Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့ Tilim Operation ရက်ပေါင်း ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံး

ထန်တလန်မြို့ Tilim Operation ရက်ပေါင်း ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံး

0
By Editor on February 28, 2023 Headline

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာဖြစ်ပွားတဲ့ Tilim Operation ရက်ပေါင်း ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးခဲ့တယ်လို့ CDF-Thantlang က ထုတ်ပြန်ခဲ့ပါတယ်။

ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့ဟာ Tilim Operation လို့အမည်ပေးထားသော စစ်ဆင်ရေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က စတင်ဖော်ဆောင်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ အတွင်း စစ်ကောင်စီဘက်က စစ်သားနဲ့ ရဲတပ်သား ၂၀ ဦးသေဆုံးခဲ့ပြီး ၂၅ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကထုတ်ပြန်တဲ့ CDF-Thantlang တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Tilim Operation စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၅၀ ကျော်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိသလို MI 17 Transport Helicopter ၂ စင်းရဲ့ အစိတ်အပိုင်းတချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ CDF-Thantlang က ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန္နဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေနေရာယူထားတဲ့ ရဲစခန်းအတွင်းရှိ အိမ်ငါးလုံးကိုမီးရှို့ ဖျက်ဆီးနိုင်ခဲ့ပြီး ဇန္နဝါရီ ၂ ရက်နေ့မှာ အိမ်နှစ်လုံး ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ထန်တလန်မြို့ CB Bank မှာ နေရာယူတပ်စွဲထားသော စစ်ကောင်စီတပ်သားနဲ့ ရဲ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး သေနတ် ၈ လက် သိမ်းဆည်းရမိခဲ့ပါတယ်။

ဆက်လက်ပြီး ဖေဖော်ဝါရီလ ၈ ရက် နဲ့ ၉ ရက်နေ့တွေမှာ ထန်တလန်မြို့ရဲစခန်းအတွင်း အင်အား ၅၀ ခန့်နဲ့ အခိုင်အမာနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတို့ကို တိုက်ခိုက်ခဲ့ပြီး သေနတ် အလက် ၄၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ CDF-Thantlang ကဆိုပါတယ်။

ဇန္နဝါရီလ ၂၉ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့မှာ စစ်ကောင်စီတပ်သားတွေအတွက် ထောက်ပို့ရောက်ရှိလာတဲ့ MI 17 ရဟတ်ယာဉ်၏ အစိတ်အပိုင်းအချို့ကိုပါ ဖျက်ဆီးနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲများဖော်ဆောင်ခဲ့တဲ့ ရက် ၆၀ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တို့နဲ့ အကြိမ်ပေါင်း (၉၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

Tilim Operation အတွင်း CDF-Thantlang တပ်ဖွဲ့မှ ရဲဘော် ၄ ဦးနဲ့ CNA တပ်ဖွဲ့မှ ရဲဘော် ၂ ဦး စုစုပေါင်း ၆ ဦး ကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ တိုက်လေယာဉ် ရဟတ်ယာဉ်တို့နဲ့ လေကြောင်းကနေ မနားတန်း တိုက်ခိုက်နေတဲ့အပြင် လက်နက်ခဲယမ်းကအစ အင်အားအလွန်အကျွံသုံးပြီး တိုက်ပွဲဖော်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး ပြည်သူတွေ သွားလာနေထိုင်ခြင်းကအစ ဆင်ခြင်သတိပြုကြဖို့ CDF-Thantlang က သတိပေးထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.