Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒီမိုကရေစီလိုလားသူများအား အကာအကွယ်မပေးနိုင်ပါက အိန္ဒိယကို ဒီမိုကရေစီနိုင်ငံဟု သတ်မှတ်၍မရ – MZP ဥက္ကဌ

ဒီမိုကရေစီလိုလားသူများအား အကာအကွယ်မပေးနိုင်ပါက အိန္ဒိယကို ဒီမိုကရေစီနိုင်ငံဟု သတ်မှတ်၍မရ – MZP ဥက္ကဌ

0
By Editor on March 17, 2021 Headline
#Unicode
ရစ်ချက် – မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကာ ဒီမိုကရေစီရရှိရေးအတွက် အကြမ်းမဖက်နည်းလမ်းဖြင့် တိုက်ပွဲဝင် နေကြသည့် ဒီမိုကရေစီလိုလားသောပြည်သူများအား အကာအကွယ်မပေးနိုင်ပါက အိန္ဒိယကို ဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်၍ မရကြောင်း မီဇိုးကျောင်းသားသမဂ္ဂ (MZP) ဥက္ကဌ Pu B.Vanlaltana ကပြောသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မတ်လ ၁၆ ရက်ညက မီဇိုးကျောင်းသားသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ပြုလုပ်သည့် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုတွင် စစ်တပ်မှအကြမ်းဖက်ဖြိုခွင်းခံမှု ကြောင့်ကျဆုံးသွား ကြသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားတွင် MZP ဥက္ကဌက ထိုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“၁၉၆၆ ခုနှစ်မှာ မီဇိုရမ်ပြည်နယ်ဟာ အခက်အခဲနဲ့တွေ့ကြုံရတယ်။ မီဇိုရမ်ကပြည်သူထုတွေဟာ မြန်မာနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့အချိန်မှာ မြန်မာပြည်သွေးချင်းညီအကိုတွေက လုံခြုံအောင်ထားပေးကြတယ်။ ဒီကနေ့မှာလည်း ကျနော်တို့ မြန်မာပြည်က ညီအကိုတွေ ပူပင်သောကရောက်နေကြရတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီဖြစ်တယ်လို့ပြောကြတယ်။ ဒီမိုကရေကိုလိုလာပြီးတော့ အကြမ်းမဖက်တဲ့နည်းနဲ့ မိမိအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသူများကို အကာအကွယ်မပေးနိုင်ဘူးဆိုရင် အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့မရဘူး။” ဟု MZP ဥက္ကဌကပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ယနေ့ချိန်ထိတစ်နိုင်ငံလုံးတွင် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုဖြစ်ပွားလျက် ရှိပြီး ရဲတပ်ဖွဲ့အပါအဝင် အစိုးရဝန်ထမ်းများကလည်း စစ်အာဏာရှင်စနစ်အောက်တွင်အလုပ်လုပ်လိုတော့သည့်အတွက် Civil Disobedience Movement- CDM လှုပ်ရှားမှုပူးပေါင်းပါဝင်လာကာ လုံခြုံရေးအခြေအနေကြောင့် အိမ်နီးချင်း မီဇိုရမ် ပြည်နယ်တွင် အယောက် ၄၀၀ ခန့်ထွက်ပြေးခိုလုံနေကြရသည်။
