Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နယူးေဒလီရွိ ခ်င္းဒုကၡသည္မ်ားကို မီဇိုရမ္အစိုးရက ရူပီ ၅ သိန္းကူညီမည္

နယူးေဒလီရွိ ခ်င္းဒုကၡသည္မ်ားကို မီဇိုရမ္အစိုးရက ရူပီ ၅ သိန္းကူညီမည္

0
By Editor on April 22, 2020 Khonumthung

#Zawgyi

By ရစ္ခ်က္ – အိႏိၵယတစ္ႏုိင္ငံလံုး Lockdown ခ်ထားမႈေၾကာင့္ ဒုကၡအတိေရာက္ရွိေနၾကသည့္ နယူးေဒလီၿမိဳ႕ရွိ ခ်င္းဒုကၡသည္မ်ားကို မီဇိုရမ္ျပည္နယ္အစိုးရက ရူပီးေငြ ၅ သိန္း (က်ပ္ေငြသိန္းတစ္ရာခန္႔) ကူညီေထာက္ပံ့မည္ဟု မီဇိုရမ္ျပည္နယ္ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဌာနမွ သတင္းထုတ္ျပန္သည္။

မီဇိုရမ္ျပည္နယ္ ၀န္ႀကီးခ်ဴပ္၏ Covid-19 ကယ္ဆယ္ေရးရံပံုေငြ စနစ္တက်သံုးစြဲေရးေကာ္မတီ (Committee on Utilization of Chief Minister’s Relief Fund for Covid-19) အဖြဲ႔သည္ Lockdown ေၾကာင့္ အိႏိၵယျပည္နယ္အ သီးသီးတြင္ ေသာင္တင္ေနၾကသည့္ မီဇိုရမ္ျပည္သူျပည္သားမ်ား ကူညီေထာက္ပံ့ႏုိင္ေရး အတြက္ မၾကာေသးခင္ရက္ပို္င္းက အစည္းအေ၀းျပဳလုပ္ရာတြင္ နယူးေဒလီရွိ ခ်င္းဒုကၡသည္မ်ားကိုလည္း ကူညီေထာက္ပံ့ရန္ ဆံုးျဖတ္ခဲ့ၾကျခင္းျဖစ္သည္။

နယူးေဒလီၿမိဳ႕ရွိ ခ်င္းဒုကၡသည္မ်ား၏ အခက္အခဲမ်ားႏွင္ပတ္သက္၍ အျမန္ဆံုးကူညီေပးၾကရန္ မီဇိုရမ္ ၀န္ႀကီးခ်ဴပ္ေဟာင္း ပူးလာလ္ထန္ေဟာလ္လာႏွင့္ ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (CNLD) ပါတီဥကၠဌ ပူးႏိုးထန္ကပ္တို႔က လက္ရွိမီဇိုရမ္ ျပည္နယ္၀န္ႀကီးခ်ဴပ္ထံ အသီးသီးေတာင္းဆိုခဲ့ၾကသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္ၿပီး မီဇိုရမ္အစိုးရအေပၚ အထူးေက်းဇူးတင္ရွိေၾကာင္းႏွင့္ ရသင့္ရထိုက္သူ၊ မွန္မွန္ ကန္ကန္ႏွင့္ ကူညီေဆာင္ရြက္ေပးသြားရန္လိုအပ္ေၾကာင္း ခ်င္းဒုကၡသည္အေရး ကူညီေဆာင္ရြက္ေပးေနေသာ နယူးေဒလီရွိ CHRO တာဝန္ခံ Salai Cung Dawt က ေျပာသည္။

“အဲဒီသတင္းကိုၾကားေတာ့ အရမ္းဝမ္းသာတယ္၊ ဒါေပမယ့္ သူတို႕ဘက္က က်ေနာ္တို႕ကို official နဲ႕ ဆက္သြယ္တာေတာ့မရွိေသးဘူး၊ ဒီကူညီေငြေတြကို ရသင့္ရထိုက္တဲ့သူ၊ မွန္မွန္ကန္ကန္ သြားႏိုင္ဖို႕ အေရးႀကီးတယ္၊ Chin Refugee Committee (CRC) ကိုလည္း ေျပာထားတယ္၊ ဒီကိစၥနဲ႕ပတ္သက္ၿပီး မီဇိုရမ္အစိုးရကို ေက်းဇူးတင္စကား ေျပာဖို႕လိုအပ္ေၾကာင္း ေျပာထာတယ္’’ ဟု Salai Cung Dawt ကေျပာသည္။

အလားတူ နယူးေဒလီရွိ ခ်င္းဒုကၡသည္မ်ားအေရး ကူညီေဆာင္ရြက္ေပးႏိုင္ဖို႕အတြက္ Chin Baptist Churches USA (CBCUSA) ကလည္း ရူပီး တစ္သိန္းခြဲေက်ာ္ ႏွင့္ ကေနဒါႏိုင္ငံကေနလည္း ကေနဒါေငြ ၄၀၀၀ လြဲေပးၿပီးျဖစ္ ေၾကာင္း Salai Cung Dawt က ဆက္ေျပာသည္။

အိႏိၵယအစိုးရအေနျဖင့္ ေရာဂါထိန္းခ်ဳပ္ေရး အစီအမံအျဖစ္ ခရီးသြားလာမႈေတြကို ကန္႕သတ္တားဆီးထား သည့္ Lockdown ကာလကို သက္တမ္းထပ္မံတိုးျမွင့္လိုက္ၿပီး ယခင္က Lockdown အမိန္႕သည္ ဧၿပီ ၁၄ ရက္ေန႕တြင္ သက္တမ္းကုန္ဆံုးမည္ျဖစ္ေသာ္လည္း ေမလ ၃ ရက္ ၂၀၂၀ အထိသက္တမ္းထပ္တိုးထားသည္။

