Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်၊ မြို့တွင်းတိုက်ပွဲတွင် CDF တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ယခုထိအလောင်းပြန်မရသေး

ထန်တလန်၊ မြို့တွင်းတိုက်ပွဲတွင် CDF တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ယခုထိအလောင်းပြန်မရသေး

0
By Editor on December 9, 2021 Khonumthung

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF- ထန်တလန်တပ်ဖွဲ့တို့အကြား ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ပိုင်း ၂ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားကာ CDF တပ်ဖွဲဝင် ၂ ဦးသေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ၎င်းတို့၏ အလောင်းကို သယ်ယူနိုင်ခြင်းမရှိသေးကြောင်း CDF- Thantlang မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မနေ့က တိုက်ပွဲက ပစ်ခတ်တဲ့အချိန်တော့ နာရီဝက်လောက်ပဲကြာတယ်။ ၂ ယောက်ကတော့ သေချာတယ်။ ၁ ယောက်ကတော့ စုရပ်မှာ မစု၊ ရောက်လည်းမရောက်လာတော့ သူလည်း ပါကောင်းပါနိုင်တယ်ရှိတာ ဒါပေမယ့် သူက သေတာလား၊ ဖမ်းတာလားဆိုတာတော့ သိပ်မသေချာဘူး။ အခု အချိန်ထိ အလောင်းကယူလို့မရသေးဘူးပေါ့။ အလောင်းယူဖို့လည်း ကျွန်တော်တို့ ကြိုးစားနေတယ်။ အလောင်းကမရသေးတော့ အတိအကျပြောလို့မရသေးဘူး။ ဒဏ်ရာရတဲ့သူက ၅ ယောက်ရှိတယ်” ဟု CDF- Thantlang မှပြောရေးဆိုခွင့်ရှိ သူက ပြောသည်။

ယမန်နေ့က ထန်တလန်မြို့တွင်း တိုက်ပွဲဖြစ်ပွားမှုမှာ မည်ကဲ့သို့ စတင်ဖြစ်ပွားခဲ့သည်ကိုမူ အတိကျပြောဆို၍ မရသေးကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဖက်က သေဆုံးမှုရှိမရှိကိုလည်းအတည်ပြု၍ မရသေးကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါမြို့တွင်းတိုက်ပွဲဖြစ်ပွားမှုနောက်ပိုင်း မြို့တွင်း ဇုံမွှန်ရပ်ကွက်မှ လူနေအိမ် ၁၈ အိမ်နှင့် ညနေ ၆နာရီ နောက်ပိုင်းတွင်လည်း ဘုရားကျောင်းရပ်ကွက်က ၅ အိမ်ထပ်မံမီးလောင်ကျွမ်းခဲ့ပြီး လက်ရှိ အချိန်ထိ စစ်ကောင်စီတပ်များ၏ ရှို့မီးကြောင့် ဘုရားကျောင်း ၅ ကျောင်းအပါအဝင် လူနေအိမ်စုစုပေါင်း ၅၀၀ ကျော် မီးလောင်ကျွမ်းသွားပြီဖြစ်သည်။

Zawgyi

ထန္တလန္၊ ျမိဳ႕တြင္းတုိက္ပြဲတြင္ CDF တပ္ဖြဲ႔၀င္ ၂ ဦးေသဆုံးျပီး ယခုထိအေလာင္းျပန္မရေသး

ခိုႏူမ္းသုန္သတင္း၊ ၉ ဒီဇင္ဘာ ၂၀၂၁

ခ်င္းျပည္နယ္၊ ထန္တလန္ျမိဳ႕တြင္ စစ္ေကာင္စီတပ္ႏွင့္ CDF- ထန္တလန္တပ္ဖြဲ႔တုိ႔အၾကား ဒီဇင္ဘာလ ၈ ရက္ေန႔ မြန္းလြဲ ပိုင္း ၂ နာရီဝန္းက်င္က တုိက္ပြဲျဖစ္ပြားကာ CDF တပ္ဖြဲဝင္ ၂ ဦးေသဆုံးခဲ့ျပီး လက္ရွိအခ်ိန္ထိ ၎တုိ႔၏ အေလာင္းကုိ သယ္ယူႏုိင္ျခင္းမရွိေသးေၾကာင္း CDF- Thantlang မွေျပာေရးဆုိခြင့္ရွိ သူက ေျပာသည္။

“မေန႔က တုိက္ပြဲက ပစ္ခတ္တဲ့အခ်ိန္ေတာ့ နာရီဝက္ေလာက္ပဲၾကာတယ္။ ၂ ေယာက္ကေတာ့ ေသခ်ာတယ္။ ၁ေယာက္ကေတာ့ စုရပ္မွာ မစု၊ ေရာက္လည္းမေရာက္လာေတာ့ သူလည္း ပါေကာင္းပါႏုိင္တယ္ရွိတာ ဒါေပမယ့္ သူက ေသတာလား၊ ဖမ္းတာလားဆုိတာေတာ့ သိပ္မေသခ်ာဘူး။ အခု အခ်ိန္ထိ အေလာင္းကယူလုိ႔မရေသးဘူးေပါ့။ အေလာင္းယူဖုိ႔လည္း ကြ်န္ေတာ္တို႔ ၾကိဳးစားေနတယ္။ အေလာင္းကမရေသးေတာ့ အတိအက်ေျပာလို႔မရေသးဘူး။ ဒဏ္ရာရတဲ့သူက ၅ ေယာက္ ရွိတယ္” ဟု CDF- Thantlang မွေျပာေရးဆုိခြင့္ရွိ သူက ေျပာသည္။

ယမန္ေန႔က ထန္တလန္ျမိဳ႕တြင္း တုိက္ပြဲျဖစ္ပြားမႈမွာ မည္ကဲ့သုိ႔ စတင္ျဖစ္ပြားခဲ့သည္ကုိမူ အတိက်ေျပာဆို၍ မရေသးေၾကာင္း စစ္ေကာင္စီတပ္ဖြဲ႔ဝင္ဖက္က ေသဆုံးမႈရွိမရွိကိုလည္းအတည္ျပဳ၍ မရေသးေၾကာင္း ၎ကဆက္ေျပာသည္။

အဆိုပါျမိဳ႕တြင္းတုိက္ပြဲျဖစ္ပြားမႈေနာက္ပုိင္း ျမိဳ႕တြင္း ဇုံမႊန္ရပ္ကြက္မွ လူေနအိမ္ ၁၈ အိမ္ႏွင့္ ညေန ၆နာရီ ေနာက္ပုိင္းတြင္လည္း ဘုရားေက်ာင္းရပ္ကြက္က ၅ အိမ္ထပ္မံမီးေလာင္ကြ်မ္းခဲ့ျပီး လက္ရွိ အခ်ိန္ထိ စစ္ေကာင္စီတပ္မ်ား၏ ရႈိ႕မီးေၾကာင့္ ဘုရားေက်ာင္း ၅ ေက်ာင္းအပါအ၀င္ လူေနအိမ္စုစုေပါင္း ၅၀၀ ေက်ာ္ မီးေလာင္ကြ်မ္းသြားျပီျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.