Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နယူးေဒလီၿမိဳ႕ရွိ ခ်င္းဒုကၡသည္မ်ားအား အတတ္ႏိုင္ဆံုးကူညီသြားမည္ဟု မီဇိုရမ္ဝန္ႀကီးခ်ဳပ္ဆို

နယူးေဒလီၿမိဳ႕ရွိ ခ်င္းဒုကၡသည္မ်ားအား အတတ္ႏိုင္ဆံုးကူညီသြားမည္ဟု မီဇိုရမ္ဝန္ႀကီးခ်ဳပ္ဆို

0
By Editor on April 15, 2020 Khonumthung

#Zawgyi

By ရစ္ခ်က္ – အိႏိၵယတစ္ႏုိင္ငံလံုး Lockdown ပိတ္ခ်လိုက္ျခင္းေၾကာင့္ နယူးေဒလီၿမိဳ႕တြင္ စား၀တ္ေနေရး အခက္အခဲမ်ား ေတြ႔ႀကံဳေနၾကရသည့္ ခ်င္းဒုကၡသည္မ်ားအား အတတ္ႏိုင္ဆံုး ကူညီေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ပူးဇုိးရမ္းထန္းငါက ေျပာသည္။

ခ်င္းဒုကၡသည္မ်ားအား ဘယ္လိုကူညီေဆာင္ရြက္သြားမည္ကို မီဇိုရမ္ျပည္နယ္ ၀န္ႀကီးခ်ဴပ္က အေသးစိတ္ေျပာဆိုျခ င္းမရွိေသာ္လည္း အစိုးရအေနျဖင့္ တတ္ႏိုင္သည့္ နည္းလမ္း ဘက္ကေန ကူညီေဆာင္ရြက္သြားမည္ဟု ေျပာဆိုခဲ့ေၾကာင္း ေဒသထုတ္ ေန႕စဥ္သတင္းစာ The Aizawl Post တြင္ ေဖာ္ျပသည္။

“ခ်င္းညီအကိုမ်ားကိုလည္း တတ္ႏိုင္တဲ့ဘက္ကေန မီဇိုရမ္အစိုးရက ကူညီေပးသြားမယ္။ အနယ္နယ္အရပ္ရပ္မွာ ရွိၾကတဲ့ ဇိုးမ်ဳိးႏြယ္စု အားလံုးကို အစိုးရက ကူညီခ်င္တယ္။” ဟု မီဇိုရမ္၀န္ႀကီးခ်ဴပ္ကေျပာသည္။

နယူးေဒလီၿမဳိ႕တြင္ ေနထိုင္ၾကသည့္ ခ်င္းဒုကၡသည္မ်ား၏ အခက္အခက္မ်ား ကူညီေျဖရွင္းႏိုင္မည့္ နည္းလမ္းအား မီဇိုရမ္ျပည္နယ္အစိုးရအေနျဖင့္ အျမန္ဆံုးစီစဥ္ေဆာင္ရြက္ေပးရန္ ခ်င္းအမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CNLD) ပါတီ ဥကၠဌ ပူးႏိုးထန္ကပ္ကလည္း မၾကာေသးခင္ရက္ပိုင္းက စာေရးသားေတာင္းဆိုခဲ့သည္။

၎၏ ေတာင္းဆိုခ်က္ႏွင့္ပတ္သက္၍ မီဇိုရမ္အစိုးရအေနျဖင့္ အတတ္ႏုိင္ဆံုးကူညီေပးသြားမည္ျဖစ္ေၾကာင္း ၀န္ႀကီးခ်ဴပ္ကလည္း ပူးႏုိးထန္ကပ္ထံသို႔ ျပန္လည္ေျပာၾကားခဲ့သည္ဟု သိရသည္။

ပူးႏိုးထန္ကပ္က “ေဒလီေရာက္ခ်င္းေတြကို UNHCR ကကူညီတာကလည္းမေျပာပါ့ေလာက္ဘူး Lockdown လည္းဘယ္ေလာက္ၾကာဦးမလဲ မသိေသးဘူး ဒါေၾကာင့္ ကူညီႏုိင္မယ့္နည္းလမ္းရွာၾကည့္တာေပ့ါေနာ္၊ မီဇိုရမ္၀န္ႀကီးခ်ဴပ္ နဲ႔ ဖုန္းန႔ဲစကားေျပာတယ္ သူက အတတ္ႏုိင္ဆံုးကူညီေပးပါမယ္လို႔ေျပာတယ္၊ ေငြနဲ႔လား စားနပ္ရိကၡာနဲ႔လားေတာ့မသိဘူး ကူညီခ်င္ရင္ ကူညီႏုိ္င္မယ့္အေျခအေနမွာသူတို႔ရွိပါတယ္’’ ဟု ေျပာသည္။

