Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒီဇယ္ဆီမလံုေလာက္မႈေၾကာင့္ ပလက္၀ၿမိဳ႕ တစ္ရက္လ်င္ လွ်ပ္စစ္မီး (၂) နာရီခန္႔သာရရွိ

ဒီဇယ္ဆီမလံုေလာက္မႈေၾကာင့္ ပလက္၀ၿမိဳ႕ တစ္ရက္လ်င္ လွ်ပ္စစ္မီး (၂) နာရီခန္႔သာရရွိ

0
By Editor on November 2, 2020 Headline

#Unicode

By လားနွန် – ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့တွင် ဒီဇယ်ဆီမလုံလောက်မှုကြောင့် တစ်ရက်လျှင် လျှပ်စစ်မီး (၂) နာရီခန့်သာ ဖြန့်ဖြူးပေးနိုင်သည်ဟု သိရသည်။

ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သေးသည့်အတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးးရေးဦးစီးဌာနမှ ဒီဇယ်ဆီသုံးသော မီးစက်ဖြင့် ယခင်က တစ်ရက်လျှင် (၄) နာရီလျှပ်စစ်ဓာတ်အားဖြန့်ဖြူးလေ့ရှိသည်။

“ဒီဇယ်ဆီကတော့ ပြတ်လပ်နေတာကတော့ ပုံမှန်ရှိနေတယ် ပလက်ဝက နဂိုကမှ လျှပ်စစ်မီးကလေ ည (၆) နာရီကနေ (၉) နာရီထိရတာ တခါတလေ (၁၀) နာရီရတဲ့အချိန်ကျတော့ရှိတော့ရှိတယ် တစ်နေ့ကို မီး (၄) နာရီထက်ပိုမရတဲ့မြို့ဖြစ်တယ်၊ အခုဆိုရင် စစ်ဘေးရှိတဲ့အခါကျတော့ သယ်ယူပို့ဆောင်ဖို့ကလည်းအဆင်မပြေတဲ့အခါမှာ ဒီဇယ်ပြတ်လပ်မှုအမြဲတမ်းကြုံရတယ်၊ ဟိုတစ်ခေါက်ဆိုလို့ရှိရင် သုံးပတ်ဆက်တိုက် လုံးဝမီးမရဘူး လုံးဝလျှပ်စစ်မီးမရှိဘဲနဲ့နေရတယ် အခုပြန်ရတာ တစ်နေ့မှာ (၂) နာရီလောက်ပဲမီးပြန်ရတယ်” ဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီမှ ဒေါ်နန်းဝေမှသိရသည်။

ပလက်ဝမြို့နယ်ရှိ လျှပ်စစ်ပေးဝေမှုနှင့် ပတ်သက်ပြီး ယခင်ထက်လျော့ချသွားရသည်မှာ ဆေးရုံအတွက်ချန်ထားပေး နေရတာဖြစ်ပြီး ဆေးရုံရှိအရေးပေါ်ခွဲစိတ်ကုမှုချိန်မှအသုံးပြုနိုင်ရန် ရည်ရွယ်ပြီး လျှပ်စစ်ပေးဝေခြင်းက အနည်းငယ်လျော့ချရခြင်းဖြစ်သည်ဟု သိရသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဆမီးမြို့တို့မှ ဆက်သွယ်သော လမ်းကြောင်းများပြတ်တောက်သည့်အတွက် စက်သုံးဆီအပြင် စားနပ်ရိက္ခာများလည်း သယ်ယူရန်ခက်ခဲနေဆဲဖြစ်ကြောင်းသိရသည်။

ချင်းလူအခွင့်အရေးအဖွဲ့မှ Filed Director ကိုတေရက “ တကယ်ဆိုရင် ရေတို့ မီးတို့က ကျနော်တို့အဓိကလိုအပ်နေတဲ့ ဟာဖြစ်တယ် အခုပလက်ဝမြို့နယ်အတွင်းမှာက လျှပ်စစ်မီးက အချိန်နဲ့ပေးတာကျနော်တို့ကြားတာ အခုတလောအဲဒီမှာ သူတို့ဒီဇယ်ပြတ်လပ်နေလို့ စက်မမောင်းနိုင်ပဲ သူတို့ မီးမရတာတကယ်ကြာနေပြီဖြစ်တယ် တကယ်ဆိုရင် ဒီဟာက အစိုးရမှာ လုံးဝတာဝန်ရှိတယ် ဒါကြောင့် အစိုးရကနေ ရနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့လုပ်ပေးသင့်တာ ဥပမာ ဒီဇယ်ဆီပြတ်လပ်လို့ရှိရင် ဒီဇယ်ဆီရနိုင်အောင်လမ်းကြောင်းရှာပေးတော့ ပြည်သူတွေရဲ့ အခြေခံလူအပ်ချက်တွေကို အမြန်ဆုံးဖြည့်ဆည်းပေးသင့်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁) ရက်နေ့ကလည်း နယ်မြေတည်ငြိမ်းအေးချမ်းမှုမရှိသောကြောင့် စက်သုံးဆီများ သယ်ယူရန် အခက်အခဲဖြစ်နေသည့်အတွက် ပလက်ဝမြို့နယ်တွင် ရက်အတော်အကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီးဖြစ်သည်။

#Zawgyi

ခ်င္းျပည္နယ္ ေတာင္ပိုင္း ပလက္ဝၿမိဳ႕တြင္ ဒီဇယ္ဆီမလံုေလာက္မႈေၾကာင့္ တစ္ရက္လွ်င္ လွ်ပ္စစ္မီး (၂) နာရီခန္႔သာ ျဖန္႔ျဖဴးေပးႏိုင္သည္ဟု သိရသည္။ 