အိႏိၵယႏိုင္ငံ UN ရံုးမွ register ျပဳစုထားခ်က္အရ နယူးေဒလီတြင္ ခ်င္းဒုကၡသည္စုစုေပါင္း ၃၀၀၀ ခန္႕ ရွိေန ေၾကာင္း သိရသည္။ ထို လူဦးေရ ၃၀၀၀ အနက္ ၂၉၀၀ ခန္႕တို႕သည္ ယူအန္ကဒ္ရရွိၿပီးထားေသာသူမ်ား ျဖစ္ၾကသည္။

#Unicode

By ရစ်ချက် – အိန္ဒိယတစ်နိုင်ငံလုံး Lockdown ချထားမှုကြောင့် ဒုက္ခအတိရောက်ရှိနေကြသည့် နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များကို မီဇိုရမ်ပြည်နယ်အစိုးရက ရူပီးငွေ ၅ သိန်း (ကျပ်ငွေသိန်းတစ်ရာခန့်) ကူညီထောက်ပံ့မည်ဟု မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ သတင်းထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချူပ်၏ Covid-19 ကယ်ဆယ်ရေးရံပုံငွေ စနစ်တကျသုံးစွဲရေးကော်မတီ (Committee on Utilization of Chief Minister’s Relief Fund for Covid-19) အဖွဲ့သည် Lockdown ကြောင့် အိန္ဒိယပြည်နယ်အ သီးသီးတွင် သောင်တင်နေကြသည့် မီဇိုရမ်ပြည်သူပြည်သားများ ကူညီထောက်ပံ့နိုင်ရေး အတွက် မကြာသေးခင်ရက်ပိ်ုင်းက အစည်းအဝေးပြုလုပ်ရာတွင် နယူးဒေလီရှိ ချင်းဒုက္ခသည်များကိုလည်း ကူညီထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များ၏ အခက်အခဲများနှင်ပတ်သက်၍ အမြန်ဆုံးကူညီပေးကြရန် မီဇိုရမ် ဝန်ကြီးချူပ်ဟောင်း ပူးလာလ်ထန်ဟောလ်လာနှင့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီဥက္ကဌ ပူးနိုးထန်ကပ်တို့က လက်ရှိမီဇိုရမ် ပြည်နယ်ဝန်ကြီးချူပ်ထံ အသီးသီးတောင်းဆိုခဲ့ကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မီဇိုရမ်အစိုးရအပေါ် အထူးကျေးဇူးတင်ရှိကြောင်းနှင့် ရသင့်ရထိုက်သူ၊ မှန်မှန် ကန်ကန်နှင့် ကူညီဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း ချင်းဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသော နယူးဒေလီရှိ CHRO တာဝန်ခံ Salai Cung Dawt က ပြောသည်။

“အဲဒီသတင်းကိုကြားတော့ အရမ်းဝမ်းသာတယ်၊ ဒါပေမယ့် သူတို့ဘက်က ကျနော်တို့ကို official နဲ့ ဆက်သွယ်တာတော့မရှိသေးဘူး၊ ဒီကူညီငွေတွေကို ရသင့်ရထိုက်တဲ့သူ၊ မှန်မှန်ကန်ကန် သွားနိုင်ဖို့ အရေးကြီးတယ်၊ Chin Refugee Committee (CRC) ကိုလည်း ပြောထားတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်အစိုးရကို ကျေးဇူးတင်စကား ပြောဖို့လိုအပ်ကြောင်း ပြောထာတယ်’’ ဟု Salai Cung Dawt ကပြောသည်။

အလားတူ နယူးဒေလီရှိ ချင်းဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် Chin Baptist Churches USA (CBCUSA) ကလည်း ရူပီး တစ်သိန်းခွဲကျော် နှင့် ကနေဒါနိုင်ငံကနေလည်း ကနေဒါငွေ ၄၀ဝ၀ လွဲပေးပြီးဖြစ် ကြောင်း Salai Cung Dawt က ဆက်ပြောသည်။

အိန္ဒိယအစိုးရအနေဖြင့် ရောဂါထိန်းချုပ်ရေး အစီအမံအဖြစ် ခရီးသွားလာမှုတွေကို ကန့်သတ်တားဆီးထား သည့် Lockdown ကာလကို သက်တမ်းထပ်မံတိုးမြှင့်လိုက်ပြီး ယခင်က Lockdown အမိန့်သည် ဧပြီ ၁၄ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း မေလ ၃ ရက် ၂၀၂၀ အထိသက်တမ်းထပ်တိုးထားသည်။

အိန္ဒိယနိုင်ငံ UN ရုံးမှ register ပြုစုထားချက်အရ နယူးဒေလီတွင် ချင်းဒုက္ခသည်စုစုပေါင်း ၃၀ဝ၀ ခန့် ရှိနေ ကြောင်း သိရသည်။ ထို လူဦးရေ ၃၀ဝ၀ အနက် ၂၉၀ဝ ခန့်တို့သည် ယူအန်ကဒ်ရရှိပြီးထားသောသူများ ဖြစ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရိခေါဒါရ်မြို့က ဘိန်းဖြူဖမ်းဆီးရမိသော မူကြိုကျောင်းတွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီး

အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ACNFC ကြေညာ

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.