နယူးေဒလီေရာက္ ခ်င္းဒုကၡသည္မ်ားအေနျဖင့္ လက္ရွိအေျခအေနတြင္ စားနပ္ရိကၡာတစ္ခုတည္းကိုသာ အခက္ေတြ႕ ေနျခင္းမဟုတ္ဘဲ အိမ္ငွားခမေပးႏုိင္တဲ့ျပႆနာသည္လည္း ႀကီးမားေသာျပႆနာတစ္ခုျဖစ္ေနၿပီး အဆိုပါ အိမ္ငွားခ ကို Lockdown အေျခအေနအေတာအတြင္း အခမဲ့ ျဖစ္ေအာင္ အိႏိၵယအစိုးရကို မီဇိုရမ္အစိုးရအေနျဖင့္ ေတာင္းေပး ေစလိုေၾကာင္း ခ်င္းဒုကၡသည္အေရးကူညီေဆာင္ရြက္ေပးေနေသာ CHRO မွ Salai Cung Dawt က ယခုလို ခိုႏႈမ္းသုန္သတင္းဌာနကို ေျပာပါတယ္။

“ခုလို ကူညီမယ္ဆိုတဲ့သတင္းၾကားေတာ့ တအားဝမ္းသာတယ္။ အကူအညီကေတာ့ လိုတာေပါ့၊ ျဖစ္ႏိုင္ရင္ စားနပ္ရိကၡာတစ္ခုတည္းမဟုတ္ဘဲႏွင့္ မီဇိုရမ္အစိုးရအေနနဲ႕ ခ်င္းဒုကၡသည္မ်ား Lockdown အေျခအေန အေတာ အတြင္း အိမ္လစာတစ္လစာဘဲျဖစ္ျဖစ္ free ျဖစ္ႏိုင္ေအာင္ အိႏိၵယအစိုးရကို ေျပာေပးႏိုင္ရင္ေတာ့ က်ေနာ္တို႕အတြက္ အလြန္ဝမ္းသာစရာျဖစ္မယ္။” ဟု ေျပာသည္။

အိႏိၵယအစိုးရအေနျဖင့္ ေရာဂါထိန္းခ်ဳပ္ေရး အစီအမံအျဖစ္ ခရီးသြားလာမႈေတြကို ကန္႕သတ္တားဆီးထားတဲ့ Lockdown ကာလကို သက္တမ္းထပ္မံတိုးျမွင့္လိုက္ၿပီး ယခင္က Lockdown အမိန္႕သည္ ဧၿပီ ၁၄ ရက္ေန႕တြင္ သက္တမ္းကုန္ဆံုးမည္ျဖစ္ေသာ္လည္း ေမလ ၃ ရက္ ၂၀၂၀ အထိ Lockdown ကာ သက္တမ္းထပ္တိုးလိုက္ျခင္း ျဖစ္သည္။

အိႏိၵယႏုိင္ငံတြင္ Covid-19 အတည္ျပဳလူနာေပါင္း တစ္ေသာင္းေလာက္ ရွာေတြ႕ထားၿပီး လူဦးေရ (၄၃၀) ေလာက္ထိ အေသအေပ်ာက္ရွိလာေၾကာင္း သိရသည္။

#Unicode

By ရစ်ချက် – အိန္ဒိယတစ်နိုင်ငံလုံး Lockdown ပိတ်ချလိုက်ခြင်းကြောင့် နယူးဒေလီမြို့တွင် စားဝတ်နေရေး အခက်အခဲများ တွေ့ကြုံနေကြရသည့် ချင်းဒုက္ခသည်များအား အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။

ချင်းဒုက္ခသည်များအား ဘယ်လိုကူညီဆောင်ရွက်သွားမည်ကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချူပ်က အသေးစိတ်ပြောဆိုခြ င်းမရှိသော်လည်း အစိုးရအနေဖြင့် တတ်နိုင်သည့် နည်းလမ်း ဘက်ကနေ ကူညီဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသထုတ် နေ့စဉ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

“ချင်းညီအကိုများကိုလည်း တတ်နိုင်တဲ့ဘက်ကနေ မီဇိုရမ်အစိုးရက ကူညီပေးသွားမယ်။ အနယ်နယ်အရပ်ရပ်မှာ ရှိကြတဲ့ ဇိုးမျိုးနွယ်စု အားလုံးကို အစိုးရက ကူညီချင်တယ်။” ဟု မီဇိုရမ်ဝန်ကြီးချူပ်ကပြောသည်။

