Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“ဒီတိုင်းလက်ပိုက်နေရင်တော့ သေရုံပဲကျန်တော့တယ်”

“ဒီတိုင်းလက်ပိုက်နေရင်တော့ သေရုံပဲကျန်တော့တယ်”

0
By Editor on June 23, 2021 Headline

မင်းတပ်မြ်ို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ထောင်နှှင့်ချီသော စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ရရှိနိုင်ရေး၊ စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်နိုင်ရေး နှင့် မင်းတပ်မြို့နယ်အတွင်း တည်ငြိမ်းအေးချမ်းမှုရှိလာစေရေးအတွက် မင်းတပ်မြို့မိမြိုဖအဖွဲ့က စစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) အကြား ကြားဝင်စေ့စပ်ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။

မြို့မိ/မြိုဖအဖွဲ့၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုက ဘယ်လောက်ထိ ခရီးပေါက်ရောက်နေပြီလဲ။ ဘယ်အခြေအနေရောက်ရှိနေပြီလဲ။ ယခုကိစ္စနှင့်ပတ်သက်၍ မင်းတပ်မြို့မိ/မြို့ဖအဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မင်းတပ်မြို့အရေးနဲ့ပတ်သက်ပြီး မင်းတပ်မြို့မိ/မြို့ဖတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဇွန်လ ၂၀ ရက်ကစပြီိး ဆွေးနွေးမှုတွေ လုပ်ကြတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလေး အရင်ရှင်းပြစေချင်ပါတယ်။

ဖြေ။ ။ အဓိက ကတော့ စစ်ကောင်စီရဲဲ့ ဆန္ဒပေါ့၊ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဆန္ဒလည်းပါတယ်၊ နောက်ပြီးတော့ မြိုသူမြို့သား လူထုတွေကလည်း အိမ်ပျက်၊ အိမ်ဖောက်ခံရတယ် ဒီလိုနဲ့ ကျွန်တော်တို့ နည်းလမ်းရှာပြီးမှ ဒီကိစ္စကို ရှေ့ဆက်ပြီးမှ အမျိုးသားနိုင်ငံရေးနဲ့သွားမယ်ဆိုရင်လည်း ဘယ်လိုသွားမလဲ၊ မြို့ကိုဘယ်လိုပြန်တည်ဆောက်မလဲ၊ ဒီတပ်မတော်ဖက်ကရောဘယ်လိုဖြေလျှော့နိုင်မလဲ၊ အဖြေရှာတာပေါ့။ ဟိုဖက်ဒီဖက်အဖြေရှာပြီးမှ နှစ်ဖက်စလုံး ပေါင်းဖက်မှုနဲ့သွားလာနိုင််တယ်၊ တစ်နိုင်ငံလုံးမှာလည်း ပစ်ခတ်တာလည်းမဟုတ်ဘူး၊ မင်းတပ်တစ်ခုပဲဖြစ်တာ ဒုက္ခရောက်ကြတာ မင်းတပ်မြို့သူမြို့သားတွေပဲ၊ ကျွန်တော်တို့ မြို့မိ/မြို့ဖတွေရဲ့အကြံတခုကို ဟိုဖက်ဒီဖက်ကို ညှိနှိုင်းစေချင်တာပေါ့၊ ဒါကတော့ စစ်ကောင်စီတပ်ဖွဲ့ ဖက်လည်း သဘောတူမှ CDF ဖက်ကလည်းသဘောတူမှပဲ အောင် မြင်မှာ၊ ဒါပေမယ့် သူတို့နှစ်ဖွဲဲ့က ဘာမှ သဘောထားတူညီမှုမရှိသေးတော့၊ ဒါပေမယ့် ကြားကနေဖြေလျှော့တဲ့သူရှိမှ ရန်ပွဲက ငြိမ်းနိုင်မှာအဲ့သဘောပါ။

