Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒု-သမၼတ ဦးဟင္နရီဗန္ထီးယူ ေရြးေကာက္ပြဲၿပီးဆံုးသည္အထိ ထန္တလန္ၿမိဳ႕တြင္ ရွိေနမည္

ဒု-သမၼတ ဦးဟင္နရီဗန္ထီးယူ ေရြးေကာက္ပြဲၿပီးဆံုးသည္အထိ ထန္တလန္ၿမိဳ႕တြင္ ရွိေနမည္

0
By Editor on October 27, 2020 Headline

#Unicode

ချင်းပြည်နယ်သို့ ရောက်ရှိနေသည့် နိုင်ငံတော် ဒုသမ္မတ (၂) ဦးဟင်နီရီဗန်ထီးယူသည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်မှုကို ကြည့်ရှုစစ်ဆေးပြီးနောက် သူ၏မဲဆန္ဒနယ်မြေ ထန်တလန်မြို့တွင် ရွေးကောက်ပွဲပြီးဆုံးသည်အထိ ဆက်နေသွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောင်ခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“သူကဒီမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ၂ ရက် ၃ ရက်လောက်ကြည့်ရှုပြီးရင် ထန်တလန်ကိုသွားဖို့ရှိပါတယ်၊ ထန်တလန်မှာ သူလည်းရွေးကောက်ပွဲဝင်တယ်ဆိုတော့ သူ့ထန်တလန်မြို့နယ်ထဲမှာတော့ စည်းရုံးရေးလုပ်ငန်းစဉ် တွေအနေနဲ့သွားမှာ၊ ရွေးကောက်ပွဲပြီးတဲ့အထိ သူရှိနေမှာပေါ့ မဲဆွယ်ပြီး ဆန္ဒမဲပြီးမှပဲ ပြန်သွားမယ်ထင်တယ်” ဟုဝန်ကြီး ဦးစိုးထက်ကေ ပြာသည်။

ဒုသမ္မတသည် အောက်တိုဘာလ ၂၅ ရက်နေ့က ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ရောက်ရှိလာပြီး ဝမ္မသူမောင်းအားကစားကွင်းပွဲကြည့်စင်အသစ်ဆောက်လုပ်သည့်လုပ်ငန်း၊ တရားလွှတ်တော်ချူပ်ရုံးဆောက်လုပ်သည့်လုပ်ငန်း၊ GTI၊ ပညာရေးကောလိပ် တက္ကသိုလ်များအပြင် ဘုံဇုန်းဘိလပ်မြေစက်ရုံ တည်ဆောက်မည့်အခြေအနေများ ကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

“ တည်ဆောက်ရေးလုပ်ငန်းတွေမှာလိုအပ်တာတွေကိုဖြည့်ဆည်းပေးတယ်၊ လိုအပ်တာတွေလမ်းညွန်တာပေါ့။ တည်ဆောက်ရေးလုပ်ငန်းမြန်မြန်ပြီးဖို့ ကြည့်တယ်၊ ပညာရေးကော်လိပ်ကို ပညာရေး ဒီကရေကော်လိပ်တိုးတယ်၊ ပညာရေးဒီကရေ ကော်လိပ်ကို ပညာရေးတက္ကသိုလ်လုပ်မယ်ဒီလိုမျိုးတွေလမ်းညွန်တာပေါ့’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများလာရောက်ကြည့်ရှုသည့်အပေါ် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီ အတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကယခုကဲ့သို့ပြောဆိုသည်။

