Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲကို ဆင်ဖြူစစ်ဆင်ရေးအဖြစ် အမည်ပေးထား၊ စခန်းစွန့်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းပူးပေါင်းတပ်က လိုက်လံရှာဖွေနေ၊ စစ်ရှောင်ပြည်သူများ ကိုယ့်ရပ်ရွာ ပြန်နေနိုင်ရေး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲဟုဆို

ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲကို ဆင်ဖြူစစ်ဆင်ရေးအဖြစ် အမည်ပေးထား၊ စခန်းစွန့်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းပူးပေါင်းတပ်က လိုက်လံရှာဖွေနေ၊ စစ်ရှောင်ပြည်သူများ ကိုယ့်ရပ်ရွာ ပြန်နေနိုင်ရေး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲဟုဆို

0
By Editor on December 20, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝလမ်းမပေါ်ရှိ စစ်ကောင်စီ ထယ်ဘွေးအထိုင်ချစခန်းကို ဆင်ဖြူတိုက်ပွဲအမည်ဖြင့် စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းစွန့်ခွာပြေးသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းပူးပေါင်းတပ်က လိုက်လံရှာဖွေတိုက်ခိုက်နေသည်ဟု CDF- မတူပီ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ပြောသည်။

“ထွက်ပြေးနေတဲ့ သူတို့ကို လိုက်လံရှာနေတာ၊ အချိန်မရွေးတော့ တွေ့တဲ့ နေရာမှာ ပစ်ခတ်မှုတွေ ရှိလိမ့်မယ်။ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင်သေးတဲ့အတွက် ပြည်သူတွေ သတိနဲ့နေပေးကြဖို့၊ စခန်းသိမ်းပြီးဆိုပြီး ကိုယ့်ရွာကို ပြန်တော့မယ်ဆိုပြီး မဖြစ်ဖို့ လိုတယ်။ ကျနော်တို့က ရှင်းလင်းစရာတွေ လုပ်စရာတွေ အများကြီးလုပ်ရဖို့ ရှိသေးတယ်။ အမြန်ဆုံး ပြည်သူတွေကို ထယ်ဘွေးရွာမှာရော ပလက်ဝလမ်းတလျှောက်က ရွာတွေက ပြည်သူတွေ အမြန်ဆုံး ကိုယ့်ရွာမှာ ပြန်နေနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု CDF မတူပီ သတင်းနှင့် ပြန်ကြားရေးဌာနမှ ဆလိုင်းနိုင်ဂျွန်က ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက် နံနက် ၇ နာရီခွဲမှစတင်၍ ထယ်ဘွေးကျေးရွာက ခြေလျင်တပ်ရင်း၊ ခလရ (၃၀၄)လက်အောက်ခံ ထယ်ဘွေး အထိုင်ချ စစ်စခန်းကို ဆင်ဖြူတိုက်ပွဲ (Vui Bawk) စစ်ဆင်ရေးအမည်ပေးပြီး CDF မတူပီ၊ CNO/CNDF၊ CDF- မင်းတပ်၊ CDF – Lautu တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီတွင် စစ်ကောင်စီစခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး CDF – မတူပီအလံကို စိုက်ထူနိုင်ခဲ့သည်ဟု သိရသည်။

ချင်းပူးပေါင်းတပ်က ထယ်ဘွေးစစ်စခန်းတိုက်ပွဲတွင် ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက် တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်က စခန်းကို စွန့်ခွာထွက်ပြေးသွားကြသည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်၊ CDF – မင်းတပ်မှ ရဲဘော် ဆိုလိုင်းပီတာလိန် ကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်၊

ထယ်ဘွေးစစ်ခန်းတွင် စစ်ကောင်စီအင်အား ၃၀ မှ ၄၀ ကြားရှိပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာများ ရရှိသည်တွေကို တွေ့မြင်ရသော်လည်း သေဆုံးမှု မတွေ့ရကြောင်း သိရသည်။

လက်နက်ကြီးများအပါအဝင် လက်နက်ငယ်များကို ချင်းပူးပေါင်းတပ်မှ သိမ်းဆည်းရမိထားသည်ဟု သိရသည်။

မတူပီမြို့နယ်၊ ပလက်ဝလမ်းမပေါ်က ထယ်ဘွေးစစ်စခန်းသည် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်က စစ်ကောင်စီစခန်းများအတွက် ထောက်ပို့စခန်းအဖြစ် အခိုင်အမာတည်ဆောက်ထားပြီး မဟာဗျူဟာ ကျသည်၊ CDF အပါအဝင် တော်လှန်ရေးအင်အားစုများအတွက် လမ်းပန်းဆက်သွယ်ရေးအရလည်း အချက်အချာကျသည်။

“ပြည်သူတွေအတွက်လည်း သွားလာရတာ အဆင်မပြေဘူး။ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက်ကော ဆမီးကို သွားမယ်၊ ပလက်ဝ ကို သွားမယ်ဆိုရင် လွယ်လွယ်နဲ့ သွားလာလို့ မရဘူး။ မီဇိုရမ်းကို သွားမယ်၊ မတူပီကို လာမယ်ဆိုရင် ဒီဘက်က ပိုနီးတယ်။ သူတို့က အဲဒီမှာ အထိုင်ချထားတော့ တစ်ရက်ခရီးကို တစ်ပတ်လောက် သွားရတာတွေ ရှိတယ်။ အဓိကက ပြည်သူတွေအတွက်က စားဝတ် နေရေးအတွက် အချက်အချာကြတဲ့ လမ်းကြောင်းဖြစ်တယ်” ဟု ဆလိုင်းနိုင်ဂျွန်ကပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအများအပြားဖြင့် ခုခံခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်က ဗန်ကိုင်းကျေးရွာနှင့် လေဆင်ကျေးရွာတို့ကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ရာ အရပ်သားပြည်သူ ၄ ဦး သေဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.