Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့ ဒုတိယအကြိမ် မီးရှိုခံရပြီီး လူနေအိမ်အလုံး ၃၀ ကျော် လောင်ကျွမ်းပျက်စီး

ထန်တလန်မြို့ ဒုတိယအကြိမ် မီးရှိုခံရပြီီး လူနေအိမ်အလုံး ၃၀ ကျော် လောင်ကျွမ်းပျက်စီး

0
By Editor on October 29, 2021 Khonumthung

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီခန့်က စစ်ကောင်စီမှ မြို့တွင်း နေရာခြောက်နေရာတွင် မီးရှို့ခြင်းကြောင့် လူနေအိမ်အလုံး ၃၀ ကျော် လောင်ကျွမ်းပျက်စီးသွားသည်ဟု ထန်တလန်မြို့ခံတစ်ဦးက ပြောသည်။

“ထန်တလန်ဖက်တော်တော်ဆိုးရွားနေတယ် ဒီမနက် ၁၀ နာရီလောက်ကနေပြီး စစ်ကောင်စီတွေက မြို့မစျေးနီးက CB ဘဏ်ကနေတနေရာ၊ ၁နာရီခွဲမှာအခု TBC ဘုရားကျောင်းအနီးပတ်ဝန်းကျင် ၅ ​နေရာမှာ အိမ်တွေကိုမီးရှို့တယ်။မီးငြိမ်းသတ်တဲ့လူကမရှိဘူး မီးကမငြိမ်းသေးဘူး။ အိမ်က ၂၀-၃၀ ကြား လောင်ကျွမ်းတယ် ဆက်တိုက်လောင်းကျွမ်းမယ့်အခြေအနေမျိုးဖြစ်နေတယ်။” ဟု ထန်တလန်မြို့ ခံတစ်ဦးကပြောသည်။

အဆိုပါမီးလောင်မှုကို မီးငြိမ်သတ်ရန် ပြည်သူများမရှိသည့်အပြင် မီးငြိမ်းသတ်ရန်သွားရောက်မည်ဆို ပါက စစ်ကောင်စီဘက်က ပစ်ခတ်ခံရနိုင်သောကြောင့် မည်သူမှမသွားရဲကြပဲ ဆက်လက်လောင်ကျွမ်းနေဆဲဟုသိရသည်။

ထန်တလန် မြို့မစျေးရပ်ကွက် CB ဘဏ်အနီးရှိ လူနေအိမ်များ မီးစတင်လောင်ကျွမ်းခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် စတင်လောင်းကျွမ်းခဲ့ခြင်းဖြစ်ပြီး မွန်းလွဲပိုင်းမီးလောင်ခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့တို့ကိုယ်တိုင်မှ စတင်မီးရှို့ခဲ့ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထန်တလန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း လူနေအိမ် ၁၉ လုံး မီးလောင်ခဲ့သည့်အပြင် မီးငြိမ်းသတ်ရန်သွားသော ပါစတာတစ်ဦးကိုလည်း စစ်ကောင်စီက ပစ်သတ်ခဲ့ပြီးပြီးနောက် မြို့ခံပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.