မေး။ ။ ဆွေးနွေးပွဲကဘယ်လိုပုံစံပြုလုပ်ကြလဲ။

ဖြေ။ ။ တနေရာထဲမှာဆုံပြီးမှ ပြောတာတော့မဟုတ််ဘူး၊ မြို့မိ/မြိုဖကနေ စစ်ကောင်စီတပ်ဖွဲ့နဲ့ သွားညှိနှိုင်းတယ်၊ CDF ဖက်ကိုလည်း သူတို့ရှိတဲ့တနေရာမှာ သွားပြီးတော့ သွားညှိနှိုင်းတယ်၊ မျက်နှာချင်းဆိုင်ပြီးမှ သွားလုပ်တာတော့ ဘာမှမရှိသေးဘူး။ CDF တဖက်ကိုလည်းဆွေးနွေးတယ်၊ စစ်ကောင်စီဖက်ကိုလည်း ဆွေးနွေးတယ်၊ ဟိုဖက်ဒီဖက် အခြေအနေကတော့ ခေါင်းဆိုင်တုန်းပေါ့၊ ဟိုဖက်ဒီဖက် ကမ်းလှမ်းနေတုန်း ဘာအဖြေမှလည်း မပေါက်သေးဘူး၊ စစ်ကောင်စီရဲ့အာဘော်၊ CDF ရဲ့အာဘော် ဟိုဖက်ဒီဖက်ကို ညှိနေတာပေါ့၊ ဒါပေမယ့် ဘာမှတော့ အဖြေမလာသေးဘူး။

မေး။ ။ မင်းတပ်မြို့မိ/မြို့ဖတွေအနေနဲ့ အဓိကဘာတွေကို အကြံပြုညှိနှိုင်းပေးခဲ့တာလဲ။

ဖြေ။ ။ အဓိကတော့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်လို့ရအောင်၊ မိုးတွင်းရောက်လာတဲ့အခါမှာ ဒဏ်ရာရတဲ့လူနာတွေလည်းများတယ် နောက်ပြီးတော့ နေမကောင်းမကျန်းမာတဲ့ မိခင်နဲ့ကလေး ဒုက္ခရောက်တဲ့သူတွေ၊ လူနာတွေကိုလည်း ဆေးရုံဆေးခန်းမရှိဒုက္ခရောက်တဲ့သူတွေ၊ မသေသင့်ပဲနဲ့ သေတဲ့ လူတွေများလာတော့ အဲ့တာ လမ်းကြောင်းကို စစ်ကောင်စီဖက်ကနေလည်း ဘယ်လိုဖြေလျှော့ပေးနိုင်မလဲ ကျွန်တော်တို့နယ်မြေဒေသက တခြားဒေသတွေနဲ့လည်း မတူတဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် စစ်ကောင်စီဖက်လည်း ဖြေလျှော့၊ CDF ဖက်ကလည်း ဗျူဟာပြောင်းပေါ့၊ သဘောကတော့ ကျွန်တော်တို့ကတော့ ဒီကြားထဲကနေဘယ်လိုနည်းနဲ့ အသက်ရူအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ သဘောပါ၊ စားနပ်ရိက္ခာပျက်တဲ့ဟာတွေ၊ ဆေးပေးဆေးခန််းလည်းမရှိဘူး၊ ဆေးရုံလည်းမရှိ၊ လမ်းမှာဖမ်းတာ၊ စစ်ဆေးတာများတော့ ဘယ်သူမှ မသွားရဲမလာရဲ ကြောက်စိတ်ဝင်အကုန်လုံးဖြစ်နေတော့ ဒီတိုင်းလက်ပိုက်နေတော့လည်း သေရုံပဲကျန်တော့တဲ့အခါမှာ မြို့မိမြို့ဖတွေက အသက်စွန့် ပြီးမှ ဘယ်လိုလုပ်လမ်းပေါက်မလဲဆိုတဲ့ဟာမျိုးနည်းလမ်းရှာတာပေါ့။

မေး။ ။ ဆိုတော့ စစ်ကောင်စီနဲ့ CDF ဘက်ကနေ ဘယ်လိုတုန့်ပြန်မှုတွေရှိလဲ။ ဆရာတို့အကြံပြုတင်ပြတဲ့အပေါ်မှာပေါ့။

ဖြေ။ ။ နှစ်ဖက်လုံးက စဉ်းစားနေကြတုန်းပေါ့၊ အဖြေကတော့ ချက်ခြင်းမပေးကြဘူး၊ ဟိုဖက်ဒီဖက် လက်နက်ကိုင်အ ဖွဲ့အစည်းနှစ်ခုဆိုတော့ လွယ််လွယ်နဲ့ပြေလည်ဖို့ကတော့ မလွယ်သေးဘူး၊ မဖြစ်ဖြစ်အောင် လမ်းကြောင်းကတော့ ပြည်သူလူထု ဒုက္ခမရောက်အောင်၊ မိခင်နှင့်ကလေး၊ ကိုယ်ဝန်သည်ကအစ သက်ကြီးရွယ်အို၊နောက် မသန်စွမ်းအဖွဲ့တွေသော်လည်းကောင်း ဘာဖြစ်ဖြစ် အခုချိန်မှာ စားနပ်ရိက္ခာ ငတ််ပြတ်တဲ့ဟာလည်း လူ့အခွင့်အရေးဖက်မှာ ပြန်ကြည့်လို့ရင် ခင်ဗျားတို့ စစ်ကောင်စီတို့ဖက်ကေနလည်း ဖြေလျှော့ပြီးမှ ဖြေလျှော့သင့်တာဖြေလျှော့ပြီးမှ နားလည်သင့်တာနား လည်ပြီးမှနေရင် ကောင်းမလားဆိုတဲ့တင်ပြချက် သူတို့ချက်ချင်းအဖြေအပေးကြသေးဘူး၊ သူတို့စဉ်းစားကြအုံးမှာ။

မေး။ ။ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ CDF တပ်ဖွဲ့တို့အကြား ၁၄ ရက် အပစ်ရပ်ထားတယ်လို့ သိရပါတယ်။

ဖြေ။ ။ မြို့မိ/မြို့ဖဖက်ကတော့ မေတ္တာရပ်ခံတာပေါ့၊ ကျွန်တော်တို့ ဒီလိုမျိုး ညှိနှိုင်းတဲ့ကာလမှာတော့ ပြည်သူ တွေသွားလာတဲ့သူတွေကိုလည်း စစ်ဆေးတာ နည်းနည်းလည်းလျှော့ပေးကြ၊ ဟိုဖက်ဒီဖက်သွားတာ၊ လာတာတွေလည်း အန္တာရာယ်မပြုပေးကြနဲ့ အဓိက ပြည်သူလူထုကောင်းဖို့၊ ပြန်လည်သင့်မြတ်ဖို့လုပ်တာဆိုပြီးမှ မြို့မိမြို့ဖတွေရဲ့ မေတ္တာရပ်ခံ ချက်ပဲ ဒါပေမယ့် သူတို့ဖက်ကတော့ ဟုတ်တယ်လို့ လည်းမပြောကြဘူး၊ မဟုတ်ဘူးလို့လည်းမပြောကြပါဘူးဒါကို။

မေး။ ။ ဒါဆိုရင် ၁၄ ရက်အပစ်ရပ်တယ်လို့လည်း ပြောလို့မရတဲ့သဘောမျိုးလား။

ဖြေ။ ။ ဒါပေါ့။ မေတ္တာရပ်ခံချက်ပဲရှိသေးတာ၊ သူတို့က မေတ္တာရပ်ခံချက်ကို ဟုတ်တယ်လို့ လည်းမပြောကြဘူး၊ မဟုတ်ဘူးလို့လည်းမပြောကြပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီအချိန်ကာလတော့ နည်းနည်းသည်းခံပေးကြ ဟိုဖက်ဒီဖက်သွား လာတဲ့အချိန်ဆိုတော့ မေတ္တာရပ်ခံတဲ့ကြားကာလပေါ့။

မေး။ ။ ဒါဆိုရင် အခုလို ကြားကာလမှာရော စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခေါ်မှာလား။

