Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒိုင်ရ်ဒေသ ၁ နယ်မြေထဲ CDF – ကန်ပက်လက်မှ စစ်ကြောင်းထိုးနေရာယူမှုကို ဆုတ်ခွာပေးရန် DRC တောင်းဆို

ဒိုင်ရ်ဒေသ ၁ နယ်မြေထဲ CDF – ကန်ပက်လက်မှ စစ်ကြောင်းထိုးနေရာယူမှုကို ဆုတ်ခွာပေးရန် DRC တောင်းဆို

0
By Editor on July 16, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်းရှိ ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေးနယ်မြေ ဒေသ (၁) အတွင်း CDF – ကန်ပက်လက်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေမှုကို ပြန်လည်ဆုတ်ခွာပေးရန် ဒိုင်ရ်ဒေသန္တရကောင်စီ – DRC က ကြေညာသည်။

ချင်းညီနောင်အဖွဲ့ဝင် CDF – ကန်ပက်လက်အနေဖြင့် မကြားအိမ်နူးကျေးရွာအနီး တပ်စွဲခဲ့သော ချင်းအမျိုးသား တပ်မတော် (CNF/CNA) တပ်ဖွဲ့ဝင်များကို အကြောင်းပြု၍ DRC နှင့် ကြိုတင်ညှိနှိုင်းမှု မပြုပဲ မိမိတို့နယ်မြေကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဒိုင်ရ်ဒေသန္တရကောင်စီ – DRC က ဇူလိုင်လ ၁၅ ရက်မှာ ထုတ်ပြန်သည်။

ယင်းတို့ ဝင်ရောက်လာမှုကြောင့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာမည်ကို ပြည်သူများ စိုးရိမ်နေကြသည်ဟု DRC က အသိပေးသည်။

ဒိုင်ရ်ဒေသန္တရကောင်စီ အုပ်ချုပ်ရေးနယ်မြေ ဒေသ (၁) မကြားအိမ်နူးကျေးရွာအပါအဝင် ဒေသတစ်ခုလုံး၏ ကာကွယ်ရေးနှင့် လုံခြုံရေးကို CDF – Daai မှ တာဝန်ယူဆောင်ရွက်နေသည်ဟု DRC ထံမှ သိရသည်။

ယင်းကြောင့် CDF – ကန်ပက်လက် ညီအစ်ကိုတော်လှန်ရေး အင်အားစုများအနေဖြင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ရှေးရှုပြီး ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေး နယ်မြေအတွင်း ရောက်ရှိနေသော စစ်ကြောင်းများကို အမြန်ဆုံး ပြန်လွတ်ဆုတ်ခွာပေးရန် DRC က ထုတ်ပြန်သည်။

မကြားအိမ်နူးကျေးရွာ နယ်နိမိတ်အတွင်း တပ်စွဲနေရာယူထားသော ချင်းအမျိုးသားတပ်မတော် (CNF/ CNA) တပ်ဖွဲ့ဝင်များသည် ဒေသတွင်း အခြေအနေအရပ်ရပ်ကြောင့် တပ်ရုတ်သိမ်းစခန်းစွန့်သွားကြသည်ဟု သိရသည်။

ချင်းအမျိုးသားတပ်မတော် (CNA) တပ်မဟာ (၁) တပ်ရင်း ၁ သည် မကြားအိမ်နူးမှ ယာယီတပ်ဆုတ်ခွာသည့်နောက် DRC/ CDF – Daai မှ ယင်းစခန်းနေရာကို ဝင်ရောက်နေရာယူရန် ဖိအားပေးဆွေးနွေးသည်ဟု မကြားအိမ်နူးကျေးရွာပြည်သူ၏ ဇူလိုင်လ ၁၃ ရက်က ထုတ်ပြန်ချက်တစ်စောင်လည်း ထွက်ပေါ်လာသည်။

CNA ယာယီတပ်ဆုတ်ရာ နေရာတွင် မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမျှ တပ်စွဲခွင့် မပြုကြောင်း၊ ကျေးရွာ နယ်နိမိတ်အတွင်းလည်း တပ်စွဲခွင့် တားမြစ်ကြောင်း၊ ဒေသခံများ၏ သဘောထားကို ချိုးဖောက်ပါက DRC နှင့်လည်း ပတ်သက်ဆက်နွယ်မည်မဟုတ်တော့ကြောင်း ထုတ်ပြန်သည်။

ချင်းအမျိုုးသားတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အမျိုးသားနိုင်ငံရေးတွင် ပါဝင်လာနိုင်ရေးနှင့်၊ လူမျိုးရေးပြသနာများ၊ တော်လှန်ရေးအင်အားစုများအကြား သဘောထားကွဲလွဲမှုများ၊ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ မလိုလားအပ်သော အငြင်းပွားမှုများကို တားဆီးရန် ရည်ရွယ်သည်ဟု မကြားအိမ်နူးဒေသခံများက ထုတ်ပြန်သည်။

ဒိုင်ရ်ဒေသန္တရကောင်စီသည် တော်လှန်ရေးကာလအတွင်း ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေးနယ်မြေမှာ ဒေသန္တရ အစိုးရလုပ်ငန်းများကို အကောင်အထည်ဖော်နေပြီး ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခ မဖြစ်ပွားရေးနှင့် တည်ငြိမ်းအေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်နေသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်လာကြသော ချင်းတော်လှန်ရေးအင်အားစုများထဲက ဒိုင်ရ်ဒေသန္တရကောင်စီသည် ကန်ပက်လက်၊ မင်းတပ်၊ ပလက်ဝ၊ မတူပီမြို့နယ်များထဲမှ ဒိုင်ရ်လူမျိုးများ နေထိုင်ရာ ဒေသများကို စုစည်းပြီး ဒိုင်ရ်ဒေသတည်ထောင်နိုင်ရေး ကြိုးပမ်းနေသည်။

ဒိုင်ရ်ဒေသန္တရကောင်စီသည် မကြားအိမ်နူးကျေးရွာအပါအဝင် ကန်ပက်လက်မြို့နယ်ထဲက ဒိုင်ရ်လူမျိုးများ နေထိုင်သော ဒေသတချို့ကို ဒိုင်ရ်ဒေသန္တရကောင်စီ အုပ်ချုပ်ရေးနယ်မြေ ဒေသ (၁) ထဲ ထည့်သွင်းထားသည်ဟု သိရသည်။

မကြားအိမ်နူးပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ DRC ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ လတ်တလောမှာ ဖြေကြားရန် မရှိသေးဟု ဖြေဆိုပြီး CDF – ကန်ပက်လက်ကို ဆက်သွယ်မေးမြန်းသော်လည်း မရပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.