Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထိုင်းနယ်စပ်ကတဆင့် မလေးရှားသွားရန်ကြိုးပမ်းစဉ်ကွယ်လွန်သွားသော ချင်းလူငယ်၏ ရုပ်အလောင်း မြဝတီမြို့သို့ပြန်သယ်ဆောင်ပြီဟု ဆို
ပုံစာ - "သေအတူ ရှင်မကွာ" မြင့်မြတ်တဲ့စိတ်ထားဖြင့် သူငယ်ချင်းဖြစ်သူ၏ ရုပ်အလောင်းကို ဖက်တွယ်ကျန်ရစ်ခဲ့သော Cin Pian Nang

ထိုင်းနယ်စပ်ကတဆင့် မလေးရှားသွားရန်ကြိုးပမ်းစဉ်ကွယ်လွန်သွားသော ချင်းလူငယ်၏ ရုပ်အလောင်း မြဝတီမြို့သို့ပြန်သယ်ဆောင်ပြီဟု ဆို

0
By Editor on April 23, 2026 Khonumthung

(004SS)

မလေးရှားနိုင်ငံကို ထိုင်းနယ်စပ်ကတဆင့်သွားရာမှာ အသက်ရှူကျပ်၍ ကွယ်လွန်သွားခဲ့သည့် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းအား နေရပ်သို့ ပြန်လည်သယ်ဆောင်ရန်အတွက် ယနေ့ ဧပြီလ ၂၃ ရက် (ထိုင်းစံတော်ချိန်) ညနေ ၅ နာရီတွင် ထိုင်းနိုင်ငံမှ မြဝတီဘက်သို့ စတင်သယ်ဆောင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်းစဉ်တွင် ကွယ်လွန်သူနှင့် ဆွေမျိုးတော်စပ်ကြောင်း အထောက်အထား ခိုင်လုံစွာ မပြနိုင် ခြင်းနှင့် ရဲစခန်း၏ စာရင်းဇယားလိုအပ်ချက်များကြောင့် ၁၀ ရက်ကျော်ကြာမြင့်ခဲ့ရသော်လည်း ယနေ့တွင် ဆရာဝန် ဆေးစာနှင့် ရဲစခန်း၏ ခွင့်ပြုချက်လက်မှတ်များ အားလုံးရရှိခဲ့ပြီးနောက် ရုပ်အလောင်းအား ပြန်လည်သယ်ယူနိုင်ခြင်းဖြစ်သည်။

ဖြစ်စဉ်အား ကူညီဆောင်ရွက်ပေးနေသူ ဆရာအာဒမ်က “အလောင်းကတော့ ဒီနေ့ ထိုင်းစံတော်ချိန် ၅ နာရီမှာ မြဝတီဘက် သယ်ဖို့ ထွက်ခွါသွားပါပြီ။ မြဝတီကနေ မြန်မာပြည် နာရေးအဖွဲ့က လာကြိုပေးမှာပါ။ ကျွန်တော့်အနေနဲ့ လိုက်မသွားနိုင် ပေမယ့် မြဝတီအထိ တာဝန်ယူပြီးတော့ ဆက်သွယ်ပေးထားပါတယ်” ဟု ပြောသည်။

Tg. Pau Lam Kim ၏ ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့က ၁၃ ရက်ကြာ ထိန်းသိမ်းထားခဲ့ရပြီးနောက် ယခုကဲ့သို့ နေရပ်ပြန်နိုင်ရန် စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးသူနှင့်အတူ လိုက်ပါလာပြီး ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ရသည့် Tg. Kap Lian မှာလည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီးနောက် ဧပြီလ ၂၀ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားများ ပြည့်ကြပ်စွာ တင်ဆောင်လာသော ကားပေါ်တွင် Tg. Pau Lam Kim သည် အသက်ရှူကျပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ကားသမားသည် ရုပ်အလောင်းကို ပင်လယ်ထဲသို့ စွန့်ပစ်ရန် ကြိုးစားခဲ့သော်လည်း အတူပါလာသည့် သူငယ်ချင်းများက တားဆီးခဲ့ကြသည်။

ထို့ကြောင့် ဆောင်ခလာကမ်းခြေအနီးတွင် ကွယ်လွန်သူ၏ သူငယ်ချင်းများဖြစ်ကြသည့် Tg. Cin Pian Nang (Nangpi)၊ Singpi နှင့် သတိလစ်နေသူ Tg. Kap Lian တို့ကို ရုပ်အလောင်းနှင့်အတူ ချန်ထားခဲ့ကြခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါ ကျန်ရစ်သူ ချင်းလူငယ် ၃ ဦးလုံးသည် တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ခံထားရပြီး ဥပဒေလုပ်ထုံးလုပ်နည်းများအရ အရေးယူခံရမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်းခုလတ်တွင် သေဆုံးခဲ့ရသော ချင်းလူငယ်၏ ရုပ်အလောင်း ကလေးမြို့မှ မွေးရပ်ဇာတိရွာသို့ သယ်ဆောင်ပြီ

မလေးရှားမှာ ဇနီးဟောင်းဖြစ်သူကိုသတ်ဖြတ်ခဲ့သည့် ချင်းအမျိုးသားဖမ်းဆီးခံရပြီးနောက် အမှုဖွင့်ရန်ပြင်ဆင်နေ

ICNCC က အုပ်ချုပ်ရေးမဏ္ဍိုင်ဖော်ဆောင်ရန် ဌာန ၉ ခုဖွဲ့စည်း

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.