthung

(03PT)

ချင်းပြည်နယ် ထန်တလန်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး အယောက် ၅၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Thantlang က ယနေ့ထုတ်ပြန်သည်။ 

ချင်းအမျိုးသားတပ်ဦး CNF/ CNA၊ CDF ထန်တလန် ၊ CDF ဟားခါး နှင့် CDF ဇိုဖေ စသည့် ချင်းပူးပေါင်းတပ်ဖွဲ့များသည် Tilim Operation 3 ဟုအမည်ပေးထားသော စစ်ဆင်ရေးကို ဩဂုတ်လ ၂၇ နှင့် ၂၈ ရက်တို့တွင် ဖော်ဆောင်ခဲ့ကြပြီး ထန်တလန်မြို့ပေါ် တပ်ကုန်းနှင့်အနီးပတ်၀◌န်းကျင်တွင် ခြေကုပ်ယူထားသော စစ်ကောင်စီတပ်စခန်း ၅ ခုအပြင် အခြားသော မြို့တွင်းရှိ စခန်းငယ် ၂ နှင့် ဟားခါး-ထန်တလန်ကြား Auto Tower တောင်တို့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြ သည်ဟု CDF-Thantlang ၏ထုတ်ပြန်ချက်မှာဖော်ြပထားသည်။ 

ယင်း Tilim Operation 3 စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည့်အပြင် လက်နက် ၅ လက်နဲ့ ကျည်ဆံများသိမ်းဆည်းရမိသည်ဟု CDF-Thantlang က ဆိုသည်။ 

အဆိုပါ ၂ ရက်ကြာစစ်ဆင်ရေးအတွင်းမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNA မှ ရဲဘော် ၅ ဦး၊ CDF-Thangtlang မှ ရဲဘော် ၄ ဦး၊ CDF-Hakha မှ ရဲဘော် ၁ ဦး နှင့် CDF-Zophei မှ ရဲဘော် ၅ ဦး စုစုပေါင်း ရဲဘော် ၁၅ ဦးတို့သည် ချင်းအမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ကြသည်ဟု CDF-Thantlang ၏ ထုတ်ပြန်ချက်မှာ ဖော်ြပထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.