Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးပြောဆိုလာသော စစ်ကောင်စီ၏ လှည့်ကွက်ကို အထူးသတိပြုကြရန် ICNCC သတိပေး

ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးပြောဆိုလာသော စစ်ကောင်စီ၏ လှည့်ကွက်ကို အထူးသတိပြုကြရန် ICNCC သတိပေး

0
By Editor on July 4, 2022 Headline

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က မီးလောင်တိုက်သွင်းပြီး တမြို့လုံးနီးပါး ပြာကျခဲ့ရသော ချင်းပြည်နယ် ထန်တလန်မြို့အား ပြည်လည်ထူထောင်ရေးလုပ်ဆောင်မည်ဟု ပြောဆိုလာသော စစ်ကောင်စီ၏ လှည့်ကွက်ကို အထူးသတိပြုကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက သတိပေးပြောဆိုလိုက်သည်။

စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပြည့်ဝသည့်ချင်းပြည်နယ်အဖြစ် ထူထောင်ရန် တိုက်ပွဲဝင်ကြိုးပမ်းနေချိန်တွင် ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဟူသောခေါင်းစဉ်ဖြင့် စစ်ကောင်စီက ပြုလုပ်လာသော လှည့်ကွက်ကို အထူးသတိပြုကြပါရန် ဇူလိုင်လ ၃ ရက်နေ့စွဲဖြင့် ICNCC က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇွန်လ (၃၀) ရက်နေ့ ဟားခါးမြို့တွင် ကျင်းပခဲ့ကြသည်။

အဆိုပါအစည်းအဝေးမှာ စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ထန်တလန်မြို့နယ်မှ သိက္ခာတော်ရဆရာတော် ဒေါက်တာလာလ်အုပ်၊ မြို့မိမြို့ဖ ဦငွန်ဟရမ်၊ ဦးရမ်ခါရ်နှင့် ဦးလောမ်းဘိခ့်တို့အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ထန်တလန်မြို့ ပြည်လည်ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

“ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရာတွင် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (transitional justice) ဆိုင်ရာလုပ်ငန်းစဉ် မဖြစ်မနေပါဝင်ရမည်ဖြစ်သည်။ ယင်း အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းစဉ်သည် စစ်ကောင်စီက ၎င်းတို့အား ဆန့်ကျင်ခုခံနေသည့် ပြည်သူများကို သာလွန်အင်အားများဖြင့် တိုက်ခိုက်နေချိန်တွင် မည်သို့မျှ မဖြစ်နိုင်ပါ” ဟု ICNCC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ထန်တလန်မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်သည် သက်ဆိုင်ရာ ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ ထန်တလန်မြို့နယ်သူ၊ မြို့နယ်သားများ အားလုံးပါဝင်လျှက် ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟုလည်း ICNCC က ဆိုသည်။

လက်ရှိအချိန်သည် ထန်တလန်မြို့ပေါ်တွင်ကျူးကျော်ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အချိန်မရွေး တိုက်ခိုက်မှုဖြစ်ပွားနိုင်သည့် အခြေအနေတွင်ရှိနေပြီး မိဘပြည်သူများအနေဖြင့် ထန်တလန်မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်ခြင်း၊ အခြေချရန်လုပ်ဆောင်ခြင်းများအတွက် ကျိုးကြောင်းဆီလျော်သည့်လုံခြုံမှု မရှိနိုင်သေးသည်ကို သတိရှိကြစေလိုသည်ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက သတိပေးထားသည်။

အလားတူ CDF-Thantlang တပ်ဖွဲ့ကလည်း စစ်ကောင်စီ၏ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်ဟူသမျှကို လုံးဝ (လုံးဝ) အသိအမှတ်မပြုကန့်ကွက်သည်ဟု ဇူလိုင်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထန်တလန်မြို့ပေါ်မှာ ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီတပ်များအား အမြစ်ပြတ်ရှင်းလင်းခြင်း ပြီးစီးမှုမပြုခင်၊ သို့တည်းမဟုတ် လုံခြုံစိတ်ချရသည့် အခြေအနေရောက်သည်ဟု ကြေညာချက်မထုတ်ပြန်ခင် အချိန်ကာလအတွင်း ထန်တလန်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်မည်မဟုတ်ကြောင်း CDF-Thantlang က ထုတ်ပြန်ထားသည်။

အိမ်ခြေ ၂၀၀၀ ကျော်ရှိပြီး လူဦးရေ တစ်သောင်းဝန်းကျင်နေထိုင်သော ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာလကစ၍ ၂၀၂၂ ခုနှစ် ဇွန်လအထိ အနည်းဆုံး ၃၅ ကြိမ် မီးရှှို့ခဲ့ကြပြီး ဘုရားကျောင်း ၁၂ ကျောင်းအပါအဝင် လူနေအိမ်ခြေ တစ်ထောင့်ငါးရာနီးပါး လောင်ကျွမ်းပြာကျခဲ့ရသည်။

ထန်တလန်မြို့ ပြည်သူလူထုအားလုံးသည်လည်း နယ်စပ်ဒေသနှင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.