Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ဆန္ဒပြမှုတွင် ကူညီပေးခဲ့‌သော ရဲစခန်းမှူးအား CRC မှ ကျေးဇူးတင် လက်ဆောင်ပေးအပ်

ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ဆန္ဒပြမှုတွင် ကူညီပေးခဲ့‌သော ရဲစခန်းမှူးအား CRC မှ ကျေးဇူးတင် လက်ဆောင်ပေးအပ်

0
By Editor on August 12, 2025 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် ချင်းဒုက္ခသည်ကော်မတီ (CRC) ဦးဆောင်မှုဖြင့် တစ်လကြာ ဆင်နွှဲခဲ့သည့် ဒုက္ခသည်အခွင့် အရေးဆိုင်ရာ ဆန္ဒပြမှုအတွင်း ကူညီထောက်ပံ့ပေးခဲ့သော ဗီကပ်စ်ပူရီ ရဲစခန်းမှူးအား ကျေးဇူးတင်ကြောင်း CRC က လက်ဆောင်ပေးအပ်ခဲ့သည်။

ယမန်နေ့ ညနေ ၄ နာရီတွင် CRC ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က နယူးဒေလီမြို့ ဗီကပ်စ်ပူရီ ရဲစခန်းမှူး (SHOP) အား ချင်းရိုးရာဝတ်စုံ၊ ကျေးဇူးတင်လက်မှတ်နှင့် သစ်သီးဝလံများ ဂုဏ်ပြုပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာဒုက္ခသည်များသည် UNHCR နယူးဒေလီရုံးအပြင်ဘက်တွင် ၎င်းတို့၏ အခွင့်အရေးများအတွက် ဇူလိုင် ၇ ရက်မှ ဩဂုတ် ၇ ရက်အထိ တစ်လကြာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

ဗီကပ်စ်ပူရီ ရဲစခန်းမှ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြနေစဉ်အတွင်း လုံခြုံရေးအနှောက်အယှက် မပေးခဲ့သည့် အပြင် UNHCR အကြီးအကဲ Chief of Mission နှင့် တွေဆုံနိုင်ရန် ရဲစခန်းမှူးက ကြားဝင်ညှိနှိုင်းပေးခဲ့သည်ဟု CRC က ဆိုသည်။

ဆန္ဒပြ တစ်လပြည့်သည့် ဩဂုတ် ၇ ရက်က UNHCR, Chief of Mission နှင့် CRC ခေါင်းဆောင်များ အစည်းအဝေးပြု လုပ်ရန် စီစဉ်ထားသော်လည်း Chief of Mission မှ လုံခြုံရေးအကြောင်းပြကာ ဖျက်သိမ်းခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့၏ ကြားဝင်ညှိနှိုင်းမှုဖြင့် နောက်ဆုံးတွင် တွေ့ဆုံ‌ဆွေးနွေးခွင့် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဩဂုတ်လ ၈ရက် မနက်ပိုင်းတွင် UNHCR, Chief of Mission ခေါင်းဆောင်သည့် တာဝန်ရှိသူများနှင့် CRC (OB) များသည် ၃ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် နှောင့်နှေးကြန့်ကြာခဲ့သော Refugee Status Determination (RSD) အင်တာဗျူးများကို မြန်မာပြည်သားများအတွက် အမြန်ဆုံး အထူးလုပ်ဆောင်ပေးရန် Chief of Mission က ကတိပြုခဲ့ ကြောင်း CRC ထံမှ သိရသည်။

ထို့အပြင် မြန်မာဒုက္ခသည်များ၏ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးနှင့် တတိယနိုင်ငံအခြေချရေးကိစ္စများအတွက် လာမည့် အစည်းအဝေးတွင် အသေးစိတ်ဆက်လက်ဆွေးနွေးသွားရန် သဘောတူမှုရရှိခဲ့ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.