Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒေသန္တရအစိုးရများ အားကောင်းရေး လုပ်ဆောင်မည်ဟု ချင်းပြည်ကောင်စီ ထုတ်ပြန်

ဒေသန္တရအစိုးရများ အားကောင်းရေး လုပ်ဆောင်မည်ဟု ချင်းပြည်ကောင်စီ ထုတ်ပြန်

0
By Editor on February 3, 2025 Headline

ချင်းဖွဲ့စည်းပုံဥပဒေ ၂၀၂၃ ကို ပြင်ဆင်ဖြည့်စွက်အတည်ပြုပြီး ကောင်စီအဖွဲ့ဝင်သစ်များ လက်ခံခဲ့ဟုဆို

(006SV)

ချင်းပြည်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ကျင့်သုံးနိုင်ရေးအတွက် ဒေသန္တရအစိုးရများ အားကောင်းရေး လုပ်ဆောင် သွားမည်ဟု ချင်းပြည်ကောင်စီ၊ ပထမသက်တမ်း၊ စတုတ္ထအကြိမ် ကောင်စီအစည်းအဝေးက ဖေဖော်ဝါရီလ ၂ ရက် ထုတ်ပြန်သည်။

ဒေသန္တရအစိုးရများ အားကောင်းရေးမှသည် ချင်းပြည်အစိုးရ အားကောင်းရေး၊ ချင်းပြည်အစိုးရ အားကောင်းရေးမှသည် ပြည်ထောင်စုအစိုးရ အားကောင်းရေး မူနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်သွားမည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

စစ်အာဏာရှင်အဆက်ဆက်က ဖန်တီးပေးခဲ့သည့် အုပ်ချုပ်ရေးစနစ်အစား ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ရေးဆွဲ အတည်ပြုပြဌာန်းလျက် ချင်းပြည်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝကျင့်သုံးနိုင်ရေးအတွက် ချင်းပြည်ကောင်စီ မူဝါဒနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေသည်ဟု သိရသည်။

စတုတ္ထအကြိမ်ကောင်စီအစည်းအဝေးကို ဇန်နဝါရီလ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့ပြီး ချင်းလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ ချင်းအမျိုးသာားတပ်ဦး CNF အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ်များ ၁၀၃ ဦး နှင့် လေ့လာသူ ၁၅ ဦး တက်ရောက်သည်ဟု သိရသည်။

ချင်းပြည်ကောင်စီအဖွဲ့ဝင်သစ်များ လက်ခံအတည်ပြုခြင်း၊ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အတည်ပြုခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

ချင်းပြည်ကောင်စီနှင့် မဏ္ဍိုင် ၃ ရပ်၏ လုပ်ငန်းအစီရင်ခံစားများအပေါ် ဆွေးနွေးခြင်း၊ လက်ရှိနိုင်ငံရေး၊ စစ်ရေး သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

ချင်းပြည်ကာကွယ်ရေး ဝန်ကြီးဌာန ဦးဆောင်ကွပ်ကဲမှုဖြင့် ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ချင်းပြည်အစိုးရတပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်အတွင်းရှိ မြို့ ၇ မြို့နှင့် အခြားစခန်းငယ်များကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သည်ဟု သိရသည်။

ချင်းပြည်အတွင်းရှိ ကျန်ရှိနေသော စစ်ကောင်စီစခန်းများ အပြီးတိုက်သိမ်းပိုက်နိုင်ရေး၊ ပြည်ထောင်စုတဝန်းလုံး စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သက်ရောက်မှုမှန်သမျှ အဆုံးသတ်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် လက်တွဲပြီး ချင်းပြည်အတွင်းက ချင်းလူမျိုးများ စုစည်း၍ တော်လှန်တိုက်ပွဲဝင်လျက်ရှိသည်ဟု သိရသည်။

ချင်းပြည်တည်ဆောက်ရေး၊ ချင်းအမျိုးသား စုစည်းညီညွတ်ရေး၊ ချင်းပြည်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့် ကျင့်သုံးနိုင်ရေးနှင့် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရှိကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.