Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

0
By Editor on September 16, 2026 Headline

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်းရှိ PDF-Zoland ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်း ၈၀ ကျော်အနက် ထက်ဝက်ခန့်မှာ တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းထံဝင်ရောက်သွားပြီး ၂၀ ခန့်ကိုတော့ ပြန်လည်ဖမ်းဆီးရမိထားကြောင်း PDF-Zoland နှင့် နီးစပ်သူများထံမှ သိရသည်။

“ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ၈၀ ကျော်ထဲက ထက်ဝက်ကျော်လောက် မနေ့မနက်အစောပိုင်းမှာ တီးတိန်ရောက်ပြီလို့ သိရတယ်။ ပြန်မိထားတာ ၂၀ လောက်ရှိမယ် ကျန်တာတော့ ပျောက်ဆုံးပေါ့နော်။ ဒီ စစ်သုံးပန်းတွေကတော့ ဖလမ်း တိုက်ပွဲတုန်းက ဖမ်းဆီးရမိသူတွေလည်း ပါတာပေါ့။” ဟု PDF-Zoland နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းစစ်သုံ့ပန်းများသည် စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက တီးတိန်မြို့နယ်အတွင်းရှိ PDF-Zoland ထိန်းသိမ်းရေး စခန်းတွင် အချုပ်စောင့်တပ်ဖွဲ့ဝင်ကို ရိုက်နှက်ပြီးသေနတ်နှင့် ကျည်ဆန်များ လုယူကာ အစုလိုက် ထွက်ပြေးသွားကြ ခြင်းဖြစ်သည်။

ထို့သို့ထွက်ပြေးသွားကြပြီးနောက် PDF-Zoland တပ်ဖွဲ့က တောနင်းလိုက်ရှာကာ ကပ်တဲလ်ကျေးရွာအနီးတွင် စက်တင်ဘာ ၁၄ ရက်ညနေပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ယင်းပစ်ခတ်မှုအတွင်း ဘာသာရေးကိစ္စတစ်ခု ဖြင့် ခရီးမှပြန်လာသော Lamzang ကျေးရွာနှစ်ခြင်းအသင်းတော်က သိက္ခာတော်ရဆရာ Rev. Dal Thawn Tuang ကျည် ဆံထိမှန်သေဆုံးခဲ့ရသည်။

ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများမှာ စစ်ရေးအရ အရေးပါသော ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲများ၊ ဖလမ်းမြို့နယ် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များအတွင်း ဖမ်းဆီးရမိထားသည့် ဗိုလ်မှူး၊ ဗိုလ်ကြီးများ အပါအဝင် ၈၀ ကျော်ဖြစ်သည်။

ယခု ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများသည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက်၊ တည်နေရာများကို သိရှိထား သူများဖြစ်သဖြင့် လွတ်မြောက်သွားပါက သတင်းအချက်အလက် ပေါက်ကြားမည်ကို တော်လှန်ရေးအဖွဲ့များက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းကလည်း PDF-Zoland ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၁၀ ဦးထက်မနည်း ထွက်ပြေး လွတ်မြောက်ခဲ့ဖူးပြီး ၎င်းတို့ကို စစ်ကောင်စီက ကလေးမြို့ စစ်ဆေးရေးဂိတ်များတွင် ပြန်လည်တာဝန်ချထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်း နေထိုင်ခဲ့သည့်ရွာ ဗုံးကြဲတိုက်ခိုက်ခံရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.