ဖြေ။ ။ စစ်ဘေးရှောင်တွေက သူတို့နေရာမှာကို ရှိနေကြပါတယ်၊ မြို့ပေါ်ကို တချို့လာကြပေမယ့် ကြောက်လို့ ဘယ်သူမှကို မလာရဲဘူး၊ လာတဲ့သူက လာပေမယ့် အသက်စွန့်ပြီးမှ အိမ်ကိုခနလာကြည့် အိမ်တွေ အဖောက်ခံရတော့ စိတ်မကောင်းလို့ အဲ့လိုနည်းနည်းပါးပါး တယောက်တလေ လာပြီးမှ သူ့အိမ်ကိုယ့်အိမ်ကြည့်ကြတာပေါ့ သဘောပဲရှိတယ်၊ ရှင်းရှင်းပြောရရင် လုံခြုံမှုကဘာမှမှရှိတော့ဘူး။

မေး။ ။ အခုမင်းတပ်မြို့ပေါ်အခြေအနေက ဘယ်လိုရှိနေလဲ။

ဖြေ။ ။ မင်းတပ်မြို့က အားလုံးတိတ်စိတ်နေတယ်အကုန်းလုံး အရှေ့၊ အနောက်၊ တောင်၊မြှောက်ပေါ့၊ သွားကြပြီ၊ အိမ်တွေကို စွန့််ပြီးမှ သွားကြတော့ အိမ်တွေလည်း အဖောက်ခံရဆိုတော့ တန်ဖိုးရှိပစ္စည််း တွေလည်း အောက်ပြည်အောက်သားတွေက သူ့ပစ္စည်း ကိုယ့်ပစ္စည်းမှန်းမသိ ပိုင်ရှင်မှန်းမသိလာပြီးမှ အဲ့ဒီပစ္စည်းတွေကို ကားနဲ့ သယ်ကြ၊ ပြည်သူတွေကြတော့ အပြင်မထွက်ရဲအဲ့လိုတွေ၊ ပြီးခဲ့တဲ့ ၂၀ ရက်ကနေ ၃၀ ရက်အထိက အောက်ပြည်သားဗမာတွေက ပစ္စည်းတွေလာသယ်ကြတယ်၊ ချင်းတွေကမပါဘူး။အဲ့လိုအခြေအနေရှိတယ်။ အခု မြို့ထဲမှာက ဘုရားကျောင်းမှာ လူပေါင်း ၃၀၀ ပတ်ဝန်းကျင်ရှိတယ်၊ RC ကျောင်းနဲ့ ဘုုန်းကြီးကျောင်းမှာလည်းရှိတယ်၊ ဘုရားကျောင်းမှာခိုလုံရင်းနဲ့ ခနတဖြုတ်သွားကြည့် ပြန်လာအိပ်အဲ့လိုမျိုးပေါ့။