မီဇိုရမ်ပြည်နယ်ဘက်သို့ လာရောက်ခိုလုံသူထဲမှ အယောက် ၁၅၀ ခန့်သည် ရဲတပ်ဝင်များဖြစ်ကြပြီး အိန္ဒိယဗဟိုအစိုးရအ နေဖြင့် အိန္ဒိယသို့ဝင်ရောက်ခိုလုံသူများကို နေရပ်ပြန်ပို့မည်မဟုတ်ကြောင်းပြောဆိုနေသော်လည်း နောက်ထပ်ဝင်ရောက် ခိုလုံမည့်သူများအား ဟန့်တားသည့်အနေဖြင့် နယ်စပ်တစ်လျှောက်တွင် အာသံစစ်တပ်များချထားကာ မီဇိုရမ်ပြည်နယ် အစိုးရ၏ စစ်ဘေးဒုက္ခသည်များကူညီထောက်ပံ့မည့်အစီစဉ်များကိုလည်း ပြန်လည်ရုပ်သိမ်းခိုင်းခဲ့သည်။
မတ်လ ၁၆ ရက်နေ့ကပြုလုပ်သော အိန္ဒိယဗဟိုလွှတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် (Rajay Sabha MP) Pu K.Vanlalvena က အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံရေးအခြေအနေကြောင့် ထွက်ပြေးခိုလုံလာကြ သောမြန်မာနိုင်ငံသားများ နေရပ်ပြန်မပို့ဆောင်ရေး ဆွေးနွေးတင်ပြခဲ့သည်။
ယင်းလွှတ်တော်အစည်းအဝေးတွင် Pu K. Vanlalvena က “ အိန္ဒိယဗဟိုအစိုးရအနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေး ခိုလှုံဖို့လာကြတဲ့ ဒုက္ခသည်များကို ဟန့်တားပေးဖို့ပြောဆိုတာကို မီဇိုးပြည်သူလူထုအနေနဲ့ လုံးဝနားလည်နိုင်စရာ အကြောင်းမရှိဘူး၊ မီဇိုရမ်ကိုထွက်ပြေးခိုလှုံလာသူတွေဟာ မိမိတို့အမျိုးအနွယ်တွေဖြစ်တယ်၊ သေဖို့အတွက် ပြန်လည်လွှဲပြောင်းပေးလိုက်တာမျိုးဟာ လုံးဝမလုပ်သင့်ဘူး။ မြန်မာပြည်အခြေအနေ မတည်ငြိမ်မချင်း ပြန်ပို့ဖို့မဖြစ်နိုင်ဘူး” ဟုပြောဆိုခဲ့သည်။
#Zawgyi
ရစ္ခ်က္ – ျမန္မာႏိုင္ငံတြင္ စစ္အာဏာရွင္စနစ္ဆန္႔က်င္ကာ ဒီမိုကေရစီရရွိေရးအတြက္ အၾကမ္းမဖက္နည္းလမ္းျဖင့္ တိုက္ပြဲ၀င္ ေနၾကသည့္ ဒီမိုကေရစီလိုလားေသာျပည္သူမ်ားအား အကာအကြယ္မေပးႏိုင္ပါက အိႏိၵယကို ဒီမိုကေရစီႏိုင္ငံအျဖစ္ သတ္မွတ္၍ မရေၾကာင္း မီဇိုးေက်ာင္းသားသမဂၢ (MZP) ဥကၠဌ Pu B.Vanlaltana ကေျပာသည္။
အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ အိုင္ေဇာလ္ၿမိဳ႕တြင္ မတ္လ ၁၆ ရက္ညက မီဇိုးေက်ာင္းသားသမဂၢ၏ ဦးေဆာင္မႈျဖင့္ ျပဳလုပ္သည့္ ျမန္မာႏိုင္ငံအတြင္း စစ္အာဏာရွင္စနစ္ဆန္႔က်င္ဆႏၵေဖာ္ထုတ္မႈတြင္ စစ္တပ္မွအၾကမ္းဖက္ၿဖိဳခြင္းခံမႈ ေၾကာင့္က်ဆံုးသြား ၾကသူမ်ားအတြက္ ေအာက္ေမ့ဖြယ္အခမ္းအနားတြင္ MZP ဥကၠဌက ထိုကဲ့သို႔ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“၁၉၆၆ ခုႏွစ္မွာ မီဇိုရမ္ျပည္နယ္ဟာ အခက္အခဲနဲ႕ေတြ႕ႀကံဳရတယ္။ မီဇိုရမ္ကျပည္သူထုေတြဟာ ျမန္မာႏိုင္ငံကို ထြက္ေျပးခိုလံႈခဲ့ၾကတဲ့အခ်ိန္မွာ ျမန္မာျပည္ေသြးခ်င္းညီအကိုေတြက လံုၿခံဳေအာင္ထားေပးၾကတယ္။ ဒီကေန႕မွာလည္း က်ေနာ္တို႕ ျမန္မာျပည္က ညီအကိုေတြ ပူပင္ေသာကေရာက္ေနၾကရတယ္။ အိႏိၵယႏိုင္ငံဟာ ကမၻာ့အႀကီးမားဆံုး ဒီမိုကေရစီျဖစ္တယ္လို႕ေျပာၾကတယ္။ ဒီမိုကေရကိုလိုလာၿပီးေတာ့ အႀကမ္းမဖက္တဲ့နည္းနဲ႕ မိမိအခြင့္အေရးအတြက္ တိုက္ပြဲဝင္ေနၾကသူမ်ားကို အကာအကြယ္မေပးႏိုင္ဘူးဆိုရင္ အိႏိၵယႏိုင္ငံဟာ ဒီမိုကေရစီႏိုင္ငံလို႕ သတ္မွတ္လို႔မရဘူး။” ဟု MZP ဥကၠဌကေျပာသည္။
ျမန္မာႏိုင္ငံတြင္ စစ္အာဏာသိမ္းမႈျဖစ္ပြားၿပီးေနာက္ ယေန႔ခ်ိန္ထိတစ္ႏိုင္ငံလံုးတြင္ ဆန္႔က်င္ဆႏၵေဖာ္ထုတ္မႈျဖစ္ပြားလ်က္ ရွိၿပီး ရဲတပ္ဖြဲ႔အပါအ၀င္ အစိုးရ၀န္ထမ္းမ်ားကလည္း စစ္အာဏာရွင္စနစ္ေအာက္တြင္အလုပ္လုပ္လိုေတာ့သည့္အတြက္ Civil Disobedience Movement- CDM လႈပ္ရွားမႈပူးေပါင္းပါ၀င္လာကာ လံုျခံဳေရးအေျခအေနေၾကာင့္ အိမ္နီးခ်င္း မီဇိုရမ္ ျပည္နယ္တြင္ အေယာက္ ၄၀၀ ခန္႔ထြက္ေျပးခိုလံုေနၾကရသည္။
မီဇိုရမ္ျပည္နယ္ဘက္သို႔ လာေရာက္ခိုလံုသူထဲမွ အေယာက္ ၁၅၀ ခန္႔သည္ ရဲတပ္၀င္မ်ားျဖစ္ၾကၿပီး အိႏိၵယဗဟိုအစိုးရအ ေနျဖင့္ အိႏိၵယသို႔၀င္ေရာက္ခိုလံုသူမ်ားကို ေနရပ္ျပန္ပို႔မည္မဟုတ္ေၾကာင္းေျပာဆိုေနေသာ္လည္း ေနာက္ထပ္၀င္ေရာက္ ခိုလံုမည့္သူမ်ားအား ဟန္႔တားသည့္အေနျဖင့္ နယ္စပ္တစ္ေလွ်ာက္တြင္ အာသံစစ္တပ္မ်ားခ်ထားကာ မီဇိုရမ္ျပည္နယ္ အစိုးရ၏ စစ္ေဘးဒုကၡသည္မ်ားကူညီေထာက္ပံ့မည့္အစီစဥ္မ်ားကိုလည္း ျပန္လည္႐ုပ္သိမ္းခိုင္းခဲ့သည္။
မတ္လ ၁၆ ရက္ေန႔ကျပဳလုပ္ေသာ အိႏိၵယဗဟိုလႊတ္ေတာ္အစည္းအေ၀းတြင္ မီဇိုရမ္ျပည္နယ္အထက္လႊတ္ေတာ္အမတ္ (Rajay Sabha MP) Pu K.Vanlalvena က အိႏိၵယအစိုးရအေနျဖင့္ ႏိုင္ငံေရးအေျခအေနေၾကာင့္ ထြက္ေျပးခိုလံုလာၾက ေသာျမန္မာႏိုင္ငံသားမ်ား ေနရပ္ျပန္မပို႔ေဆာင္ေရး ေဆြးေႏြးတင္ျပခဲ့သည္။
ယင္းလႊတ္ေတာ္အစည္းအေ၀းတြင္ Pu K. Vanlalvena က “ အိႏိၵယဗဟိုအစိုးရအေနနဲ႕ ျမန္မာႏိုင္ငံကေန ထြက္ေျပး ခိုလံႈဖို႕လာၾကတဲ့ ဒုကၡသည္မ်ားကို ဟန္႕တားေပးဖို႕ေျပာဆိုတာကို မီဇိုးျပည္သူလူထုအေနနဲ႕ လံုးဝနားလည္ႏိုင္စရာ အေၾကာင္းမရွိဘူး၊ မီဇိုရမ္ကိုထြက္ေျပးခိုလံႈလာသူေတြဟာ မိမိတို႔အမ်ဳိးအႏြယ္ေတြျဖစ္တယ္၊ ေသဖို႕အတြက္ ျပန္လည္လႊဲေျပာင္းေပးလိုက္တာမ်ဳိးဟာ လံုးဝမလုပ္သင့္ဘူး။ ျမန္မာျပည္အေျခအေန မတည္ၿငိမ္မခ်င္း ျပန္ပို႕ဖို႕မျဖစ္ႏိုင္ဘူး” ဟုေျပာဆိုခဲ့သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.