နယူးဒေလီမြို့တွင် နေထိုင်ကြသည့် ချင်းဒုက္ခသည်များ၏ အခက်အခက်များ ကူညီဖြေရှင်းနိုင်မည့် နည်းလမ်းအား မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ ဥက္ကဌ ပူးနိုးထန်ကပ်ကလည်း မကြာသေးခင်ရက်ပိုင်းက စာရေးသားတောင်းဆိုခဲ့သည်။

၎င်း၏ တောင်းဆိုချက်နှင့်ပတ်သက်၍ မီဇိုရမ်အစိုးရအနေဖြင့် အတတ်နိုင်ဆုံးကူညီပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချူပ်ကလည်း ပူးနိုးထန်ကပ်ထံသို့ ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

ပူးနိုးထန်ကပ်က “ဒေလီရောက်ချင်းတွေကို UNHCR ကကူညီတာကလည်းမပြောပါ့လောက်ဘူး Lockdown လည်းဘယ်လောက်ကြာဦးမလဲ မသိသေးဘူး ဒါကြောင့် ကူညီနိုင်မယ့်နည်းလမ်းရှာကြည့်တာပေါ့နော်၊ မီဇိုရမ်ဝန်ကြီးချူပ် နဲ့ ဖုန်းနဲ့စကားပြောတယ် သူက အတတ်နိုင်ဆုံးကူညီပေးပါမယ်လို့ပြောတယ်၊ ငွေနဲ့လား စားနပ်ရိက္ခာနဲ့လားတော့မသိဘူး ကူညီချင်ရင် ကူညီနိ်ုင်မယ့်အခြေအနေမှာသူတို့ရှိပါတယ်’’ ဟု ပြောသည်။

နယူးဒေလီရောက် ချင်းဒုက္ခသည်များအနေဖြင့် လက်ရှိအခြေအနေတွင် စားနပ်ရိက္ခာတစ်ခုတည်းကိုသာ အခက်တွေ့ နေခြင်းမဟုတ်ဘဲ အိမ်ငှားခမပေးနိုင်တဲ့ပြဿနာသည်လည်း ကြီးမားသောပြဿနာတစ်ခုဖြစ်နေပြီး အဆိုပါ အိမ်ငှားခ ကို Lockdown အခြေအနေအတောအတွင်း အခမဲ့ ဖြစ်အောင် အိန္ဒိယအစိုးရကို မီဇိုရမ်အစိုးရအနေဖြင့် တောင်းပေး စေလိုကြောင်း ချင်းဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေသော CHRO မှ Salai Cung Dawt က ယခုလို ခိုနှုမ်းသုန်သတင်းဌာနကို ပြောပါတယ်။

“ခုလို ကူညီမယ်ဆိုတဲ့သတင်းကြားတော့ တအားဝမ်းသာတယ်။ အကူအညီကတော့ လိုတာပေါ့၊ ဖြစ်နိုင်ရင် စားနပ်ရိက္ခာတစ်ခုတည်းမဟုတ်ဘဲနှင့် မီဇိုရမ်အစိုးရအနေနဲ့ ချင်းဒုက္ခသည်များ Lockdown အခြေအနေ အတော အတွင်း အိမ်လစာတစ်လစာဘဲဖြစ်ဖြစ် free ဖြစ်နိုင်အောင် အိန္ဒိယအစိုးရကို ပြောပေးနိုင်ရင်တော့ ကျနော်တို့အတွက် အလွန်ဝမ်းသာစရာဖြစ်မယ်။” ဟု ပြောသည်။

အိန္ဒိယအစိုးရအနေဖြင့် ရောဂါထိန်းချုပ်ရေး အစီအမံအဖြစ် ခရီးသွားလာမှုတွေကို ကန့်သတ်တားဆီးထားတဲ့ Lockdown ကာလကို သက်တမ်းထပ်မံတိုးမြှင့်လိုက်ပြီး ယခင်က Lockdown အမိန့်သည် ဧပြီ ၁၄ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း မေလ ၃ ရက် ၂၀၂၀ အထိ Lockdown ကာ သက်တမ်းထပ်တိုးလိုက်ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် Covid-19 အတည်ပြုလူနာပေါင်း တစ်သောင်းလောက် ရှာတွေ့ထားပြီး လူဦးရေ (၄၃၀) လောက်ထိ အသေအပျောက်ရှိလာကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရိခေါဒါရ်မြို့က ဘိန်းဖြူဖမ်းဆီးရမိသော မူကြိုကျောင်းတွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီး

အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ACNFC ကြေညာ

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.