မေး။ ။ စစ်ဘေးရှောင်တွေရဲ့ အခြေအနေကရော ဘယ်လောက်အထိအခြေအနေဆိုးရွားနေလဲ။

ဖြေ။ ။ စစ်ဘေးရှောင်အဖွဲ့တွေက အိမ်ကိုလည်းပြန်မရောက် ၊စစ်ကောင်စီက စစ်တိုက်တယ်ဆိုတော့ တရွာပြီးတရွာ ပြန်ပြောင်းပြောင်းရွေ့ဆိုတော့ တော်တော်လေးကို ဒုက္ခရောက်ကြတယ်၊ စားနပ်ရိက္ခာတွေလည်း တော်တော်များများကို ပြတ်နေပြီ၊ အခုကတော့ စစ်ဘေးရှောင်ရင်းစားနပ်ရိက္ခာပြတ်တာက တဖွဲ့၊ တချို့ကြတော့ စစ်မြေပြင်မဖြစ်သေးတဲ့ နေရာတွေ ကလည်း ဒီမင်းတပ်မြို့ကို ကုန်စီးဆင်းမှု၊ ကုန်သွယ်မှုကိုအားကိုးပြီးမှ အပတ်တိုင်း၊လတိုင်းလာ ဝယ်တဲ့ အဖွဲ့တွေကို သူတို့က ဝယ်စရာမရှိ၊ စျေးရောင်းသူမရှိ၊ လမ်းမှာလည်း လွတ်လွတ်လပ်လပ်လည်း သွားလာလို့မရတဲ့အတွက်ကြောင့် ကြောက်စိတ်များတော့ ရွာမှာလည်း အဲ့လိုပဲ စားနပ်ရိက္ခာ တွေလည်းပြတ်လာတယ်တော်တော်များများ၊ နောက်ပြီး ကိုယ်လိုချင်သလောက်လည်း သယ်လို့ လည်းမရ၊ ကားတွေလည်း အစစ်ခံရတယ်၊ ပစ္စည်းတွေလည်းများများသယ်လို့မရဖြစ်တဲ့အခါမှာ အခက်အခဲတွေရှိနေတယ်၊ ဒါပေမယ့် ခရစ်ယာန်ဘုန်းကြီးတွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေက နည်းလမ်းအစွမ်းကုန်ရှာပြီးမှ အတတ်နိုင်ဆုံးကတော့ လက်လှမ်းမှီသလောက်ကတော့ အနည်း ငယ်ပံ့ပိုးမှုတွေ လုပ်ထားတယ်၊ တော်တော်များများ တမြို့နယ်လုံးကို လွမ်းခြုံ အောင်တော့ ဘာမှမလုပ်ဖြစ်သေးဘူး၊ နောက်ပြီးတော့ NGO/INGO တို့ကတော့ ဘာမှမလာသေးဘူး၊ တချို့တော ရွာတွေမှာ စစ်ဘေးရှောင်တွေဖွင့်ကြတယ် ဆေးဝါးတွေလည်းပေးတယ်၊ စားနပ်ရိက္ခာတွေလည်း နည်းနည်း တသီးပုဂ္ဂိုလ်တွေက ပါဝင်လှူဒါန်းတာတွေတော့လုပ်ကြတာပေါ့၊ တချို့ပြန်ပြေးကြတော့ ဆန်တွေလည်း အနည်းငယ်ရှိတဲ့ ထားခဲ့ နောက်တနေရာမှာပြန်ပြေး ဟိုမှာကကြိုတင်စုဆောင်းထား တာမရှိ၊ စားစရာတွေလည်းမရှိ၊ အခက်အခဲတွေ လည်းကြုံနေရတယ်၊ တနေရာရွေ့ပြီး စစ်ဘေး ရှောင်ဖွင့်တယ် စစ်ကောင်စီက ပြန်လိုက်ပြန်ပစ်ရော အဲ့တာနဲ့ပြန်ပြေးရတာပေါ့။

မေး။ ။ နောက်ဆုံး ဆရာ့အနေနဲ့ တခြားဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ ဖြစ်စေချင်တာကတော့ ဘာပဲဖြစ်ဖြစ် ပြန်လည်ပြီးမှ အေးချမ်းဖို့ တည်ငြိမ်ဖို့ ကျွန်တော်တို့ ခရစ်ယာန်ဘာသာ တရားရဲ့ကျင့်ထုံးစဉ်အရတော့ပြန်လည်ငြိမ်းချမ်းဖို့ပဲလိုချင်တာပေါ့၊ ဒါ စစ်ကောင်စီဖက်သော်လည်းကောင်း၊ ပြည်သူဖက်ကသော်လည်းကောင်း အဖြေရှာပြီးမှ အဲ့တာပဲ အဓိကအမြန်ဆုံးပေါ်ပေါက်လာဖို့ပဲ ဆုတောင်းရတာပေါ့၊ ဒီအတိုင်းဆိုရင်တော့ လူမျိုးပျောက်၊ မြိုပျက်အဲ့လိုပဲဖြစ်လာမှာ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရေးလိုအပ်ဟု CNF ဥက္ကဌ ပြော

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် Pu Kawl Lian Thang နှင့် ဒုဥက္ကဌအဖြစ် ဦးသန့်စင်ဦးတို့ ရွေးချယ်တင်မြောက်

အမျိုးသားလွှတ်တော် ဥက္ကဌနှင့် ဒု-ဥက္ကဌအဖြစ် အောင်လင်းဒွေးနှင့် Jeng Phang နော်တောင်တို့ကို တင်မြှောက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.