Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထီးလင်းမြို့နယ်တိုက်ပွဲတွင် YDF-ထီးလင်းမှ ၁၃ ဦးနှင့် CDF-မင်းတပ်မှ ၁ ဦး ကျဆုံး၊ အရပ်သားပြည်သူ ၅ ဦးကို စစ်ကောင်စီက သတ်ဖြတ်

ထီးလင်းမြို့နယ်တိုက်ပွဲတွင် YDF-ထီးလင်းမှ ၁၃ ဦးနှင့် CDF-မင်းတပ်မှ ၁ ဦး ကျဆုံး၊ အရပ်သားပြည်သူ ၅ ဦးကို စစ်ကောင်စီက သတ်ဖြတ်

0
By Editor on November 19, 2021 Headline

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာအနီးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီနှင့် Yaw Defense Force (YDF-ထီးလင်း)၊ Chinland Defense Force (CDF-မင်းတပ်) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ YDF (ထီးလင်း) မှ ရဲဘော် ၁၃ ဦး၊ CDF (မင်းတပ်) မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်ဟု YDF က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လည်း သေဆုံးခဲ့ပြီး YDF (ထီးလင်း) မှ ၂ဦး၊ CDF (မင်းတပ်) မှ ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ဘေးရှောင်အရပ်သား ၃ ဦးနှင့် နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်ဘေးရှောင်ရွာသား ၂ ဦး စုစုပေါင်း ၅ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု YDF က ထုတ်ပြန်ထားသည်။

ယနေ့နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း ဆောမြို့နယ် ကျိန်ချောင်း နှင့်တောမ ရွာတို့တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရဟတ်ယာဉ်နှစ်စီးအသုံးပြုကာ ဝေဟင်မှပစ်ကူတိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)၊ PDF-ဆော၊ CDF- မင်းတပ်/ကန်ပက်လက်ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ခုခံတိုက်ကာ တိုက်ပွဲများပြင်းထန်လျှက်ရှိကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.