Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နယူးဒေလီရောက် မြန်မာစစ်ဘေးရှောင်များအား RSD အင်တာဗျူး စတင်ခေါ်ယူ

နယူးဒေလီရောက် မြန်မာစစ်ဘေးရှောင်များအား RSD အင်တာဗျူး စတင်ခေါ်ယူ

0
By Editor on August 12, 2025 Headline

(004SS)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာစစ်ဘေးရှောင်များအတွက် ဒုက္ခသည်အဆင့်အတန်း (Refugee Status Determination – RSD) သတ်မှတ်နိုင်ရေးဆန်းစစ်ချက် အင်တာဗျူးလုပ်ငန်းစဉ်များကို UNHCR က စတင်ခေါ်ယူနေပြီဟု သိရသည်။

ဩဂုတ်လ ၈ ရက်နေ့က UNHCR အကြီးအကဲနှင့် ချင်းဒုက္ခသည်ကော်မတီ CRC အလုပ်အမှုဆောင်များတွေ့ဆုံကာ မြန်မာစစ်ဘေးရှောင်စာရင်းများ ပေးအပ်ခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ကစ၍ RSD အင်တာဗျူးဖြေဆိုရန် စတင်ခေါ်ယူ‌နေခြင်းဖြစ်သည်။

“မနေ့က RSD interview ခေါ်ခံရတဲ့သူတွေ ရှိပြီ။ အဲဒါတစ်ယောက်က ဥက္ကဌဆီကို အင်တာဗျူးအခေါ်ခံရပါပြီဆိုပြီး ကျေးဇူး တင်ကြောင်း ပြောတယ်။ ဘယ်ကော်မြူနတီကလဲဆိုတာတော့ ပြောမသွားဘူးတဲ့။ CRC အနေနဲ့ကျတော့ တစ်ပတ် တစ်ခါ Report ရတဲ့ အချိန်ကျရင်တော့ သိရမှာဖြစ်ပါတယ်” ဟု CRC အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သို့သော် အင်တာဗျူးခေါ်ယူသည့် အရေအတွက်ကိုလည်းကောင်း၊ မည်သည့် အချက်အချက်များအပေါ် မည်သို့ ဦးစားပေး ခေါ်ယူနေကြောင်းကိုမူတိတိကျကျမသိရသေးပေ။

ချင်းဒုက္ခသည်ကော်မတီ၊ CRC ဥက္ကဌ၏ပြောပြချက်အရ လက်ရှိ နယူးဒေလီရောက် မြန်မာဒုက္ခသည် အယောက် ၁၂၀၀၀ ဝန်းကျင်ရှိသည့်အနက် ၉၅ ရာခိုင်နှုန်းသည် ဒုက္ခသည်အဆင့်အတန်း သတ်မှတ်ခံရခြင်းမရှိ‌သေးဘဲ ယာယီအထောက် အထားကဒ်ပြား (Asylum Seekers) အဆင့်တွင်သာ ရှိနေသေးကြောင်း သိရသည်။

ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ခံရပြီဆိုပါက ဥပဒေအရ အကာအကွယ်ရရှိခြင်း၊ အခြေခံဝန်ဆောင်မှုများ ရရှိခြင်းနှင့် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေး အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။

CRC အနေဖြင့် မြန်မာဒုက္ခသည်များ၏ အခွင့်အရေးများဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးနှင့် တတိယနိုင်ငံသို့ အခြေချရေးကိစ္စများအတွက် UNHCR နှင့် ဆက်လက်ညှိနှိုင်းသွားမည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.