ပလက္ဝၿမိဳ႕နယ္သည္ မဟာဓာတ္အားလိုင္းမေရာက္ရွိႏိုင္ေသးသည့္အတြက္ ၿမိဳ႕နယ္လွ်ပ္စစ္ ဓာတ္အားျဖန္႔ျဖဴးးေရးဦးစီးဌာနမွ ဒီဇယ္ဆီသံုးေသာ မီးစက္ျဖင့္ ယခင္က တစ္ရက္လွ်င္ (၄) နာရီလွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေလ့ရွိသည္။

“ဒီဇယ္ဆီကေတာ့ ျပတ္လပ္ေနတာကေတာ့ ပံုမွန္ရွိေနတယ္ ပလက္၀က နဂိုကမွ လွ်ပ္စစ္မီးကေလ ည (၆) နာရီကေန (၉) နာရီထိရတာ တခါတေလ (၁၀) နာရီရတဲ့အခ်ိန္က်ေတာ့ရွိေတာ့ရွိတယ္ တစ္ေန႔ကို မီး (၄) နာရီထက္ပိုမရတဲ့ၿမိဳ႕ျဖစ္တယ္၊ အခုဆိုရင္ စစ္ေဘးရွိတဲ့အခါက်ေတာ့ သယ္ယူပို႔ေဆာင္ဖို႔ကလည္းအဆင္မေျပတဲ့အခါမွာ ဒီဇယ္ျပတ္လပ္မႈအၿမဲတမ္းၾကံဳရတယ္၊ ဟိုတစ္ေခါက္ဆိုလို႔ရွိရင္ သံုးပတ္ဆက္တိုက္ လံုး၀မီးမရဘူး လံုး၀လွ်ပ္စစ္မီးမရွိဘဲနဲ႔ေနရတယ္ အခုျပန္ရတာ တစ္ေန႔မွာ (၂) နာရီေလာက္ပဲမီးျပန္ရတယ္” ဟု ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီမွ ေဒၚနန္းေ၀မွသိရသည္။

ပလက္ဝျမဳိ႕နယ္ရွိ လွ်ပ္စစ္ေပးေ၀မႈႏွင့္ ပတ္သက္ၿပီး ယခင္ထက္ေလ်ာ့ခ်သြားရသည္မွာ ေဆးရံုအတြက္ခ်န္ထားေပး ေနရတာျဖစ္ၿပီး ေဆးရံုရွိအေရးေပၚခြဲစိတ္ကုမႈခ်ိန္မွအသံုးျပဳႏိုင္ရန္ ရည္ရြယ္ၿပီး လွ်ပ္စစ္ေပးေဝျခင္းက အနည္းငယ္ေလ်ာ့ခ်ရျခင္းျဖစ္သည္ဟု သိရသည္။ 

ပလက္ဝၿမိဳ႕နယ္သည္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္ (AA) တို႔ စစ္မက္ျဖစ္ပြားရာေဒသျဖစ္ၿပီး ရခိုင္ျပည္နယ္ႏွင့္ ဆမီးၿမိဳ႕တို႔မွ ဆက္သြယ္ေသာ လမ္းေၾကာင္းမ်ားျပတ္ေတာက္သည့္အတြက္ စက္သံုးဆီအျပင္ စားနပ္ရိကၡာမ်ားလည္း သယ္ယူရန္ခက္ခဲေနဆဲျဖစ္ေၾကာင္းသိရသည္။

ခ်င္းလူအခြင့္အေရးအဖြဲ႔မွ Filed Director ကိုေတရက “ တကယ္ဆိုရင္ ေရတို႔ မီးတို႔က က်ေနာ္တို႔အဓိကလိုအပ္ေနတဲ့ ဟာျဖစ္တယ္ အခုပလက္ဝၿမိဳ႕နယ္အတြင္းမွာက လွ်ပ္စစ္မီးက အခ်ိန္နဲ႔ေပးတာက်ေနာ္တို႔ၾကားတာ အခုတေလာအဲဒီမွာ သူတို႔ဒီဇယ္ျပတ္လပ္ေနလို႔ စက္မေမာင္းႏိုင္ပဲ သူတို႔ မီးမရတာတကယ္ၾကာေနၿပီျဖစ္တယ္ တကယ္ဆိုရင္ ဒီဟာက အစိုးရမွာ လံုး၀တာ၀န္ရွိတယ္ ဒါေၾကာင့္ အစိုးရကေန ရႏိုင္ေအာင္ နည္းလမ္းေပါင္းစံုနဲ႔လုပ္ေပးသင့္တာ ဥပမာ ဒီဇယ္ဆီျပတ္လပ္လို႔ရွိရင္ ဒီဇယ္ဆီရႏိုင္ေအာင္လမ္းေၾကာင္းရွာေပးေတာ့ ျပည္သူေတြရဲ႕ အေျခခံလူအပ္ခ်က္ေတြကို အျမန္ဆံုးျဖည့္ဆည္းေပးသင့္တယ္” ဟု ေျပာသည္။

 ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၁) ရက္ေန႔ကလည္း နယ္ေျမတည္ၿငိမ္းေအးခ်မ္းမႈမရွိေသာေၾကာင့္ စက္သံုးဆီမ်ား သယ္ယူရန္ အခက္အခဲျဖစ္ေနသည့္အတြက္ ပလက္ဝၿမိဳ႕နယ္တြင္ ရက္အေတာ္အၾကာ လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့ၿပီးျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.