Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

0
By Editor on August 3, 2026 Headline

(006SV)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာန ကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque တို့ ယနေ့ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းမှာ တွေ့ဆုံကြကြောင်း အာဏာသိမ်းစစ်အုပ်စုက သတင်းထုတ်ပြန်သည်။

အာဆီယံခေါင်းဆောင်များနှင့် နိုင်ငံတကာခေါင်းဆောင်တချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရန် တောင်းဆိုကြသော်လည်း စစ်တပ်က တားမြစ်ကန့်သတ်ထားချိန်မှာ ICRC ဌာနတာဝန်ခံကို တွေ့ဆုံစကားပြောခွင့်အား အာဏာသိမ်းစစ်တပ်က ပေးခဲ့ခြင်းဖြစ်သည်။

မည်သည့်နေရာတွင် တွေ့ဆုံခဲ့သည်၊ မည်သည့်အကြောင်းအရာတွေ ဆွေးနွေးစကာားပြောခွင့် ရခဲ့သည်ကို စစ်တပ်က ထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ICRC ဘက်ကလည်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ်၏ မတရားပုဒ်မမျိုးစုံဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်သည် မိသားစုအပါအဝင် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ပြောဆိုခွင့် မရသည်မှာ ရက်ပေါင်း ၂၀၀၀ ကျော် ရှိလာပြီဖြစ်သည်။

အသက် ၈၁ နှစ်အရွယ် ရှိလာပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အသက်ရှိကြောင်း သက်သေပြရန် သားဖြစ်သူ ကင်အဲရစ်အပါအဝင် နိုင်ငံတကာက ဖိအားပေး တောင်းဆိုလာချိန်မှာ ICRC နှင့် တွေ့ဆုံခွင့် ပေးခြင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

CNO/ CNDF ခေါင်းဆောင်တချို့နှင့် NSPNC ကိုယ်စားလှယ်များ တွေ့ဆုံမှု တရားဝင်မှု၊ ကိုယ်စားပြုမှု မရှိဟု CNO ကြေညာ

ချင်းတောင်ပိုင်းတိုက်ပွဲများတွင် ဗိုလ်မှူးကျော်ဆက် အပါအဝင် တပ်မှူးတချို့နှင့် တပ်ဖွဲ့ဝင် အများအပြား သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.