“ဒုသမ္မတက နိုင်ငံတော်အစိုးရရဲ့အစီအစဉ်နဲ့လာတာလား သူတို့ရဲ့ပါတီစည်းရုံးရေးအစီအစဉ်နဲ့လာ တာလား ဆိုတာကျွန်တော်လဲအတိအကျမသိဘူး၊ အထူးသဖြင့်နိုင်ငံတော်ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွေကို ရွေးကောက်ပွဲအတွက် အသုံးမပြုသင့်ဘူး ၊အမှတ်မယူသင့်ဘူး။ ပြိုင်ဖက်ပါတီတွေကအစိုးရယန္တရားတွေကိုအသုံးမပြုတဲ့ အတွက် နစ်နာတယ် အဲ့နှစ်ခုကိုရောပြီးမလုပ် စေချင်ဘူး ၊ ဒါကြောင့်ဒီတခေါက်ခရီးစဉ်ကို ခွဲခွဲခြားခြားနဲ့ရှင်းရှင်းလင်းလင်းနဲ့ လုပ်ဖို့လိုတယ်။ နောက်ပြီးခုCOVIDလိုင်းကဆိုးနေတယ်ဆိုတော့ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘယ်နေရာကနေလာလာ ကိုဗစ်နဲ့ပက်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေ၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို တသဝေမတိမ်းအပြည့်အဝလိုက်နာဖို့လိုအပ်တယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

ဦးဟင်နရီဗန်ထီးယူသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကိုယ်စားပြု အနေဖြင့် ထန်တလန်မြို့နယ် အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထန်တလန်မြို့နယ်အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) မှ ဦးဗန်မွန်လျန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ရှန်လျန်မှုန်း တို့လည်းဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Photo Crd: Hakha Post

#Zawgyi

ခ်င္းျပည္နယ္သို႔ ေရာက္ရွိေနသည့္ ႏုိင္ငံေတာ္ ဒုသမၼတ(၂) ဦးဟင္နီရီဗန္ထီးယူသည္ ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ ေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ားအေကာင္အထည္ေဖာ္ေဆာင္မႈကို ၾကည့္ရႈစစ္ေဆးၿပီးေနာက္ သူ၏မဲဆႏၵနယ္ေျမ ထန္တလန္ၿမိဳ႕တြင္ ေရြးေကာက္ပြဲၿပီးဆံုးသည္အထိ ဆက္ေနသြားမည္ဟု ခ်င္းျပည္နယ္အစုိးရအဖြဲ႔ေျပာင္ခြင့္ရပုဂၢိဳလ္ စည္ပင္၀န္ႀကီး ဦးစိုးထက္ကေျပာသည္။ 

“သူကဒီမွာ ဖြံ႔ျဖဳိးေရးလုပ္ငန္းေတြကို ၂ ရက္ ၃ ရက္ေလာက္ၾကည့္႐ႈၿပီးရင္ ထန္တလန္ကိုသြားဖို႔ရွိပါတယ္၊ ထန္တလန္မွာ သူလည္းေရြးေကာက္ပြဲဝင္တယ္ဆုိေတာ့သူ႔ထန္တလန္ျမဳိ႕နယ္ထဲမွာေတာ့ စည္းရုံးေရးလုပ္ငန္းစဥ္ ေတြအေနနဲ႔သြားမွာ၊  ေရြးေကာက္ပြဲျပီးတဲ့အထိ သူရွိေနမွာေပါ့ မဲဆြယ္ျပီး ဆႏၵမဲျပီးမွပဲ ျပန္သြားမယ္ထင္တယ္” ဟု၀န္ႀကီး ဦးစုိးထက္ကေ ျပာသည္။

ဒုသမၼတသည္ ေအာက္တိုဘာလ ၂၅ ရက္ေန႔က ခ်င္းျပည္နယ္၏ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕သို႔ေရာက္ရွိလာၿပီး ၀မၼသူေမာင္းအားကစားကြင္းပြဲၾကည့္စင္အသစ္ေဆာက္လုပ္သည့္လုပ္ငန္း၊ တရားလႊတ္ေတာ္ခ်ဴပ္ရံုးေဆာက္လုပ္သည့္ လုပ္ငန္း၊ GTI၊ ပညာေရးေကာလိပ္ တကၠသိုလ္မ်ားအျပင္ ဘံုဇုန္းဘိလပ္ေျမစက္ရံု တည္ေဆာက္မည့္အေျခအေနမ်ား ကိုလည္း ကြင္းဆင္းၾကည့္႐ႈစစ္ေဆးခဲ့သည္ဟု သိရသည္။ 

