Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒုက္ခသည်အခွင့်အရေးအတွက် နယူးဒေလီတွင် မြန်မာဒုက္ခသည်များ ဆန္ဒပြမည်

ဒုက္ခသည်အခွင့်အရေးအတွက် နယူးဒေလီတွင် မြန်မာဒုက္ခသည်များ ဆန္ဒပြမည်

0
By Editor on June 16, 2025 Headline

(004SS)

ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ဒုက္ခသည်များ၏ အခွင့်အရေးများ တောင်းဆိုရန် နယူးဒေလီမြို့ရှိ မြန်မာဒုက္ခသည်များက ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်မည်ဟု ချင်းဒုက္ခသည်ကော်မတီ (CRC) ၏ ကြေညာချက်အရ သိရသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပွဲကို ဇွန်လ ၂၀ ရက်‌နေ့ နေ့လည် ၂ နာရီတွင် နယူးဒေလီမြို့၊ ဂျန်တားမန်တားရပ်ကွက်၌ ကျင်းပကြမည်ဖြစ်ပြီး ဒုက္ခသည် အဖြစ်အသိအမှတ်ပြုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေး အထောက်အပံ့များ တိုးမြှင့်ပေးရေးတို့အပါအဝင် ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုသွားမည်ဟု ချင်းဒုက္ခသည်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အရင်နှစ် refugees Day တွေမှာ ဒုက္ခသည်တွေက သူတို့ဟာသူတို့ နေထိုင် စားသောက်‌ရေးအဆင်ပြေနေပါပြီ။ သူတို့က တတိယနိုင်ငံလဲ သွားစရာမလိုတော့ဘူး။ သူတို့ဟာသူတို့ လုပ်နိုင်ပြီဆိုပြီး recommendation တွေကောင်းကောင်း ပြုစုခဲ့ကြတယ်လေ။ ဒီမှာကျတော့ တစ်ချို့က ရာသီဉတုမခံနိုင်တာကအစပေါ့ ငွေရေးကြေးရေးမှာ ဖြစ်စေ၊ ကျန်းမာရေး ပညာရေးမှာ အခက်အခဲ များစွာရှိတယ်။ ဒါပေမဲ့ အထက်လူကြီး‌တွေရဲ့အမြင်မှာကျတော့ ဒုက္ခသည်တွေက အဆင်ပြေကြ တယ်။ သူတို့ရဲ့ လိုအပ်ချက်မှန်သမျှ Bosco ဖြစ်စေ၊ UN partners တွေက အကုန်ဖြည့်‌ဆည်းပေးတယ်လို့ မြင်တာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှာ ဖြစ်တယ်” ဟု CRC New Delhi မှ တာဝန်ရှိသူက ပြောသည်။

၁၉၅၁ ခုနှစ်မှစတင်၍ ကမ္ဘာ့ဒုက္ခသည်များနေ့သည် ယခုနှစ်တွင် ၇၄ နှစ်ပြည့်သော်လည်း၊ အိန္ဒိယနိုင်ငံရှိ မြန်မာဒုက္ခသည် အများစုအား UNHCR က တရားဝင် အသိအမှတ်ပြုထားခြင်းမရှိဘဲ ကာကွယ်စောင့်လျှောက်မှု မလုံလောက်ခြင်များ ရင်ဆိုင်နေရသည်ဟု CRC က ဆိုသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း နယူးဒေလီသို့ ခိုလှုံလာကြသည့် မြန်မာနိုင်ငံသားများ သည် နိုင်ငံရေး အကြပ်အတည်းနှင့် လုံခြုံရေး ခြိမ်းခြောက်မှုများကြောင့် မိမိတို့၏ နေရပ်များသို့ ပြန်လည်နေထိုင်နိုင်မည့် အခြေအနေမရှိသေးပေ။

သို့ သော်လည်း ၎င်းတို့အား ယနေ့အထိ ဒုက္ခသည်အဖြစ် သတ်မှတ်ခံရခြင်းမရှိသေးပေ။

“မြန်မာပြည်မှာ ယနေ့အထိ တိုက်ပွဲတွေဖြစ်ပြီးပြည်သူတွေ ဒုက္ခရောက်နေတာ အားလုံး အသိပါ။ မြန်မာပြည်မှာ Covid ဖြစ်ပြီးနောက် မင်းအောင်လှိုင်ကအာဏာသိမ်းလာတယ်။ တစ်နိုင်ငံလုံးနေရာအနှံ့မှာ PDF တွေနဲ့ တိုက်ပွဲဖြစ်တယ် ယနေ့အထိပေါ့။ နောက် ငလျင်ထပ်လာတယ်။ ပြည်သူတွေ အသက်အိုးအိမ်အများကြီး ဆုံးရှုံးရတယ်။ ပြည်သူတွေ ဒုက္ခရောက်နေကြတယ်။ ဒါလဲ တစ်ကမ္ဘာလုံးအသိပါ။ ဒါပေမဲ့ UNHCR ကယနေ့အထိ အသိအမှတ်မပြုပေးဘူး။ အခု ၂၀၂၁ နောက်ပိုင်းရောက်တဲ့သူတွေဆို ဒုက္ခသည်ကဒ်မရကြသေးဘူးလေ။ ဒါကြောင့်ကျွန်တော်တို့ကို ဒုက္ခသည်အဖြစ် လက်ခံ ပေးဖို့ လိုလားတာပေါ့နော်“ ဟု CRC မှ တာဝန်ရှိသူက ပြောသည်။

မြန်မာဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်များကို စာတမ်းများဖြင့်ဖော်ပြကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်ဟု သိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် နယူးဒေလီရှိ မြန်မာနိုင်ငံသားများအားလုံး ပါဝင်ပေးကြရန် CRC က ဖိတ်ကြားထားပြီး ဒုက္ခသည် အခြေအနေများ ပိုမိုကောင်းမွန်လာစေရေး နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ရယူရန် ရည်ရွယ်‌ကြောင်း သိရသည်။

ဗိုဒဲလားမှလာမည့်သူများအတွက် ညောင်ညိုပင် (အောက်စဖော့ကျောင်းအနီး) တွင်လည်းကောင်း၊ C1 မှလာမည့်သူများအတွက် C1 ဘာစ်ကားမှတ်တိုင်တွင်လည်းကောင်း ဟာစတားမှ လာမည့်သူများကို နေ့လည် ၁၂ နာရီတွင် ဘစ်ကားအကြိုရှိမည်ဖြစ်ကြောင်း CRC က ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.