Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒုတပ်ရင်းမှူးနှင့် ဖခင်ပါစတာကို ယမန်နေ့က အတူယှဉ်တွဲသဂြိုလ်၊ စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု CDF ကန်ပက်လက် တပ်မဟားမှူး ပြော

ဒုတပ်ရင်းမှူးနှင့် ဖခင်ပါစတာကို ယမန်နေ့က အတူယှဉ်တွဲသဂြိုလ်၊ စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု CDF ကန်ပက်လက် တပ်မဟားမှူး ပြော

0
By Editor on November 13, 2023 Headline

(006SV)

CDF – ကန်ပက်လက်၊ တူမီးတပ်ရင်း၏ ဒု-တပ်ရင်းမှူးနှင့် သူ၏ ဖခင်ဓမ္မအမှူတော်ဆောင်ပါစတာတို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်က ကန်ပက်မြို့တစ်နေရာမှာ အတူယှဉ်ပြီး တစ်ပြိုက်နက် သဂြိုလ်ခဲ့ကြသည်။

“မနေ့ကမှ သဂြိုလ်ဖြစ်ပါတယ်။ သူတို့ မိသားစုတွေ အကုန်ပြန်စုံတယ်။ ခရစ်ယာန်ဓလေ့ထုံတမ်းအတိုင်းပဲ သဂြိုလ်ပါတယ်။ ဒုတပ်ရင်းမှူးကိုတော့ တပ်လုပ်ထုံလုပ်နည်းနဲ့လည်း သဂြိုလ်ပါတယ်။ မိတ်ဆွေတွေ၊ ပြည်သူတွေ တက်ကြပါတယ်။ အုပ်ချုပ်ရေး ဘက်က ဌာနဆိုင်ရာတွေရော၊ ပါစတာအသိုင်းအဝိုင်းရောပေါ့နော်” ဟု ကန်ပက်လက် ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၇ ရက် ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရသော ခရစ်ယာန်ဓမ္မအမှူတော်ဆောင် ပါစတာ ဦးမာန်ကီး သည် မကွေးတိုင်း၊ ဆောမြို့သို့ ရောက်ရှိ၍ အသိမိတ်ဆွေတစ်ဦးနှင့် စကားပြောနေစဉ် အရပ်ဝတ် စစ်သားတစ်ဦးက အနီးကပ် ဦးခေါင်းကို ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု CDF ကန်ပက်လက်မှ တာဝန်ရှိသူများက ပြောသည်။

ထို့နောက် စစ်သားများ ၂၀ ခန့် အလျိုလျိုပေါ်လာ၍ ကင်းပုန်ဝတ်ပြီးနောက် ဆောမြို့အနီး တာဝန်ဖြင့်ရောက်နေသော CDF ကန်ပက်လက်၊ တူမီးတပ်ရင်းမှ ဒု-တပ်ရင်းမှူးလည်းဖြစ်သူ၊ ခရစ်ယာန်ဓမ္မအမှူတော်ဆောင် ပါစတာ ဦးမာန်ကီး၏ သားဖြစ်သူ ဒု-တပ်ရင်းမှူး ဆလိုင်းလှေ့မာန်ကိုပါ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ပြည်သူတစ်ယောက်ကို အကြောင်းမဲ့ ပစ်ခတ်၊ သတ်သွားကြတဲ့အပေါ်မှာ ကျနော်တို့ ဘက်က ပြင်းပြင်းထန်ထန်ပြန်ပြီး တုန့်ပြန်သွားမှာဖြစ်တယ်။ စစ်ရေးအရ ဘယ်အချိန် ဘယ်မှာကိုတော့ ပြောလို့ မရဘူး။ မရပေမယ့် ကျနော်တို့ ပြင်းပြင်းထန်ထန်ကို တုံ့ပြန်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ ဒုရင်းမှူးလည်းပဲ သူ့အဖေကို သွားကြည့်တဲ့ နေရာမှာ အပစ်ခံလိုက်ရတဲ့ အ နေအထားဆိုတော့ ပိုပြီးတော့ သားအဖ နှစ်ဦးစလုံး ဖြစ်တဲ့အခါမှာ။ ဒု-ရင်းမှူးကလည်း ဘာမှလက်နက်မပါပဲနဲ့ သူ့အဖေကိုသွားကြည့်တာပဲ ဖြစ်ပါတယ်။ အဲဒါကို စောင့်ပြီး ပစ်သွားကြတာပါ” ဟု CDF ကန်ပက်လက် တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။

ခရစ်ယာန်ဓမ္မအမှူတော်ဆောင် ပါစတာ ဦးမာန်ကီး၏ သားဖြစ်သူ လှေမာန်သည် CDF ကန်ပက်လက်၊ တူမီးတပ်ရင်းမှ ဒု-တပ်ရင်းမှူးဖြစ်ပြီး နောက်ထပ်သားအငယ်တစ်ဦးမှာလည်း တူမီးတပ်ရင်း ရဲဘော်တစ်ဦးဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်အတွင်း စစ်ကိုင်း – ချင်းအစပ်က ခမ်းပိတ်မြို့သိမ်းတိုက်ပွဲ၊ မြောက်စည်းရဲစခန်းတိုက်ပွဲ အပါအဝင် ချင်းမြောက်ပိုင်းဘက်က စစ်ဆင်ရေးများတွင် CNF/ CNA၊ CNDF၊ PDF-Zoland နှင့် CDF – ကန်ပက်လက်မှ ရဲဘော် စုစုပေါင်း ၁၀ ဦးဝန်းကျင် ကျဆုံးခဲ့ရပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.