“ တည္ေဆာက္ေရးလုပ္ငန္းေတြမွာလုိအပ္တာေတြကုိျဖည့္ဆည္းေပးတယ္၊ လုိအပ္တာေတြလမ္းညြန္တာေပါ့။ တည္ေဆာက္ေရးလုပ္ငန္းျမန္ျမန္ျပီးဖုိ႔ ၾကည့္တယ္၊ ပညာေရးေကာ္လိပ္ကုိ ပညာေရး ဒီကေရေကာ္လိပ္တုိးတယ္၊  ပညာေရးဒီကေရ ေကာ္လိပ္ကုိ ပညာေရးတကၠသုိလ္လုပ္မယ္ဒီလုိမ်ဳိးေတြလမ္းညြန္တာေပါ့’’ ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

ေရြးေကာက္ပြဲက်င္းပရန္ ရက္ပိုင္းသာလိုေတာ့သည့္အခ်ိန္တြင္ ႏိုင္ငံေတာ္ဒုသမၼတ ဦးဟင္နရီဗန္ထီးယူ ခ်င္းျပည္နယ္ဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ားလာေရာက္ၾကည့္႐ႈသည့္အေပၚ ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(CNLD) ပါတီ အတြင္းေရးမွဴးဆလိုင္းက်ဲအိုဘိခ္ေထာင္ကယခုကဲ့သို႔ေျပာဆိုသည္။

“ဒုသမၼတက ႏုိင္ငံေတာ္အစုိးရရဲ႕အစီအစဥ္နဲ႔လာတာလား သူတို႔ရဲ႕ပါတီစည္းရုံးေရးအစီအစဥ္နဲ႔လာ တာလား ဆုိတာကြ်န္ေတာ္လဲအတိအက်မသိဘူး၊ အထူးသျဖင့္ႏုိင္ငံေတာ္ဖြံ႔ျဖဳိးေရးဆုိင္ရာ အေကာင္အထည္ေဖာ္မႈေတြကို ေရြးေကာက္ပြဲအတြက္ အသုံးမျပဳသင့္ဘူး ၊အမွတ္မယူသင့္ဘူး။ ျပိဳင္ဖက္ပါတီေတြကအစုိးရယႏၱရားေတြကုိအသုံးမျပဳတဲ့ အတြက္ နစ္နာတယ္ အဲ့ႏွစ္ခုကုိေရာျပီးမလုပ္ ေစခ်င္ဘူး ၊ ဒါေၾကာင့္ဒီတေခါက္ခရီးစဥ္ကုိ ခြဲခြဲျခားျခားနဲ႔ရွင္းရွင္းလင္းလင္းနဲ႔ လုပ္ဖုိ႔လုိတယ္။ ေနာက္ျပီးခုCOVIDလိုင္းကဆုိးေနတယ္ဆုိေတာ့ ဘယ္လုိပုဂၢဳိလ္ပဲျဖစ္ျဖစ္ ဘယ္ေနရာကေနလာလာ ကုိဗစ္နဲ႔ပက္သက္ျပီး က်န္းမာေရးႏွင့္အားကစားဝန္ၾကီးဌာနရဲ႕ထုတ္ျပန္ခ်က္ေတြ၊ ဥပေဒ လုပ္ထုံးလုပ္နည္းေတြကုိ တသေဝမတိမ္းအျပည့္အဝလုိက္နာဖုိ႔လုိအပ္တယ္” ဟု ဆလိုင္းက်ဲအိုဘိခ္ေထာင္ကေျပာသည္။ 

ဦးဟင္နရီဗန္ထီးယူသည္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ အမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(NLD) ပါတီကိုယ္စားျပဳ အေနျဖင့္ ထန္တလန္ၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္မဲဆႏၵနယ္ေျမတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။ 

ထန္တလန္ၿမိဳ႕နယ္အမ်ဴိးသားလႊတ္ေတာ္မဲဆႏၵနယ္ေျမတြင္ ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(CNLD)မွ ဦးဗန္မြန္လ်န္၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီ(USDP)မွ ရွန္လ်န္မႈန္း တို႔လည္း၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.